9 LBR 56

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


မြန်မာဗုဒ္ဓဘာသာအမွေရှင်​၏အမွေကိုဆက်ခံသူများ​၏အနေအထားကို၊၁၉၁၆ခုနှစ်နိုဝင်ဘာလ၁၃ရက်နေ့၌အမြင့်ဆုံးတရားရုံးဖြစ်သည့်ပရီဗီကောင်စီက-


9 LBR 56


Tun Tha  vs.  Ma Thit and others .


Before Lord Chancellor , Lord Shaw , Lord Wrenbury and Mr. Ameer Ali .


အမှု၌၊အမွေဆိုင်သည်အမွေပုံ​၏တိကျသောဝေစုကိုရခွင့်ရှိကြောင်းထုံးဖွဲ့ပါသည်။


ပညာရှင်ဒေါက်တာဧမောင်က၊၎င်း​၏ဗုဒ္ဓဘာသာတရားဥပဒေကျမ်း(၁၉၇၀ပြည့်နှစ်ထုတ်)စာမျက်နှာ၁၁၂နှင့်၁၁၃တွင်၊အမွေဆိုင်​၏ရခွင့်အပေါ်အယူအဆတိုးတက်ဖြစ်ထွန်းလာပုံကိုအောက်ပါအတိုင်းရှင်းပြထားသည်-


"The Privy Council in Tun Tha v. Ma Thit ( 9 L. B. R. 56 ) held that the Orasa , whose rights will be more fully discussed later , on the death of a parent of the same sex , obtained a definite one-fourth part of the estate .


At a subsequent stage of the case in Pan on v. Tun Tha ( 11 L. B. R. 292 ) it was held by the Chief Court of Lower Burma that the Orasa's interest came into existence on the death of one parent .


This interest has been described by the High Court of Judicature in Maung No v. Maung Po Thein ( 1 Ran. 363 ) as a vested right."


(ထွန်းသာ နှင့် မသစ် ( 9 LBR 58 )အမှုတွင်၊ပရီဗီကောင်စီကဩရသ(၎င်း​၏အခွင့်အရေးများကိုနောက်ပိုင်း၌ပိုမိုအပြည့်အစုံဆွေးနွေးပါမည်။)သည်၊လိင်တူမိဘကွယ်လွန်သောအခါအမွေပုံပစ္စည်းများ​၏လေးပုံတပုံတိတိကျကျရရှိသည်။


ထိုအမှု​၏နောက်ပိုင်းတွင်၊ပန်းအုံ နှင့် ထွန်းသာ ( 11 LBR 292 )အမှု၌၊အောက်မြန်မာပြည်တရားရုံးချုပ်ကဩရသ​၏အကျိုးခံစားခွင့်သည်မိဘတပါးကွယ်လွန်သောအခါတည်ရှိလာသည်ဟုထုံးဖွဲ့သည်။


မောင်နိုး နှင့် မောင်ဖိုးသိန်း ( ရန်ကုန်အတွဲ၁၊စာ၃၆၃ )အမှုတွင်၊တရားလွှတ်တော်ကဤအကျိုးခံစားခွင့်ကိုအပြီးအပိုင်ရရှိသောအကျိုးခံစားခွင့် ( vested interest )အဖြစ်ဖော်ညွှန်းဖွဲ့ဆိုသည်။)


ဒေါ်စိန်ကြည် နှင့် ဦးသန်းစိန်၊ 1994 BLR 34 စီရင်ထုံးတွင်"မြန်မာဓလေ့ထုံးတမ်းဥပဒေအရအမွေရှင်သေဆုံးသည်နှင့်တပြိုင်နက်ကျန်ရစ်သူအမွေဆိုင်များသည်ဥပဒေအရအပြီးအပိုင်ဆက်ခံခွင့်ရရှိသောအခွင့်အရေး( vested right )အရ၎င်းတို့​၏ကိုယ်ပိုင်အခွင့်အရေးအနေဖြင့်အမွေဆက်ခံပိုင်ခွင့်ရရှိမည်ဖြစ်သည်။"ဟုထုံးဖွဲ့ထားသည်။


မောင်သောင်းစိန်ပါ၈ နှင့် ဒေါ်ဂီတာရာနီဒတ်(စ်)ပါ၂အမှု၊ 2000 BLR 263 စီရင်ထုံးတွင်၊အထူးအယူခံခုံရုံးကအောက်ပါအတိုင်းထုံးဖွဲ့သည်-


"မြန်မာဓလေ့ထုံးတမ်းဥပဒေအရမခွဲဝေရသေးသောအမွေတွင်အမွေဆိုင်တဦးရရန်ရှိသောအကျိုးသက်ဆိုင်ခွင့်သည်အပြီးအပိုင်ရရှိသည့်အကျိုးခံစားခွင့်( Vested interest )ဖြစ်၍အမွေရှင်ကွယ်လွန်သောအခါအမွေစားအမွေခံများသို့သက်ရောက်သည်။အမွေဆက်ခံခြင်းဟူသည်ဆိုင်းငံ့ထား၍မဖြစ်၊အမွေသည်ဆက်ခံရရှိသည်နှင့်တပြိုင်နက်ရုပ်သိမ်း၍မရကောင်းသည်မှာမြန်မာဓလေ့ထုံးတမ်းဥပဒေအမွေခန်း​၏အခြေခံသဘောတရားဖြစ်သည်။"


ဦးကျော်မြင့်အောင်ပါ၂ နှင့် ဒေါ်ခင်မာမာပါ၄အမှု၊ 2000 BLR 9(30)တွင်၊အမွေဆိုင်များသည်အတူပိုင်ဆိုင်သူများ( tenants-in-common )ဟုပြဆိုထားသည်။


ဤဥပဒေသဘောကို၊ဒေါ်စိန်ကြည် နှင့် ဦးသန်းစိန်၊ 1994 BLR 34 နှင့်၊ဦးအောင်ခင် နှင့် ဒေါ်ရင်လှပါ၆၊ 1996 BLR 81 အမှုများအပါအဝင်၊စီရင်ထုံးများတွင်တညီတညွတ်တည်းလက်ခံသည်။


တဖက်တွင်ဤဥပဒေသဘောကိုပင်၊အမွေဆိုင်များသည်အတူပိုင်ဆိုင်သူများ( Tenants-in-common )အဖြစ်ဆက်ခံသည်ဟုတနည်းထင်ဟပ်ပြဆိုရာ၊ဦးကျော်မြင့်အောင်ပါ၂ နှင့် ဒေါ်ခင်မာမာပါ၄၊ 2000 BLR 9(30)အမှုတွင်၊အထူးအယူခံခုံရုံးကလက်ခံအတည်ပြုခဲ့သဖြင့်၊အတည်တကျဥပဒေသ( settled law )ဖြစ်နေပါပြီ။


အတူပိုင်ဆိုင်သူများသည်၊ပူးတွဲပိုင်သူများ( Joint tenant )နှင့်သဘောသဘာဝချင်းမတူပါ။


အတူပိုင်ဆိုင်သူများသည်တိကျသောဝေစု(ထွန်းသာအမှု၌ပြဆိုထားသည့်အတိုင်း)ကိုရရှိကာဆက်ခံခြင်းဖြစ်ပါသည်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ