ကြောင်းကျိုးဆင်ခြင်ရာတွင်အတွေးခေါင်ခြင်းသည်အဟန့်အတားတရပ်ဖြစ်သည်
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
ကြောင်းကျိုးဆင်ခြင်ရာတွင်အတွေးခေါင်ခြင်းသည်အဟန့်အတားတရပ်ဖြစ်သည်။
ရန်ကုန်အတွဲ၁၄၊စာ၁၆စီရင်ထုံးပါထုံးဖွဲ့ချက်ကိုရည်ညွှန်းပြီး၊ရန်ကုန်အတွဲ၁၄၊စာ၃၀၈(အထူးခုံရုံး)၊စီရင်ထုံးစာမျက်နှာ၃၀၉တွင်-
"In our opinion that dictum with all respect went too far"
ဟုဝေဖန်ပါသည်။
စကားကျွံသည်ဟုဆိုလိုရင်းဖြစ်ပါသည်။
ကြောင်းကျိုးဆင်ခြင်ရာ၌အတွေးကျွံမသွားဖို့လိုပါသည်။
ကျွံလျှင်အမှန်သို့ရောက်မည်မဟုတ်။
အဖြေကိုဦးစွာထုတ်ပြီး၊ထိုအဖြေသို့မရောက်ရောက်အောင်ဆင်ခြင်ယူရာ၌၊ကြောင်းကျိုးဆင်ခြင်မှုမှာသဘာဝယုတ္တိမဲ့တတ်သည်။
ယုတ္တိဗေဒအရကြောင်းကျိုးဆင်ခြင်ကာအဖြေမှန်ကိုရှာရန်ဖြစ်ပါသည်။
သာဓကမှာ၊ယခင်တရားလွှတ်တော်ချုပ်သက်တမ်းတွင်၊ဖြောင့်ဖြောင့်ကြီးဆန့်ကျင်သောအတွေးအခေါ်နှစ်ရပ်ပေါ်ပေါက်ခဲ့ပါသည်။
တရားလိုပြသက်သေကို၊ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ၂၅၆အရစစ်မေးရန်ပြန်ခေါ်၍မရသည့်ကိစ္စ။
ဝရမ်းမှု၌စွဲချက်မတင်မီစစ်ဆေးခဲ့သောတရားလိုပြသက်သေတဦးကိုစွဲချက်တင်ပြီးနောက်၊တရားခံကရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ၂၅၆အရပြန်လှန်စစ်မေးနိုင်ရန်ပြန်ခေါ်၍မရလျှင်၊စွဲချက်မတင်မီစစ်ဆေးခဲ့သောထိုသက်သေ၏ထွက်ချက်မှာသက်သေခံမဝင်။
သက်သေခံအက်ဥပဒေပုဒ်မ၃၃၏ခြွင်းချက်ပါ-
( provided that the adverse party in the first proceeding had the right and opportunity to cross-examine )
ဟူသောပြဌာန်းချက်ကိုရည်ညွှန်းကာ၊တရားခံသည်စွဲချက်မတင်မီတရားလိုပြသက်သေများကိုအခွင့်အရေးတရပ်အနေဖြင့်ပြန်လှန်စစ်မေးခွင့်ရသည်မဟုတ်ဟု၊ 1953 BLR ( SC ) 116 အမှုတွင်၊ယခင်တရားလွှတ်တော်ချုပ်ကထုံးဖွဲ့သည်။
ပုဒ်မ၃၃၏ပင်ရင်းပြဌာန်းချက်တွင်-
"in a subsequent judicial proceeding or in a later stage of the same judicial proceeding "
ဟုပါရှိရာ၊ဝရမ်းမှုတွင်တရားခံအပေါ်စွဲချက်တင်ပြီးနောက်၊အမှုကိုဆက်လက်စစ်ဆေးခြင်းသည်-
"in a subsequent judicial proceeding or in a later stage of the same judicial proceeding "
ဟူသောပြဌာန်းချက်များတွင်အကျုံးဝင်သည်ဟု၊တရားလွှတ်တော်ချုပ်ကမှတ်ယူခဲ့ပုံပေါ်သည်။
1958 BLR ( SC ) 160(ပြစ်မှု)စီရင်ထုံး၌၊ဝရမ်းမှုတွင်တရားခံကိုစွဲချက်တင်ပြီးနောက်အမှုကိုစစ်မေးခြင်းသည်၊ပုဒ်မ၃၃ပါ"a later stage of the same proceeding"မဟုတ်ကြောင်းပြဌာန်းချက်များကို၊အကျယ်တဝင့်စိစစ်ဆုံးဖြတ်သည့်အပြင်၊သက်သေခံအက်ဥပဒေပုဒ်မ၁၃၈အရ၊တရားခံသည်စွဲချက်မတင်မီတရားလိုပြသက်သေများအားပြန်လှန်စစ်မေးခွင့်ရှိသည့်အပြင်၊အခွင့်အလမ်းလည်းရှိသည်ဟုဆုံးဖြတ်ကာ၊စွဲချက်မတင်မီစစ်ဆေးခဲ့သောတရားလိုပြသက်သေကို၊ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ၂၅၆အရပြန်ခေါ်စစ်ဆေးခွင့်မရစေကာမူ၊စွဲချက်မတင်မီစစ်ဆေးခဲ့သော၎င်း၏ထွက်ချက်သည်သက်သေခံဝင်သည်ဟုဆုံးဖြတ်သည်။
အမှန်ဆိုသော်တရားလွှတ်တော်ချုပ်က၊ဒုတိယအမှုကို[ 1958 BLR ( SC ) 160 ]ဆုံးဖြတ်သည့်အခါ၊ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ၂၅၂တွင်စွဲချက်မတင်မီတရားခံသည်တရားလိုပြသက်သေများအားပြန်လှန်စစ်မေးခွင့်ရှိသည်။အခွင့်အလမ်းလည်းရှိသည်ဟုလက်ရှိပြဌာန်းချက်အတိုင်းပြင်ဆင်လိုက်သဖြင့်၊ပထမစီရင်ထုံး[ 1953 BLR ( SC ) 116 ]ကိုလိုက်နာရန်မလိုတော့ချေ။
Comments
Post a Comment