ခိုင်ခံ့သည်ဟုယူဆကာထုံးပြုခဲ့ပြီးကာမှ

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


ခိုင်ခံ့သည်ဟုယူဆကာထုံးပြုခဲ့ပြီးကာမှ၊ထုံးပြုသောအဆုံးအဖြတ်တို့ကိုအယူခံတွင်ပယ်ဖျက်(Reversed)လိုက်သည်များလည်းရှိသည်။


1957 BLR ( HC ) 273 အမှုတွင်ချမှတ်ခဲ့သောအဆုံးအဖြတ်ကို၊ 

1961 BLR ( SC ) 19တွင်ပယ်ဖျက်သည်။


1957 BLR ( HC ) 273


Messrs. Arakan Carriers Syndicate


                     v.


Chandmal Birla and two others .


Before U Aung Khine , J . and U Ba Thoung , J .


အမှုတွင်၊တရားဝန်ကြီးဦးအောင်ခိုင်ကအောက်ပါအတိုင်းဆုံးဖြတ်သည်-


"In the result the appeal is allowed and the plaintiff-respondents suit against the appellant Arakan Carriers Syndicate is dismissed with costs throughout and instead there will be a decree for the plaintiff-respondents for Rs. 5194-10-9 with costs throughout against the 3rd respondent , the Port Officer , Akyab."


1961 BLR ( SC ) 19


စစ်တွေမြို့ဆိပ်ကမ်းအရာရှိ နှင့် ရခိုင်တိုင်းသယ်ယူပို့ဆောင်ရေးဆင်ဒီကိတ်အဖွဲ့ပါ၃


ခေတ္တနိုင်ငံတော်တရားဝန်ကြီးချုပ်ဦးချန်ထွန်း၊နိုင်ငံတော်တရားဝန်ကြီးများဖြစ်ကြသောဦးဘိုကြီးနှင့်ဦးအောင်သာကျော်တို့ရှေ့မှောက်တွင်၊တရားဝန်ကြီးဦးဘိုကြီးအမိန့်ချမှတ်သည်။


အမှုတွင်၊တရားဝန်ကြီးဦးဘိုကြီးကအောက်ပါအတိုင်းဆုံးဖြတ်သည်။


"ယခုအမှု၌ကား၊တရားလွှတ်တော်သည်ဆိပ်ကမ်းအရာရှိအားတရားခံအဖြစ်ထည့်သွင်းရခြင်းအကြောင်းမှာ၊မိမိတို့တွေ့ရှိရသည့်အတိုင်းဆိုလျှင်၊လျော်ကြေးငွေပေးရန်တာဝန်ကျသူမှာဆိပ်ကမ်းအရာရှိသာလျှင်ဖြစ်၍၊မူလရုံးတော်​၏အမိန့်ဒီကရီကိုပယ်ဖျက်လျှင်၊ချန်မာဘီလာနှင့်အင်ကဘရာတို့သည်၊အယူခံလွှာတင်သွင်းခြင်းမပြုခဲ့သည့်အတွက်လျော်ကြေးငွေတပြားတချပ်မှမရရှိဘဲနေမည်ကိုစိုးရိမ်သောကြောင့်ထည့်သွင်းရသည်ဟုမြွက်ဆိုထားလေသည်။


သို့သော်ထိုသူများသည်မူလတရားခံ၄ဦးအနက်၊တဦးဦးအပေါ်၌ဒီကရီရလိုကြောင်းဖြင့်တရားစွဲဆိုခဲ့ရာ၊ရခိုင်တိုင်းသယ်ယူပို့ဆောင်ရေးဆင်ဒီကိတ်အဖွဲ့အပေါ်၌ဒီကရီရရှိပြီးဖြစ်သဖြင့်၊အယူခံဝင်ရန်မလိုတော့ချေ။အယူခံဝင်နိုင်ခွင့်လည်းမရှိတော့ချေ။


ထို့ကြောင့်တရားလွှတ်တော်က၊ကာလစည်းကမ်းသတ်ကျော်လွန်ပြီးမှစစ်တွေမြို့၊ဆိပ်ကမ်းအရာရှိအားအယူခံတရားခံအဖြစ်ထည့်သွင်းပြီး၎င်းအပေါ်၌ဒီကရီချမှတ်ခြင်းမှာအထင်အရှားမှားယွင်းသည်ဟုယူဆရပေမည်။


ထိုဆိပ်ကမ်းအရာရှိအားယင်းသို့အယူခံတရားခံအဖြစ်ထည့်သွင်းခြင်းမပြုရလျှင်၊တရားလွှတ်တော်အယူခံမှုမှာဆက်လက်ဆောင်ရွက်နိုင်ခွင့်မရှိတော့ချေ။


အဘယ့်ကြောင့်ဆိုသော်အကယ်၍၊ယခုတွေ့ရှိရသည့်အတိုင်းတရားလွှတ်တော်ကဆိပ်ကမ်းအရာရှိသာလျှင်လျော်ကြေးငွေပေးရန်တာဝန်ရှိသည်ဟုဆုံးဖြတ်လျှင်၊ထိုဆုံးဖြတ်ချက်သည်၊ရခိုင်တိုင်းသယ်ယူပို့ဆောင်ရေးဆင်ဒီကိတ်အဖွဲ့သာလျှင်လျော်ကြေးပေးရန်တာဝန်ရှိသည်ဟူသော၊အတည်ဖြစ်လျက်ရှိနေသည့်၊မူလတရားရုံးစီရင်ချက်နှင့်ဖီလာဆန့်ကျင်နေလိမ့်မည်ဖြစ်သည်။


အထက်ဖော်ပြပါအကြောင်းများကြောင့်၊တရားလွှတ်တော်​၏စီရင်ချက်နှင့်ဒီကရီကိုပယ်ဖျက်ပြီး၊မူလတရားရုံးတော်​၏စီရင်ချက်နှင့်ဒီကရီကိုပြန်လည်အတည်ပြုလိုက်သည်။"


ထိုသို့ပယ်ဖျက်(Reversed )သည့်အမှားအယွင်းများမှာနှစ်ရှည်သည်မဟုတ်။


စီရင်ထုံးတရပ်တွင်ပြဆိုသောဥပဒေကို

အခြားအမှုတွင်ပယ်ဖျက်(Overruled )သည့်ကိစ္စ၌

အမှားသည်အနည်းနှင့်အများသံသရာရှည်တတ်သည်။


အမှားဆုံးဖြတ်သည့်အတွက်အမှုသည်များ​၏နစ်နာမှုကို၊အမှားပြင်သည့်စီရင်ထုံးကကုစားပေးနိုင်ခြင်းမရှိ။နောက်အမှုသည်များအတွက်သာလျှင်အကျိုးရှိသည်။


အလားတူဥပဒေပြဿနာအကျုံးဝင်သောအမှုမျိုးသည်၊ပြည်ထောင်စုတရားလွှတ်တော်ချုပ်အထိရောက်ရှိလာရာမှ၊ဆိုင်ရာရှေ့နေကတင်ပြအဆုံးအဖြတ်ခံယူတော့မှ၊အမှားကို( Overruled )လုပ်ရန်အခွင့်အရေးရမည်ဖြစ်ရာ၊နှစ်ချီ၍ကြာမြင့်ရန်အကြောင်းရှိသည်။


ဤအခြေအနေတွင်၊စီရင်ချက်များကိုထုံးပြုရာ၌မည်မျှတာဝန်ကြီးလေးကြောင်းမြင်သာသည်ဖြစ်၍၊အထူးဂရုဓမ္မပြုရန်လိုအပ်ကြောင်းတင်ပြလိုသည်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]