အမွေဆိုင်များ( heirs )သည်၊မြန်မာဗုဒ္ဓဘာသာလင်မယား၏ပစ္စည်းခန်းဆိုင်ရေးဆိုင်ခွင့်နှင့်အနေအထားချင်းတူပါသည်
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
တရားသူကြီး၇ဦးဆုံးဖြတ်ထားသော၊ N.A.V.R. Chetty Firm vs. Maung Than Daing အမှု၊ 9 Ran. 524 စီရင်ထုံးတွင်၊အတူပိုင်ဆိုင်သူများအနက်တဦးသည်ကျန်တဦး၏သဘောတူညီချက်မရဘဲကျန်တဦး၏ဝေစုကိုလွှဲပြောင်းခွင့်မရှိဟုထုံးဖွဲ့ထားရာ၊ပရီဗီကောင်စီကထိုထုံးဖွဲ့ချက်ကို၊ U Pe vs. U Maung Maung Kha အမှု၊ 10 Ran. 261 ( PC )အမှုတွင်လက်ခံအတည်ပြုထားခဲ့ရာ၊ထိုအချိန်မှစ၍ထိုဥပဒေသမှာအခြေကျလျက်ရှိသည်။
အမွေဆိုင်များ( heirs )သည်၊မြန်မာဗုဒ္ဓဘာသာလင်မယား၏ပစ္စည်းခန်းဆိုင်ရေးဆိုင်ခွင့်နှင့်အနေအထားချင်းတူပါသည်။
လင်မယားသည်အတူပိုင်ဆိုင်သူများဖြစ်သည်ဟု-
9 Ran. 524
N. A. V. R. Chettyar Firm vs. Maung Than Daing .
Before Sir Arthur Page , Kt., Chief Justice , Mr. Justice Carr , Mr. Justice Das , Mr. Justice Maung Ba , Mr. Justice Mya Bu , Mr. Justice Sen and Mr. Justice Dunkley .
အမှု၌၊တရားသူကြီးခုနှစ်ဦးပါသောစုံညီခုံရုံးက၊၁၉၃၁ခုနှစ်ဩဂုတ်လ၁၈ရက်နေ့ကဆုံးဖြတ်ခဲ့ပါသည်။
9 Ran. 524 အမှုသည်၊၁၉၂၇ခုနှစ်မတ်လ၁၁ရက်နေ့ကဆုံးဖြတ်သော-
5 Ran. 296 ( FB )
Ma Paing vs. Maung Shwe Hpaw and eight others .
Before Sir Guy Rutledge , Kt., K. C., Chief Justice , Mr. Justice Heald , Mr. Justice Chari , Mr. Justice Maung Ba , and Mr. Justice Doyle .
အမှု၌ချမှတ်သောထုံးဖွဲ့ချက်ကိုပယ်ဖျက်ဆုံးဖြတ်ခဲ့ပါသည်။
9 Ran. 524 စီရင်ထုံးကို၊ပရီဗီကောင်စီက-
10 Ran. 261 ( PC )
U Pe vs. U Maung Maung Kha .
Present : Viscount Dunedin , Lord Thankerton and Sir Dinshah Mulla .
အမှုတွင်လက်ခံအတည်ပြုပြီးဖြစ်၍အခြေကျသောဥပဒေသဖြစ်ပါသည်။
9 Ran. 524 အမှု၌၊၁၈၉၇ခုနှစ်တွင်ဆုံးဖြတ်ခဲ့သည့်-
PJLB 403
Maung Po Sein vs. Ma Pwa and six others .
Before E. Hosking , Esq .
အမှုတွင်"လင်သည်မိမိအမွေရသောပစ္စည်းတွင်မယား၏ဝေစုကို၎င်း၏သဘောတူချက်မရဘဲရောင်းချခြင်းသည်ပျက်ပြယ်( Void )သည်"ဟုဆုံးဖြတ်ထားသည်ကိုလက်ခံကာ၊စုံညီခုံရုံးကအောက်ပါအတိုင်းထုံးဖွဲ့ပါသည်-
"Either party to the marriage is competant to alienate or otherwise dispose of his or her own interest in the joint property but neither of them is entitled to alienate the interest of the other without the consent , express or implied , of that party."
(လင်သို့မဟုတ်မယားသည်ပူးတွဲပိုင်ပစ္စည်းတွင်မိမိ၏အကျိုးခံစားခွင့်ကိုလွှဲပြောင်းသို့မဟုတ်စီမံခန့်ခွဲခွင့်ရှိသည်။သို့သော်၎င်းတို့အနက်မည်သူကမျှအခြားသူ၏အတိအလင်းသို့မဟုတ်သဘောသက်ရောက်သောသဘောတူချက်မရရှိဘဲ၎င်း၏အကျိုးခံစားခွင့်ကိုလွှဲပြောင်းခွင့်မရှိ။)
အထက်ပါစီရင်ထုံးကို၊ဒေါ်သိန်းသိန်းပါ၃ နှင့် ဒေါ်ဝင်းကြိုင်၊ 1998 BLR 276(282)စုံညီအရလည်းကောင်း၊ဦးသိန်းနိုင် နှင့် ဒေါ်အေးအေး၊ 1992 BLR 159(164)အမှုတွင်လည်းကောင်းလိုက်နာဆုံးဖြတ်ထားသည်ကိုတွေ့မြင်နိုင်ပါသည်။
မြန်မာဗုဒ္ဓဘာသာလင်သို့မဟုတ်မယားကအခြားသူ၏ဝေစုကို၎င်း၏သဘောတူချက်မရရှိဘဲရောင်းချခြင်းမပြုနိုင်ဟူသောဥပဒေသည်၎င်းတို့နှင့်အနေအထားချင်းတူသောမြန်မာဗုဒ္ဓဘာသာအမွေရှင်၏အမွေကိုဆက်ခံသူများနှင့်လည်းသက်ဆိုင်သည်မှာယုံမှားဖွယ်မရှိပါ။
ယေဘုယျဥပဒေသဘောမှာ-
9 BLR 157
Nagappa Chetty and another vs. Ma Sa Yi , Ma Thet Hnan , Moung Tha Ya , Ma Me Gale .
Before Mr. Justice Fox and Mr. Justice Irwin .
( Dunkley's Digest အတွဲ၁၊ကော်လံ၉၇၁)အမှု၌လိုက်နာဆုံးဖြတ်သော-
" nemo dat quod non habet " ဥပဒေဆိုရိုးအရ၊မည်သူမျှမိမိတွင်မရှိသည့်အခွင့်အရေးကိုသူတပါးအားမအပ်နှင်းနိုင်ပါ။
9 BLR 157 စီရင်ထုံးစာမျက်နှာ၁၆၁တွင်အောက်ပါအတိုင်းဆုံးဖြတ်သည်-
( the maxim " Nemo dat quod non habet " would apply . The general rule of law is that no one can transfer a better title than he possesses. )
ထိုဆိုရိုးပါဥပဒေသကို၊ကုန်စည်များရောင်းချခြင်းအက်ဥပဒေပုဒ်မ၂၇တွင်" The buyer acquires no better title to the goods than the seller had "ဟူ၍လည်းကောင်း၊ပစ္စည်းလွှဲပြောင်းအက်ဥပဒေပုဒ်မ၅၅(၂)တွင်လည်းကောင်းပြဌာန်းထားပါသည်။
ရောင်းသူသည်မိမိပိုင်ဆိုင်သမျှကိုသာရောင်းချနိုင်သည်မှာမြင်သာသောဥပဒေသဖြစ်ပါသည်။
1992 BLR 159(164)အမှု၌" ရောင်းချလျှင်လည်း၎င်းပိုင်ဆိုင်ခွင့်ရနိုင်သည့်အချိုးဝေစုအတွက်သာအတည်ဖြစ်နိုင်သည်ဟု "အတိအလင်းပြဆိုထားပါသည်။
Comments
Post a Comment