စီရင်ထုံးတရပ်တွင်ပြဆိုသောဥပဒေသကိုအခြားအမှုတွင်ပယ်ဖျက်( Overruled )သည့်ကိစ္စ
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
စီရင်ထုံးတရပ်တွင်ပြဆိုသောဥပဒေကိုအခြားအမှုတွင်ပယ်ဖျက်( Overruled )သည့်ကိစ္စ၌မူ၊အမှားသည်အနည်းနှင့်အများသံသရာရှည်တတ်သည်။
1892-96 , 2 UBR 608
Ma Tin vs. Doop Raj Barna .
Before G. D. Burgess , Esq., C. S. I.
အမှုတွင်၊မြန်မာပြည်သို့ထာဝရပြောင်းရွှေ့နေထိုင်ရာမှသေဆုံးသွားသောဗုဒ္ဓဘာသာတဦး၏အမွေခန်းသည်၊ဗုဒ္ဓဘာသာတရားဥပဒေ(မြန်မာဓလေ့ထုံးတမ်းဥပဒေ)အရဆုံးဖြတ်ရန်ဖြစ်သည်ဟုပြဆိုပါသည်။
(မှတ်ချက်။ ။ထိုထုံးဖွဲ့ချက်ကို D 1 C 746 ၌ဖော်ပြရန်ပျက်ကွက်နေသည်ကိုတွေ့ရသည်။)
၁၉၀၃ခုနှစ်၊ဧပြီလ၆ရက်နေ့တွင်၊တရားရုံးချုပ်ကဆုံးဖြတ်သော-
2 UBR 95
Fone Lan vs. Ma Gyee and others .
Before Sir Herbert Thirkell White , K. C. I. E., Chief Judge and Mr. Justice Fox .
အမှုတွင်၊ခုံရုံးကမြန်မာနိုင်ငံ၌ထာဝရနေထိုင်သွားသောဗုဒ္ဓဘာသာတရုပ်၏အမွေခန်းသည်၊မြန်မာဓလေ့ထုံးတမ်းဥပဒေနှင့်မသက်ဆိုင်ဟု၊စီရင်ထုံးစာမျက်နှာ၉၈၌ပြဆိုသည်။
နောက်အမြင်မှာ-
1939 RLR 548 ( PC )
Tan Ma Shwe Zin and others vs. Koo Soo Chong and others .
Present : Lord Russell of Killowen , Sir George Rankin and Mr. M. R. Jayakar .
စီရင်ထုံးမထွက်ပေါ်ခင်၊အနှစ်၃၆နှစ်ကြာသက်ဆိုးရှည်ခဲ့သည်။
Comments
Post a Comment