လုံးလုံးလျားလျားအမှုနိုင်သောအမှုသည်
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
1959 BLR ( HC ) 326
Wali Mohamed vs. Daw Ahma Jan and one
Before U San Maung and U Shu Maung , JJ . အမှုတွင်-
"လုံးလုံးလျားလျားအမှုနိုင်သောအမှုသည်တဦးသည်၊သူနိုင်သောအမှု၌အချို့ငြင်းချက်များကိုသူ့အားအရှုံးပေး၍ဆုံးဖြတ်ထားစေကာမူအယူခံဝင်ခွင့်မရှိ။
အကြောင်းမူသူသည်အမှုနိုင်သူဖြစ်သည့်အလျောက်၊သူ့အားအရှုံးပေးသောကောက်ယူဆုံးဖြတ်ချက်များကြောင့်အကြီးအကျယ်ထိခိုက်နစ်နာခြင်းမရှိချေ။
သူ၏အကျိုးကိုဆန့်ကျင်ချမှတ်သောဆုံးဖြတ်ချက်များကိုဒီကရီတွင်ဖော်ပြထားခြင်းမရှိသည့်ပြင်၊ဒီကရီ၏တစိတ်တဒေသလည်းမဟုတ်ချေ။"
ဟုအယူခံဝင်ခြင်းနှင့်ဆိုင်သည့်၊ယေဘုယျဥပဒေနှင့်မသက်ဆိုင်ပုံကိုခွဲခြားပြဆိုပါက၊ပြည့်စုံသောစီရင်ထုံးတရပ်ပေါ်ပေါက်ခဲ့ရန်အကြောင်းရှိသည်။
1959 BLR ( HC ) 326 စီရင်ထုံးစာမျက်နှာ၃၂၆တွင်အောက်ပါအတိုင်းဆုံးဖြတ်သည်-
"The law relating to appeals is ordinary civil suits is that where a decree is absolutely in favour of a person although some issues are found against him , he has no right to appeal against the findings because he is firstly not adversely affected thereby and secondly because such findings are nof embodied in and do not form part of the decree."
ထို့ပြင်ကိုဖန်စိန်းနှင့်ကိုထန်စွိတို့သည်အမွေရပြီးပြီဟုမူလတရားရုံးကဆုံးဖြတ်ခြင်းသည်၊ 10 Ran 322 ( PC )စီရင်ထုံးအရ၊ကိုဖန်စိန်းအပေါ်မီးသေသည်ဖြစ်၍၊ 1961 BLR ( HC ) 132( မညို နှင့် မလှခင် )အမှုတွင်၊စီရင်ထုံးစာမျက်နှာ၁၃၄၌ကိုးကားထားသော၊ 42 CWN 492 စီရင်ထုံးအရ၊ကိုဖန်စိန်းသည်မူလတရားရုံး၏စီရင်ချက်နှင့်ဒီကရီကိုအယူခံဝင်ခွင့်ရှိကြောင်းဆက်လက်ဆုံးဖြတ်လျှင်၊ 1959 BLR ( HC ) 326 စီရင်ထုံးကိုဖြည့်စွက်ရာရောက်သောစီရင်ထုံးတရပ်ပေါ်ပေါက်ခဲ့မည်ဖြစ်သည်။
အခွင့်အရေးကောင်းတရပ်လက်လွတ်ဆုံးရှုံးခဲ့ရသည်။
Comments
Post a Comment