ဆွေးနွေးလျက်ရှိသောမညိုအမှုတွင်

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


ဆွေးနွေးလျက်ရှိသောမညိုအမှုတွင်၊ရေနံတွင်းကိုဝယ်ယူသောသူတဦးတယောက်သည်၊သားသမီးထွန်းကားခြင်းမရှိဘဲသေဆုံးသွားပါက၊ရေနံတွင်းအရိုး(ရေနံတွင်းပိုင်ဆိုင်ခွင့်)သည်၊ရောင်းသူထံသို့ရောက်သွားသောဥပဒေတမျှတည်နေသည့်ထုံးတမ်းစဉ်လာရှိသည်ဟု၊မလှခင်ကအဆိုပြုစွဲဆိုရာ၌၊တရားပြိုင်မညိုကထုံးတမ်းရှိခြင်းကိုဝန်ခံသည်။


သို့သော်ပူးတွဲတရားပြိုင်မဖက်တီမာဘီဘီ(ရေနံတွင်းကိုဝယ်သောသူ​၏သမီးဖြစ်သည်ဟု၊တရားလွှတ်တော်အယူခံအမှုတွဲရှိခရိုင်တရားရုံး​၏စီရင်ချက်မိတ္တူ၌ဖော်ပြထားသည်။ရေနံတွင်းဝယ်သောအမေနှင့်တရားပြိုင်သမီးတို့မှာအမည်တူများဖြစ်ကြသည်)ကမူ၊ထိုထုံးတမ်းစဉ်လာမျိုးမရှိဟုငြင်းသည်။


သို့ဖြစ်ရာထုံးတမ်းစဉ်လာရှိမရှိပြဿနာသည်တရားလိုမလှခင်နှင့်တရားပြိုင်မဖက်တီမာဘီဘီတို့အချင်းချင်းတွင်သာမက၊တရားပြိုင်မညိုနှင့်မဖက်တီမာဘီဘီတို့အချင်းချင်းတွင်လည်းအငြင်းပွားသည်။


တရားလိုမလှခင်တောင်းဆိုသောသက်သာခွင့်ကိုရခွင့်ရှိမရှိမှာ၊ပူးတွဲတရားပြိုင်နှစ်ဦးအကြားတွင်လည်းအငြင်းပွားလျက်ရှိသော၊အချင်းဖြစ်ထုံးတမ်းစဉ်လာရှိမရှိဟူသောအငြင်းပွားမှုကိုစီရင်ဆုံးဖြတ်ရန်လိုအပ်သည်ဖြစ်ရာ၊မူလတရားရုံးကထိုအငြင်းပွားမှုကိုကြားနာကာ၊အချင်းဖြစ်ထုံးတမ်းစဉ်လာမရှိဟုဆုံးဖြတ်သည်။


ထိုဆုံးဖြတ်ချက်သည်တရားလိုမလှခင်နှင့်တရားပြိုင်များအချင်းချင်းတွင်သာမီးသေသည်မဟုတ်။


ပူးတွဲတရားပြိုင်များဖြစ်ကြသောမညိုနှင့်မဖက်တီမာဘီဘီတို့အချင်းချင်းတွင်လည်းမီးသေသည်။


ထိုအဆုံးအဖြတ်မမှန်ဟုမညိုက၎င်းနှင့်မဖက်တီမာဘီဘီတို့အချင်းချင်းတရားဆိုင်ကြသောအခြားအမှု(ရှိခဲ့လျှင်)တွင်ငြင်းခွင့်မရှိတော့။


ထိုအဆုံးအဖြတ်ကိုလိုက်နာရမည်သာဖြစ်သည်။


တရားလွှတ်တော်ကမညို​၏အယူခံကိုကြားနာသောအခါ၊အရပ်သားမညိုသည်အထက်ပါဥပဒေသဘောကိုပြဆိုသောစီရင်ထုံးများကို၊ကိုးကားတင်ပြနိုင်ပုံမပေါ်။


အယူခံတရားပြိုင်ဘက်မှလိုက်ပါဆောင်ရွက်သောရှေ့နေသည်၊အထက်ဖော်ပြပါစီရင်ထုံးများအပါအဝင်စီရင်ထုံးများကို၊၎င်းအမှုသည်များ​၏အမှုကိုထိခိုက်အောင်တင်ပြလျှောက်လဲတင်မည်မဟုတ်။


သို့ဖြစ်ရာ၊ 1961 BLR ( HC ) 132 အမှုကိုဆုံးဖြတ်သောခုံရုံးသည်၊နှစ်ဖက်အမှုသည်များထံမှမီးသေခြင်းကိစ္စနှင့်စပ်လျဉ်း၍လျှောက်လဲချက်ကြားနာရန်အခွင့်အရေးဆုံးရှုံးခဲ့ရာမှ၊အချင်းဖြစ်ထုံးတမ်းစဉ်လာရှိမရှိနှင့်စပ်လျဉ်းသော၊မူလတရားရုံး​၏ကောက်ယူဆုံးဖြတ်ချက်မီးသေခြင်းမရှိဟု၊အကြောင်းတစုံတရာမပြဘဲဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။


ဤသာဓကက၊တရားရုံးများသည်မှုခင်းများကိုစီရင်ဆုံးဖြတ်ကြရာ၌၊နှစ်ဘက်သောရှေ့နေရှေ့ရပ်တို့​၏ကဏ္ဍမည်မျှအရေးပါသည်ကိုညွှန်ပြသည်။


ရှေ့နေရှေ့ရပ်မပါလျှင်၊တရားရုံးသည်ဥပဒေပြဿနာများကိုအထူးဂရုဓမ္မပြုကာစီရင်ကြရန်လိုအပ်ပါသည်။







Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]