တရားစီရင်ရာ၌အကိုးအကားဖြင့်ကြောင်းကျိုးပြစီရင်ခဲ့ကြသည်
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
မြန်မာနိုင်ငံ၏အဆင့်မြင့်ဆုံးတရားရုံးတို့သည်၊တရားစီရင်ရာ၌အကိုးအကားဖြင့်ကြောင်းကျိုးပြစီရင်ခဲ့ကြသည်။
တဖက်တွင်၊ဦးမြဘူးနှင့်၎င်းနည်းတူဆုံးဖြတ်ကြသောတရားသူကြီးများ၏အမြင်ကို၊မြန်မာဥပဒေပညာရှင်အများစုကဘဝင်မကျ။
တရားသူကြီးဦးဘဦးသည်-
1939 RLR 311 ( FB )
A. R. L. P. Firm v. U Po Kyaing and another.
Before Sir Ernest H. Goodman Roberts , Kt., Chief Justice , Mr. Justice Mya Bu , Mr. Justice Baguley , Mr. Justice Mosely , and Mr. Justice Ba U .
စီရင်ထုံးစာမျက်နှာ၃၃၄မှ၃၃၈တွင်၊ဝိနည်းတော်များကို၊ဦးမြဘူးနည်းတူကိုးကားဖော်ပြပြီးနောက်၊ဦးမြဘူးနှင့်ကွဲလွဲဆုံးဖြတ်သည်။
ပဋိညာဉ်အက်ဥပဒေပုဒ်မ၂၃ပါတရားဥပဒေ(Law)ကိုအဓိပ္ပာယ်ဖွင့်ဆိုရာ၌၊သဘောကွဲလွဲကြခြင်းဖြစ်သည်။
တုတ်ထမ်းငြင်းရမည့်ကိစ္စဖြစ်၍၊ဥပဒေကိုပြင်ဆင်မှသာ၊ဘဝင်ကျမည်ဖြစ်သည်။
ပဋိညာဉ်အက်ဥပဒေပုဒ်မ၂၃ပါ(Law)တွင်(Personal Law)အကျုံးဝင်အောင်၊ဥပဒေကိုပြင်ရန်ဖြစ်သည်။
သို့သော်ပဋိညာဉ်အက်ဥပဒေပုဒ်မ၂၃ကိုမပြင်ခြင်းက၊တရားဝန်ကြီးအများ၏အမြင်မှန်သည်ဟု၊ဥပဒေပြုအဖွဲ့ကမှတ်ယူသည်ဟုဆိုရန်ဖြစ်နေပြန်သည်။
Comments
Post a Comment