စီရင်ချက်(ဆုံးဖြတ်ချက်)တရပ်သည်
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
စီရင်ချက်(ဆုံးဖြတ်ချက်)တရပ်သည်၊တရားလိုနှင့်တရားပြိုင်အချင်းချင်းတွင်မီးသေသည်ဟုဆိုသော၊တရားမကျင့်ထုံးဥပဒေပုဒ်မ၁၁ပါဥပဒေသဘောကိုဥပဒေပညာရှင်တိုင်းသဘောပေါက်ပါသည်။
မသိပါဟုဆိုလျှင်-
1957 BLR ( HC ) 96
ဦးမြင့် နှင့် မအေးမိ
တရားလွှတ်တော်ဝန်ကြီးဦးအောင်ခိုင်ရှေ့တော်၌၊စီရင်ထုံးကိုညွှန်ပြယုံသာရှိသည်။
(စီရင်ထုံးတွင်( HC )အစား( CC )ဟုမှားယွင်းဖော်ပြထားသည်)
တရားပြိုင်အချင်းချင်းတွင်မည်သည့်အခါမီးသေကြောင်း-
10 Ran 322 ( PC )
Maung Sein Done v. Ma Pan Nyun and others.
Present : Lord Russell of Killowen , Sir George Lowndes , and Sir Dinshah Mulla .
စီရင်ထုံးနှင့်
1984 BLR 180
ဒေါ်မြင့်သိန်းပါ၃ နှင့် ဦးသန်းရွှေပါ၃
စီရင်ထုံးများကိုဖတ်ပါ။
တဖက်တွင်စီရင်ချက်တရပ်သည်တရားပြိုင်အချင်းချင်း၌မီးသေခြင်းကိစ္စမှာရိုးစင်းလှသည်မဟုတ်။
စီရင်ထုံးများတွင်သာအဖြေတွေ့နိုင်သည်။
မြန်မာနိုင်ငံ၏စီရင်ထုံးသမိုင်းအစဖြစ်သည့်၁၈၇၂ခုနှစ်မှ၃၅နှစ်ခန့်အကြာတွင်၊ထိုဥပဒေသဘောကို(၂၄-၅-၁၉၀၇)နေ့၌ဆုံးဖြတ်သော-
1907-09 , 2 UBR Civil Procedure 5
Nga Thet Tha vs. Mi Kye Gyi .
Before G. W. Shaw , Esq .
စီရင်ထုံးတွင်၊မြန်မာနိုင်ငံစီရင်ထုံးများ၌ပထမဆုံး၊ဆုံးဖြတ်သည်ကိုတွေ့ရသည်။
စီရင်ထုံးစာမျက်နှာ၆၌၁၈၈၆(သီပေါမင်းနန်းကျပြီးတနှစ်ခန့်အကြာ)၌ဆုံးဖြတ်သော၊ဘုံဘေဟိုက်ကုတ်စီရင်ထုံးတခု( I. L. R., 11 Bom., 216. )ကို၊ကိုးကားထားပြီး၊ဘုံဘေစီရင်ထုံးတွင်၁၈၄၃ခုနှစ်(ပုဂံမင်းလက်ထက်၌)ဆုံးဖြတ်သော၊အင်္ဂလန်နိုင်ငံရှိအောက်ပါစီရင်ထုံး( 3 Har's Rep., 627. )ကိုလိုက်နာသည်ဟုဖော်ပြထားသည်-
"ပူးတွဲတရားပြိုင်အချင်းချင်းအငြင်းပွားသောအမှုကိုစီရင်ဆုံးဖြတ်ခြင်းမပြုဘဲ၊တရားလိုသည်မိမိ၏အခွင့်အရေးကိုမရနိုင်လျှင်၊တရားရုံးသည်ထိုအငြင်းပွားမှုကိုစီရင်ဆုံးဖြတ်ရမည်ဖြစ်ပြီး၊ပူးတွဲတရားပြိုင်တို့သည်ထိုအဆုံးအဖြတ်ကိုလိုက်နာရန်တာဝန်ရှိမည်ဖြစ်သည်။
သို့ရာတွင်တရားလိုအားပေးသည့်သက်သာခွင့်သည်၊ပူးတွဲတရားပြိုင်အချင်းချင်းအငြင်းပွားသောအမှုကိုဆုံးဖြတ်ရန်လိုအပ်သည်မဟုတ်ဘဲသို့မဟုတ်ထိုအဆုံးအဖြတ်တွင်အကျုံးမဝင်ဘဲ၊တရားလိုရရှိသောဒီကရီအတွက်သာလျှင်လိုအပ်သည်ဖြစ်ပါက၊တရားပြိုင်အချင်းချင်းတရားဆိုင်ကြသောမှုခင်းတရပ်ရပ်တွင်ထိုအဆုံးအဖြတ်ကိုလိုက်နာရန်တာဝန်ရှိမည်မဟုတ်။"
1907-09 , 2 UBR Civil Procedure 5 စီရင်ထုံးစာမျက်နှာ၆တွင်အောက်ပါအတိုင်းသုံးသပ်ထားသည်-
"The leading case in India on these subject is Ram Chandra Narayan vs. Narayan Mahadev ( 1886 )( I. L. R. , 11 Bom., 216. ) which was based on Cottingham vs. Earl of Shrewsbury ( 1843 )( 3 Har's Rep., 627. ) and has been followed by all the others High Courts.
In the English case as quoted in Amad Ali vs. Najab Khan ( 1895 )( 18 All., 65.) it was said : "If a Plaintiff cannot get at his right without trying and deciding a case between co-defendants , the Court will try and decide that case , and the co-Defendants will be bound . But if the relief given to the Plaintiff does not require or involve a decision of any case between co-Defendants , the co-Defendants will not be bound as between each other by any proceeding which may be necessary only to the decree the Plaintiff obtains."
အထက်ပါအဆိုအမိန့်သည်ရိုးစင်းသည်။
မီးသေသည်ဆိုသောစကားရပ်အစား၊စီရင်ချက်ကိုအငြင်းပွားသောပူးတွဲတရားပြိုင်များကလိုက်နာရန်တာဝန်ရှိသည်ဟုဆိုသည်။
ထိုအဆုံးအဖြတ်ကို၎င်းတို့အချင်းချင်းတရားဆိုင်သောနောက်အမှုတွင်အငြင်းပွားခွင့်မရှိ၊ပိတ်ပင်သည်ဟုအဓိပ္ပာယ်ရရှိသည်မှာပေါ်လွင်သည်။
Comments
Post a Comment