6 Ran 575
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
6 Ran 575
Ma Pan Nyun vs. Maung Sit Paung and others .
Before Mr. Justice Das .
အမှုတွင်၊တရုပ်ဗုဒ္ဓဘာသာမိခင်ကွယ်လွန်သောအခါသမီးနှစ်ယောက်နှင့်သားနှစ်ယောက်ကျန်ရစ်ရာ၊သမီးမစိန်က၎င်း၏အကိုများ(စစ်ပေါင်နှင့်စိန်ဒုံး)နှင့်ညီမ၊မပန်းညွန့်တို့အပေါ်မိခင်ကျန်ရစ်သောအမွေကိုစီမံခန့်ခွဲပေးရန်တရားစွဲဆိုသည်။
ထိုစဉ်ကတရုပ်ဗုဒ္ဓဘာသာ၏အမွေခန်းသည်၊မြန်မာဓလေ့ထုံးတမ်းနှင့်မသက်ဆိုင်၊တရုပ်ထုံးတမ်းဥပဒေနှင့်သက်ဆိုင်သည်ဟူသောဥပဒေသကိုလက်ခံထားသည်။
(မှတ်ချက်။ ။ 1939 RLR 548 (PC )အမှုတွင်မှ၊ပရီဗီကောင်စီကမြန်မာနိုင်ငံတွင်အမြဲတမ်းနေထိုင်ကြသောဗုဒ္ဓဘာသာတရုပ်များ၏အမွေခန်းကို၊မြန်မာဓလေ့ထုံးတမ်းဥပဒေအရဆုံးဖြတ်ရမည်ဟု၊၁၉၃၉ခုနှစ်၊ဇွန်လ၂၂ရက်နေ့တွင်ထုံးဖွဲ့သည်။)
တရုပ်ထုံးတမ်းဥပဒေအရသမီးများသည်မိဘများ၏အမွေကိုဆက်ခံခွင့်မရှိသဖြင့်တရားလိုမစိန်အမှုရှုံးသည်။
ထို့နောက်ယင်းအမှုတွင်တရားပြိုင်ဖြစ်သောသမီးမပန်းညွန့်က၊ယခင်အမှုမှတရားလိုမစိန်နှင့်ပူးတွဲတရားပြိုင်အကိုများအပေါ်၊အမေကျန်ရစ်သောအမွေကိုစီမံခန့်ခွဲပေးစေရန်တရားစွဲဆိုပြန်သည်။
ယခင်အမှု၌ချမှတ်သောစီရင်ချက်သည်၊တရားလိုမပန်းညွန့်အပေါ်မီးသေခြင်းမရှိဟုတရားလွှတ်တော်က၊ 6 Ran 575 အမှု၌ဆုံးဖြတ်သည်။
2 Ran 94
Ma Sein vs. Ma Pan Nyun and two .
Before Mr. Justice Heald and Mr. Justice Lentaigne .
အမှုမှတရားပြိုင်မောင်စိန်ဒုံး( 2 Ran 94 အမှု၌တရားပြိုင်ဖြစ်ခဲ့သည် )တင်သွင်းသော-
10 Ran 322 ( PC )
Maung Sein Done vs. Ma Pan Nyun and others .
Present : Lord Russell of Killowen , Sir George Lowndes , and Sir Dinshah Mulla .
အယူခံတွင်၊ပူးတွဲတရားပြိုင်အချင်းချင်း၌မီးသေရန်လိုအပ်သည့်အချက်၃ရပ်ကိုရည်ညွှန်းဖော်ပြပြီးနောက်၊မိခင်ဖြစ်သူအမွေရှင်၏အမွေကိုခွဲဝေရေးကိစ္စသည်တရုပ်ထုံးတမ်းဥပဒေနှင့်သက်ဆိုင်ခြင်းရှိမရှိပြဿနာသည်၊ယခင်အမှုတွင်တရားလိုဖြစ်သောအမွေဆိုင်သမီးနှင့်တရားပြိုင်အမွေဆိုင်တို့အချင်းချင်းတွင်အငြင်းပွားသည့်နည်းတူ၊ပူးတွဲတရားပြိုင်များဖြစ်သောမောင်စိန်ဒုံးနှင့်မပန်းညွန့်တို့အချင်းချင်းတွင်လည်းအငြင်းပွားခဲ့သည်ဖြစ်၍၊ထိုပြဿနာအပေါ်ယခင်အမှု၊( 2 Ran 94 )၌ချမှတ်ထားသောစီရင်ချက်သည်၊မပန်းညွန့်တရားလိုအဖြစ်စွဲဆိုသောနောက်အမှု၌မီးသေသည်ဟုဆုံးဖြတ်သည်။
6 Ran 575 ကို 10 Ran 322 ( PC )တွင်ပယ်ဖျက်( Reversed )ခြင်းဖြစ်ပါသည်။
D 2 C 682တွင် 10 Ran 322 ( PC )စီရင်ထုံးခေါင်းစီးကိုဖော်ပြရာ၌၊ Decision of the High Court 6 Ran 575 Reversed ကိုဖော်ပြရန်ကျန်ခဲ့ရာမှ၊ D 2 C 682တွင် Overruled ဟုမှားယွင်းဖော်ပြခြင်းဖြစ်သည်။
Comments
Post a Comment