7 Ran 677 ( F B )

 ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


7 Ran 677 ( FB )


U Pyinna and others  v.  Maung Law and another.


Before Sir Guy Rutledge , Kt., K. C., Chief Justice, Mr. Justice Carr, Mr. Justice Maung Ba, Mr. Justice Brown


                                     AND


Before Sir Benjamin Heald , Kt., Officiating Chief Justice , Mr. Justice Chari , Mr. Justice Das , Mr. Justice Mya Bu , Mr. Justice Ormiston.


အမှုတွင်၊ရဟန်းတော်တပါးအားမရွှေ့မပြောင်းနိုင်သောပစ္စည်းကိုရောင်းချခြင်းသည်၊ပဋိညာဉ်အက်ဥပဒေပုဒ်မ၂၃အရပျက်ပြယ်ခြင်းရှိမရှိပြဿနာကို၊စုံညီခုံရုံးနှစ်ရုံးကကြားနာဆုံးဖြတ်သည်ဖြစ်၍ထူးခြားလှသည်။


ပထမစုံညီခုံရုံးတွင်တရားဝန်ကြီးချုပ်အပါအဝင်တရားဝန်ကြီးလေးဦးပါသည်။


နှစ်မဲနှစ်မဲဖြစ်နေ၍အဖြေမထွက်သဖြင့်၊ယာယီတရားဝန်ကြီးချုပ်(ပထမစုံညီခုံရုံးတွင်ပါသောတရားဝန်ကြီးချုပ်မပါ၊ခွင့်ယူထားသဖြင့်၎င်း​၏တာဝန်ကိုယာယီတရားဝန်ကြီးချုပ်ကထမ်းဆောင်ခြင်းဖြစ်သည်)နှင့်တရားသူကြီးလေးဦးပါသော၊နောက်စုံညီခုံရုံးက၊ဥပဒေပြဿနာများကိုထပ်မံကြားနာအဆုံးအဖြတ်ပေးရသည်။


ပထမစုံညီခုံရုံးတွင်မြန်မာတရားဝန်ကြီးတဦး(ဦးဘ)ပါသည့်နည်းတူ၊ဒုတိယစုံညီခုံရုံးတွင်လည်း၊အခြားမြန်မာတရားဝန်ကြီး(ဦးမြဘူး)ပါဝင်သည်။


ဦးမြဘူးသည်၊စီရင်ထုံးစာမျက်နှာ၆၉၉တွင်သက်ဆိုင်ရာဝိနည်းတော်တို့ကိုကိုးကားပြီးနောက်၊စီရင်ထုံးစာမျက်နှာ၇၀၁တွင်အောက်ပါအတိုင်းစိစစ်အကြောင်းပြသည်-


"It remains to consider whether it is immoral."


(မှတ်ချက်။  ။တရားဝန်ကြီးဦးဘက၊စီရင်ထုံးစာမျက်နှာ၆၈၉တွင်၊ရဟန်းကအရောင်းအဝယ်ပြုခြင်းသည်၊ဝိနည်းတော်ကိုချိုးဖောက်ရာရောက်၍အကျင့်ပျက်ပြားသည်ဟုဆုံးဖြတ်သည်။)


စီရင်ထုံးစာမျက်နှာ၇၀၁တွင်၊ဦးမြဘူးကအောက်ပါအတိုင်းဆက်လက်စိစစ်အကြောင်းပြသည်-


"The mere fact that an act is sinful does not show that it is immoral . The offences falling within the class of Nissaggiya Pakittiya are not the heaviest of the offences under the Vinaya . The heaviest offences are the Paragika , consisting of four offences by the commission of which a monk becomes ipso facto excluded from the order . They are : -


(1) Murder ;

(2) Theft ;

(3) Sexual intercouse ; and

(4) False profession of attainment of arahatship .


The direct result of the commission of any of these four offences is that the offender cases to be a monk and is no longer eligible for ordination . It is true that a Buddhist monk who has taken the vows of poverty and who professes to have abandoned the pleasure of the world , taking part in wordly transactions , such as buying and selling , is not an edifying spectacle .(စာရိတ္တမြှင့်တင်ပေးသည့်အရာမဟုတ်)


On the other hand , it is equally true that for very many years the Burma Buddhist monk's vows of poverty sit lightly on him .(၎င်းအားချွန်းအုပ်ပေးသည်)(ဘရိတ်အုပ်သည်)


Nissaggiya Apat is not an unpardonable sin ."


အချင်းဖြစ်အရောင်းအဝယ်သည်၊ပဋိညာဉ်အက်ဥပဒေပုဒ်မ၂၃အရပျက်ပြယ်ခြင်းမရှိကြောင်း၊စီရင်ထုံးစာမျက်နှာ၇၀၂တွင်၊ဦးမြဘူးကအောက်ပါအတိုင်းအကြောင်းပြသည်-


"In all these circumstances I see no good ground for holding that either the object or the consideration of a sale to a Buddhist monk is immoral within the meaning of section 23 of the Indian Contract Act."


ထို့နောက်စီရင်ထုံးစာမျက်နှာ၇၀၂တွင်ပင်၊ဦးမြဘူးကအောက်ပါအတိုင်းမှတ်ချက်ပြုသည်-


"As a Burma (မှတ်ချက်။ ။Burman ဖြစ်ရပါမည်။) Buddhist I would loath to see Buddhist monks indulge in wordly transactions , and would have liked to preserve the rulings in U Tilawka v. Nga Shwe Kan and five others , 2 UBR ( 1914-16 )61 and U Teza v. Ma E Gywe and others , (1927) 5 Ran 626 .


If individual monks take advantage of the non-interference by the civil laws of the State in their practice of taking part in wordly transaction , they will lose not only the veneration of the laymen but also lower the tone of purity and reverence of the Buddhist monkhood in the estimation of the public . However , since this Court has to administer the law as it stands ,(အရှိအတိုင်း၊တည်သည့်အတိုင်း) I am constrained to dissent from the rulings in these cases and to give the first question in this reference the answer which I have proposed."


၁၉၂၉ခုနှစ်၊ဧပြီလ၃ရက်နေ့နှင့်စက်တင်ဘာလ၆ရက်နေ့တွင်ဆုံးဖြတ်သော


7 Ran. 677 ( FB )


( U Pyinna and others  v. Maung Law and another . )


အမှုတွင်၊တရားလွှတ်တော်တရားဝန်ကြီးတဦး( Mr . Justice Carr. )က


5 Ran. 626 ( U Teza  v. Ma E Gywe and others. )


( Before Mr . Justice Maung Ba. )


စီရင်ထုံးကိုစုံညီခုံရုံးဖြင့်ပြန်လည်စိစစ်ပေးရန်တင်ပြရာအလွန်တရာစိတ်ဝင်စားဖွယ်ဥပဒေပြဿနာတို့ကိုစီရင်ထုံးစာမျက်နှာ၆၈၀တွင်ဖော်ပြထားချက်ကိုအောက်ပါအတိုင်းတွေ့ရသည်-


" Carr . J . , referred two questions for decision by a Full Bench , the first of which was : Is the sale of immoveable property to a Burmese Buddhist monk void on the ground that a monk is prohibited by the rules of the Vinaya from entering into such pecuniary transactions ?


Thd reference came before a Bench of four Judges , Rutledge , C . J . , Carr , Maung Ba and Brown , JJ . The Bench was equally divided in opinion on the first question . Carr and Brown , JJ . , answered the first question in the negative and Rutledge , C . J . , and Maung Ba , J . , in the affirmative. 


On the first question the reference was then further heard by a Full Bench composed of Heald , Offg .  C . J . , Chari , Das , Mya Bu and Ormiston , JJ . Their Lordship unaimously answered the first question in the negative .


I feel considerable doubt of the correctness of both of those decisions . In the first of them Mr . McColl , J . C . , suggested that if the Contract Act had applied to the transaction before him that transaction would have been void under section 23 of the Act as defeating the personal law of the pongyi concerned .


In the second case U Ba , J . , held that the transaction was immoral and therefore void . I am strongly inclined to doubt the correct proposition that a Buddhist monk is prohibited by the rules of his order , as contained in the Vinaya , from engaging in such pecuniary transactions .


That proposition I do not contest , but it seems to me at least doubtful whether the rules of Vinaya from a part of the personal law of a Buddhist monk so as to bring the case within section 23 of the Contract Act .


And I doubt also whether on that ground it can be said that either the object or the consideration of the agreement can be said to be immoral .


The object was to transfer ownership of land ; the consideration was in part payment of money and in part an undertaking to pay money ; both are in themselves perfectly lawful and moral .


The only immoral part of the transaction was U Pyinnya's disregard of the rules of the religious order to which he belongs , which seems to me a matter between himself and his conscience and the heads of his order and not within the scope of the Contract Act .


တရားဝန်ကြီးချုပ်( Sir Guy Rutledge )နှင့် တရားဝန်ကြီးသုံးဦး( Carr , Maung Ba , Brown )ပါဝင်သောစုံညီခုံရုံးကထိုပြဿနာကိုဖြေဆိုရာ၌၊တရားသူကြီးချုပ်( Sir Guy Rutledge )နှင့်တရားဝန်ကြီးတဦး( Maung Ba )ကတဖက်၊ကျန်နှစ်ဦး( Carr , Brown )( စောဒကမှုတွင်အဆုံးအဖြတ်ပြုရန်ပြဿနာများတင်ပြသောတရားဝန်ကြီး Carr အပါအဝင် )ကတဖက်သဘောထားကွဲလွဲသဖြင့်၊တရားဝန်ကြီးငါးဦး( Chari , Das  , Mya Bu , Ormiston )နှင့်ယာယီတရားဝန်ကြီးချုပ်( Sir Benjamin  Heald )တို့ပါဝင်သောနောက်စုံညီခုံရုံးကစောဒကမှုကိုထပ်မံကြားနာပြီး၊အားလုံးကပြဿနာတင်ပြသောတရားဝန်ကြီး( Carr )​၏အမြင်ကိုလက်ခံဆုံးဖြတ်သည်။


တရားဝန်ကြီးငါးဦး( တရားဝန်ကြီးချုပ်နှစ်ဦး Sir Guy Rutledge , Sir Benjamin Heald )အပါအဝင်ကစီရင်ချက်ကိုယ်စီရေးသားချမှတ်ကြသည်။


အင်္ဂလိပ်တရားသူကြီး Carr ကစီရင်ထုံးစာမျက်နှာ၆၇၈မှ၆၈၆အထိလည်းကောင်း


အင်္ဂလိပ်တရားသူကြီး Brown ကစီရင်ထုံးစာမျက်နှာ၆၈၆တွင်လည်းကောင်း


မြန်မာတရားသူကြီးဦးဘကစီရင်ထုံးစာမျက်နှာ၆၈၆မှ၆၉၀အထိလည်းကောင်း


အင်္ဂလိပ်တရားသူကြီး Rutledge ကစီရင်ထုံးစာမျက်နှာ၆၉၀မှ၆၉၃အထိလည်းကောင်း


အင်္ဂလိပ်တရားသူကြီး Heald ကစီရင်ထုံးစာမျက်နှာ၆၉၃မှ၆၉၈အထိလည်းကောင်း


အင်္ဂလိပ်တရားသူကြီး Chari ကစီရင်ထုံးစာမျက်နှာ၆၉၈မှ၆၉၉အထိလည်းကောင်း


အင်္ဂလိပ်တရားသူကြီး Das ကစီရင်ထုံးစာမျက်နှာ၆၉၉တွင်လည်းကောင်း


မြန်မာတရားသူကြီးဦးမြဘူးကစီရင်ထုံးစာမျက်နှာ၆၉၉မှ၇၀၃အထိလည်းကောင်း


အင်္ဂလိပ်တရားသူကြီး Ormiston ကစီရင်ထုံးစာမျက်နှာ၇၀၃မှ၇၀၆အထိလည်းကောင်းရေးသားချမှတ်ခဲ့ကြသည်။


တရားသူကြီးချုပ်နှင့်သဘောကွဲဆုံးဖြတ်သောတရားသူကြီးများ​၏အမြင်တို့ကိုထုံးပြုထားသည့်အခြားအမှုများလည်းရှိသေးသည်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]