စီရင်ထုံးအဘိဓာန်အနှစ်ချုပ်

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


စာရေးသူထုတ်ဝေသောစီရင်ထုံးအဘိဓာန်အနှစ်ချုပ်စာအုပ်၌ကွဲလွဲသောစီရင်ထုံးများ(dissented rulings)၊ပယ်ဖျက်လိုက်သောစီရင်ထုံးများ(overruled rulings)၊ထုံးပြုထားသောစီရင်ချက်ကိုအထက်တရားရုံးအယူခံ၌ပယ်ဖျက်လိုက်သော(reversed)စီရင်ထုံးများနှင့်ပြန်လည်အတည်ပြုခြင်းခံရသော(reaffirmed)စီရင်ထုံးများကိုစာရင်းပြုစုထားရာ၊ရှေ့နေရှေ့ရပ်များသည်ဆိုင်ရာစီရင်ထုံးများတွင်၊မည်သည့်စီရင်ထုံးကပယ်ဖျက်ကြောင်း၊ပြန်လည်အတည်ပြုကြောင်း၊မည်သည့်စီရင်ထုံးနှင့်သဘောကွဲလွဲကြောင်းရေးမှတ်ထားပါက၊များစွာအကျိုးရှိနိုင်ပါသည်။


ပြီးပြည့်စုံသောစာရင်းမဟုတ်ပါ။


ရှေ့နေရှေ့ရပ်တို့သည်အဆိုပါအနှစ်ချုပ်စာအုပ်ကိုတရားရုံးသို့သွားတိုင်းမိမိနှင့်အတူယူသွားသင့်သည်။သို့မှသာတဖက်ရှေ့နေက၊ကွဲလွဲသော၊ပယ်ဖျက်ပြီးဖြစ်သောစီရင်ထုံးများကို၊ကိုးကားတင်ပြလျှင်ချက်ချင်းတုံ့ပြန်နိုင်မည်ဖြစ်သည်။


ခိုင်ခံ့သည်ဟုယူဆကာထုံးပြုခဲ့ပြီးကာမှ၊ထုံးပြုသောအဆုံးအဖြတ်တို့ကိုအယူခံတွင်ပယ်ဖျက်(reversed)လိုက်သည်များလည်းရှိသည်။


1955 BLR ( HC ) 368 စီရင်ထုံးပါစီရင်ချက်ကို၊ 1957 BLR ( SC ) 56 စီရင်ထုံးတွင်ပယ်ဖျက်သည်(reversed)။


1955 BLR ( HC ) 368 


U Taw  v. The Bank of Chettinad Ltd., by Manager , S. Annamalai Chettiar.


Before U Aung Khine , J. and U Ba Thoung , J.


အမှုတွင်ချမှတ်ခဲ့သောအဆုံးအဖြတ်ကို၊ 


1957 BLR ( SC ) 56


The Bank of Chettinad Ltd.  v.   U Taw.


Present U Myint Thein , Acting Chief Justice , U Bo Gyi , J. and U Aung Tha Gyaw , J.


အမှုတွင်ပယ်ဖျက်သည်။


1955 BLR ( HC ) 368 အမှုတွင်၊တရားဝန်ကြီးဦးအောင်ခိုင်ကအောက်ပါအတိုင်းဆုံးဖြတ်သည်-


"For these reasons, we are of the opinion that the suit as framed by the respondent in the lower Court was clearly not maintainable under the proviso to section 42 of the Specific Relief Act.


The lower Court has appointed a Commissioner to find out what were the materials removed by the appellant to his house out of the materials obtained by dismantling the buildings in suit , and their value and also as to the amount the respondent is entitled to as mesne profits or compensation for use and occupation of the premises from May 1946 to May 1947. The order relating to the appointment of the Commissioner for the purposes mentioned above will have to be vacated also in view of our decision that the suit is not maintainable. 


In the result the appeal is allowed and the judgment and decree passed by the lower Court are set aside and the plaintiff 's suit is dismissed with costs throughout."


1957 BLR ( SC )56 အမှုတွင်၊တရားဝန်ကြီးဦးဘိုကြီးကအောက်ပါအတိုင်းပယ်ဖျက်သည်။


"We accordingly set aside the judgment and decree under appeal and remand the case to the High Court to re-admit it under its original number in the register of Civil Appeals and to determine it in accordance with law, after giving the Bank an opportunity to amend the plaint by adding the necessary reliefs in cnformity with the proviso to section 42 of the Specific Relief Act and paying the deficit court fees , if any."


ထိုသို့ပယ်ဖျက်(reversed )သည့်အမှားအယွင်းများမှာနှစ်ရှည်သည်မဟုတ်။


စီရင်ထုံးတရပ်တွင်ပြဆိုသောဥပဒေကို

အခြားအမှုတွင်ပယ်ဖျက်(overruled )သည့်ကိစ္စ၌

အမှားသည်အနည်းနှင့်အများသံသရာရှည်တတ်သည်။


အမှားဆုံးဖြတ်သည့်အတွက်အမှုသည်များ​၏နစ်နာမှုကို၊အမှားပြင်သည့်စီရင်ထုံးကကုစားပေးနိုင်ခြင်းမရှိ။နောက်အမှုသည်များအတွက်သာလျှင်အကျိုးရှိသည်။


အလားတူဥပဒေပြဿနာအကျုံးဝင်သောအမှုမျိုးသည်၊ပြည်ထောင်စုတရားလွှတ်တော်ချုပ်အထိရောက်ရှိလာရာမှ၊ဆိုင်ရာရှေ့နေကတင်ပြအဆုံးအဖြတ်ခံယူတော့မှ၊အမှားကို(overruled)လုပ်ရန်အခွင့်အရေးရမည်ဖြစ်ရာ၊နှစ်ချီ၍ကြာမြင့်ရန်အကြောင်းရှိသည်။


ဤအခြေအနေတွင်၊စီရင်ချက်များကိုထုံးပြုရာ၌မည်မျှတာဝန်ကြီးလေးကြောင်းမြင်သာသည်ဖြစ်၍၊အထူးဂရုဓမ္မပြုရန်လိုအပ်ကြောင်းတင်ပြလိုသည်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]