ပျက်ပြယ်ခြင်းကိုတရားတထုံးစွဲဆိုခြင်းဖြင့်သီးခြားအရေးဆိုရန်အကြောင်းမရှိ

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


ပျက်ပြယ်ခြင်းကိုတရားတထုံးစွဲဆိုခြင်းဖြင့်သီးခြားအရေးဆိုရန်အကြောင်းမရှိပါ။


ဒေါ်လွန်းပါ၅ နှင့် ဒေါ်သိန်းရင်အမှု၊ 1991 BLR 149 ( FB )တွင်၊အမွေပစ္စည်းကိုသူတပါးအားအကုန်အပိုင်ပေးခြင်းမှာ၊မြန်မာဓ​လေ့ထုံးတမ်းဥပဒေအရပျက်ပြယ်( void )ခြင်းရှိ၊မရှိအမွေစီမံခန့်ခွဲပေးစေလိုမှုတွင်ပင်၊စုံညီခုံရုံးကဆုံးဖြတ်ခဲ့ဖူးပါသည်။


ပူးတွဲအမွေဆိုင်များ​၏ဝေစုများကိုရောင်းချခြင်းသည်တရားဥပဒေနှင့်မညီ၍၊ 9 Ran 524 အမှုပါ၊ Alienation ဟူသောစကားရပ်တွင်အကျုံးဝင်ပါသည်။


မယား​၏သဘောတူချက်မရဘဲလင်ကထုခွဲခြင်းသည်မယား​၏ဝေစုနှင့်စပ်လျဉ်းသမျှပျက်ပြယ်သည်ဟု၊ PJLB 403 စီရင်ထုံးတွင်၊စာမျက်နှာ၄၀၅၌ထိုသို့ဆုံးဖြတ်ခဲ့ပါသည်။


ပျက်ပြယ်သောလွှဲပြောင်းမှုဟူသည်အကျိုးသက်ရောက်မှုမရှိပါ။


စာချုပ်ချုပ်ဆိုစဉ်ကပင်လွှဲပြောင်းမှုမမြောက်ပါ။


အမည်ခံအမည်ငှား(benami)လွှဲပြောင်းမှုသည်အကျိုးသက်ရောက်မှုမရှိ၍ထိုလွှဲပြောင်းမှုကိုတရားရုံးကပယ်ဖျက်ပစ်ရန်မလို၊ပိုင်ရှင်ကလက်ရောက်ရလိုမှုတန်း၍စွဲဆိုနိုင်သည်ဟု၊ 4 LBR 266 ( PC )စီရင်ထုံးတွင်ပြဆိုထားရာပျက်ပြယ်သောရောင်းချမှုကိုပယ်ဖျက်ရန်မလိုပါ။


ရောင်းချလွှဲပြောင်းမှုမရှိဟုသတ်မှတ်(TREAT)ရန်ဖြစ်ပါသည်။


ပျက်ပြယ်သောအမွေဝေစုများကိုမခွဲဝေသေးသမျှအမွေပုံတွင်ပါဝင်မြဲပါဝင်ရပါမည်။


တရားမဝင်ရောင်းချခြင်းကြောင့်အမွေဆိုင်ပစ္စည်းအဖြစ်မှရပ်စဲသွားရန်အကြောင်းမရှိပါ။


ရှိကြောင်းညွှန်ပြသောထုံးသာဓကလည်းမရှိပါ။


အမွေပစ္စည်းဟူသည်၊အမွေရှင်သေဆုံးစဉ်အခါက၎င်းပိုင်ဆိုင်၍ကျန်ရစ်သောပစ္စည်းများသာဖြစ်ပါသည်။


အမွေခွဲဝေယူရသည့်ပစ္စည်းဟူသည်၊အမွေပစ္စည်းဖြစ်သည်မှာအများအသိ( common knowledge )ဖြစ်ပါသည်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ