၁၉၄၈မှ၁၉၆၂ကာလအတွင်းထုံးဖွဲ့ခဲ့သောစီရင်ထုံးများအနက်

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


၁၉၄၈မှ၁၉၆၂ကာလအတွင်းထုံးဖွဲ့ခဲ့သောစီရင်ထုံးများအနက်၊သဘောထားကွဲလွဲသော၊ 1953 BLR ( SC ) 116 နှင့် 1958 BLR ( SC ) 160 စီရင်ထုံးနှစ်ရပ်အကြောင်းကို၊ဥပဒေပြဿနာအဖြာဖြာစာအုပ်၊အမှာစာ၊စာမျက်နှာ(ကဃ)မှ(ကင)တွင်ရှင်းပြခဲ့သည်။


ယခင်တရားလွှတ်တော်ချုပ်(Supreme Court)​၏၁၄နှစ်သက်တမ်းကာလအတွင်း၊ဝိဝါဒကွဲပြားသောစီရင်ထုံးဟူ၍၊အဆိုပါစီရင်ထုံးနှစ်ရပ်သာရှိခဲ့ဖူးသည်။


ပထမစီရင်ထုံး[ 1953 BLR ( SC ) 116 ]ကိုအကြောင်းပြု၍၊ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ၂၅၂(၂)ကိုပြင်ဆင်လိုက်သဖြင့်၊ပထမစီရင်ထုံး[ 1953 BLR ( SC ) 116 ]ပါထုံးဖွဲ့ချက်တို့မှာခိုင်လုံတော့သည်မဟုတ်။


1953 BLR ( SC ) 116


Nga Pein and two others  v.  The Union of Burma .


Present U Thein Maung , Chief Justice of the Union , U Aung Khine and U Bo Gyi , JJ .


အမှုတွင်၊တရားခံများအပေါ်စွဲချက်မတင်မီတရားလိုပြသက်သေများကိုတရားခံဘက်မှပြန်လှန်စစ်ဆေးခွင့်ရှိမှသာလျှင်၊သက်သေခံအက်ဥပဒေပုဒ်မ၃၃​၏ခြွင်းချက်အရစွဲချက်မတင်မီစစ်ဆေးခဲ့သောသက်သေများ​၏ထွက်ချက်များမှာသက်သေခံဝင်သည်။


ဝရမ်းမှုများ၌စွဲချက်မတင်မီတရားလိုပြသက်သေများကို၊တရားခံဘက်မှအခွင့်အရေးတရပ်အနေဖြင့်ပြန်လှန်စစ်ဆေးခွင့်မရှိ။လက်တွေ့တွင်မူပြန်လှန်စစ်မေးသည်။


သို့ဖြစ်၍တရားခံဘက်မှပြန်လှန်စစ်မေးရန်တရားလိုပြသက်သေများကိုပြန်ခေါ်၍မရလျှင်၊စွဲချက်မတင်မီထွက်ဆိုချက်များသည်သက်သေခံမဝင်ဟုထုံးဖွဲ့သည်။


၁၉၅၇ခုနှစ်တွင်၊ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ၂၅၂ကိုပြင်ဆင်ရာ၌ပုဒ်မ၂၅၂(၂)တွင်"ထို့ပြင်တရားလိုဘက်အတွက်သက်သေခံရန်ဆင့်ခေါ်ခြင်းခံရသူကို၊တရားခံဘက်မှပြန်လှန်စစ်မေးခွင့်ရှိစေရမည်"ဟုဖြည့်စွက်ခဲ့သည်။


1958 BLR ( SC ) 160


The Union of Burma  v.  U Hla Tun Pru and two others .


Present : U Myint Thein , Chief Justice of the Union , U Chan Htoon , J. and U Bo Gyi , J .


အမှုတွင်မူ၊တရားခံသည်တရားလိုဘက်ကစစ်ဆေးသောသက်သေများကိုပြန်လည်စစ်မေးနိုင်ကြောင်း၊သက်သေခံအက်ဥပဒေပုဒ်မ၁၃၈၌ခွင့်ပြုထားကြောင်းထောက်ပြပြီးနောက်၊ဝရမ်းမှု၌စုံစမ်းစစ်ဆေးသည့်အဆင့်(စွဲချက်မတင်မီအဆင့်)တွင်ထွက်ဆိုသည့်သက်သေ​၏ထွက်ချက်သည်၊သက်သေခံအက်ဥပဒေပုဒ်မ၃၃​၏အဓိကစာပိုဒ်အရသက်သေခံဝင်သည်။


ပုဒ်မ၃၃​၏ခြွင်းချက်နှင့်မဆိုင်ဟုအကျယ်တဝင့်ရှင်းပြသည်။


ထိုထုံးဖွဲ့ချက်က၊၁၉၅၃ခုနှစ်စီရင်ထုံးပါအကြောင်းပြချက်မခိုင်လုံကြောင်းပေါ်လွင်စေသည်။


စီရင်ထုံးနှစ်ရပ်၌ကျိုးကြောင်းဆင်ခြင်ပုံကိုနှိုင်းယှဉ်လေ့လာခြင်းဖြင့်၊ဥပဒေပညာအများအပြားရန်ုင်သည်။


ကျိုးကြောင်းဆင်ခြင်သည့်ပညာတိုးတက်နိုင်သည်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]