တရားရုံးများကသက်သာခွင့်ပေးခြင်းကိစ္စ
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
တရားရုံးများကသက်သာခွင့်ပေးခြင်းကိစ္စ
တရားမမှုတိုင်းတွင်"တရားလိုသည်မည်သည့်သက်သာခွင့်ရထိုက်သနည်း"ဟူသောငြင်းချက်ကိုထုတ်နုတ်ဆုံးဖြတ်ရစမြဲဖြစ်သည်။တခါတရံထိုငြင်းချက်ကိုလွယ်လွယ်ဆုံးဖြတ်၍မရနိုင်။
1955 BLR ( HC ) 368 အမှုတွင်၊အချင်းဖြစ်ရုပ်ရှင်ရုံနှင့်မြေကိုတရားလိုပိုင်ကြောင်းမြွက်ဟကြေညာပေးစေရန်တရားစွဲဆိုသည်။
တရားလွှတ်တော်ခုံရုံး(High Court)က၊မြွက်ဟကြေညာချက်သက်သက်ဒီကရီကို၊သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၄၂အရမဟုတ်ဘဲချမှတ်ခြင်းမပြုနိုင်ဟု၊ 6 Ran 188 ကိုရည်ညွှန်းပြဆိုသည်။
ဆိုလိုသည်မှာပုဒ်မ၄၂တွင်တိတိကျကျအကျုံးမဝင်လျှင်၊မြွက်ဟကြေညာသည့်ဒီကရီမချမှတ်နိုင်။ 6 Ran 29 စီရင်ထုံးကိုကြည့်ပါ။
မောင်ဘမောင်အမှု၊၁၉၄၀ ရန်ကုန် ၅၉(၇၁)စီရင်ထုံးတွင်၊တရားလိုရသောကျင့်ထုံးဆိုင်ရာအခွင့်အရေးသည်၊သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၄၂အရ၊ရရှိသောပင်ရင်းအခွင့်အရေးမျိုးမဟုတ်ကြောင်းရှင်းပြထားသည်။
အမှုတွင်တရားလိုသည်လက်မဲ့ဖြစ်ပါလျက်၊ပစ္စည်းလက်ရောက်ရလိုကြောင်းမြွက်ဟကြေညာချက်၏အကျိုးဆက်သက်သာခွင့်အဖြစ်တောင်းဆိုခြင်းမပြုပါ။
တရားလွှတ်တော်ခုံရုံးက၊စီရင်ထုံးစာမျက်နှာ၃၇၄၌၊နောက်ဆက်တွဲသက်သာခွင့်မတောင်းခြင်းနှင့်စပ်လျဉ်း၍၊အောက်ရုံးတွင်ကန့်ကွက်ချက်ကိုသိပါလျက်ဂရုဓမ္မမပြု။မူလတရားစွဲဆိုထားသည့်အမှုကိုဆက်လက်ဆောင်ရွက်ရန်"တင်း"ခံခဲ့သည်။
(မှတ်ချက်။ ။တရားလွှတ်တော်တွင်တရားလို၏ရှေ့နေကနောက်ဆက်တွဲသက်သာခွင့်မတောင်းခြင်းနှင့်ပတ်သက်၍ကန့်ကွက်ချက်မရှိဟုတင်ပြလျှောက်လဲရာ၊တရားလွှတ်တော်ခုံရုံးကမြွက်ဟကြေညာချက်သက်သက်အမှုစွဲဆိုခွင့်မရှိကြောင်းချေလွှာအပိုဒ်၉၌ပါရှိသည်ဟုဖော်ပြသည်။
တရားလွှတ်တော်ချုပ်(Supreme Court)ကမူ၊စီရင်ထုံးစာမျက်နှာ၅၉၌ပင်၊ချေလွှာကိုတပေါင်းတစည်းတည်းဖတ်ကြည့်ရာ၌၊ထိုသို့မကန့်ကွက်ကြောင်းတွေ့ရသည်၊အမှန်စင်စစ်ယင်းပြဿနာနှင့်စပ်လျဉ်း၍ငြင်းချက်ထုတ်ပေးရန်တောင်းဆိုခြင်းမရှိ၊ငြင်းချက်လည်းမထုတ်ဟုသုံးသပ်ထားသည်။ကွဲလွဲချက်မှာထူးဆန်းလှသည်။)
1955 BLR ( HC ) 368 အမှု၊စီရင်ထုံးစာမျက်နှာ၃၇၄တွင်အောက်ပါအတိုင်းသုံးသပ်ထားသည်-
"The learned Advocate for the respondent says that no objection was raised in the lower Court on the point but it is clear from paragraph 9 of the written statement that the appellant had stated that the suit for mere declamation is not maintainable in the circumstances disclosed in the plaint. There was no effective reply to this."
1957 BLR ( SC ) 56 အမှု၊စီရင်ထုံးစာမျက်နှာ၅၉တွင်အောက်ပါအတိုင်းသုံးသပ်ထားသည်-
"We are not impressed with the argument that the respondent raised this issue before the trial Court. Reading the written statement as a whole we find that he did not raise the plea that the suit was not maintainable for want of a prayer for possession of the cinema hall and its site. As a matter of facts, no issue was asked for on the point and none was framed."
အောက်ရုံးတွင်အဆိုလွှာကိုပြင်ဆင်ခွင့်တောင်းဆိုခဲ့လျှင်၊တစုံတရာကန့်ကွက်မည်မဟုတ်ဟုအကြောင်းပြကာ၊နောက်ဆက်တွဲသက်သာခွင့်တောင်းဆိုခြင်းမပြုသည့်အတွက်တရားလို၏အမှုကိုပလပ်ရာ၌၊အောက်ပါအတိုင်းပြဆိုသည်။
"မည်သည့်တရားရုံးကမျှ၊တသီးတသန့်တောင်းဆိုထားခြင်းမရှိသည့်၊သက်သာခွင့်ကိုခွင့်မပြုနိုင်"
1957 BLR ( SC ) 56 အမှုတွင်၊ယခင်တရားလွှတ်တော်ချုပ်က၊တရားလွှတ်တော်၏စီရင်ချက်နှင့်ဒီကရီကိုပယ်ဖျက်ပြီး"remand"အမိန့်ချမှတ်ရာ၌၊စီရင်ထုံးစာမျက်နှာ၅၉၌အောက်ပါအတိုင်းပြဆိုသည်-
"Normally , where necessary facts are stated in the plaint which , if proved , would entitle the plaintiff to obtain certain reliefs it is for the Court to grant such reliefs although the reliefs specifically asked for may be inartistically framed."
(အဆိုလွှာ၌လိုအပ်သည့်အကြောင်းခြင်းရာများကိုအဆိုပြုထားရာတွင်၊သက်သေထင်ရှားပါကယင်းအကြောင်းခြင်းရာများသည်၊တရားလိုအားထိုထိုသော[အင်္ဂလိပ်-မြန်မာအဘိဓာန်စာမျက်နှာ၂၀၉ရှိဘာသာပြန်ချက်အရ]သက်သာခွင့်များကိုရထိုက်ခွင့်ရှိစေမည်ဖြစ်လျှင်၊သက်သာခွင့်များကိုမကျွမ်းမကျင်ရေးသားတောင်းဆိုစေကာမူ၊တရားရုံးအနေဖြင့်ယင်းသက်သာခွင့်များကိုပုံမှန်အားဖြင့်ခွင့်ပြုရန်ဖြစ်သည်။)
(မှတ်ချက်။ ။စီရင်ထုံးခေါင်းစီးတွင်"normally"ဆိုသောစကားလုံးမပါသည့်အပြင်၊"fact"ဟု၊ဧကဝုစ်ကိန်းဖြင့်ရေးသားထားသည်။စာပိုဒ်တွင်၊ဗဟုဝုစ်ကိန်းဖြင့်ဖော်ပြထားသည်ဖြစ်၍၊မူရင်းထုံးဖွဲ့ချက်ကိုဖော်ပြရခြင်းဖြစ်သည်။)
တရားလွှတ်တော်ချုပ်တရားဝန်ကြီးဦးဘိုကြီးက၊တရားလိုအားလိုအပ်သည့်သက်သာခွင့်များကိုဖြည့်စွက်နိုင်ရန်နှင့်ရုံးခွန်မလုံလောက်ပါက၊ဖြည့်စွက်ထမ်းဆောင်နိုင်ရန်အလို့ငှာ၊အဆိုလွှာကိုပြင်ဆင်နိုင်ရန်၊တရားလွှတ်တော်(High Court)ကတရားလိုအားအခွင့်အရေးပေးရမည်ဟုဆုံးဖြတ်သည်။
Comments
Post a Comment