ride out ( ခါးစည်းခံရင်းလွန်မြောက်သည် )
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
၁၉၇၂ခုနှစ်မှစ၍၂နှစ်ခန့်ကြာကာလသည်၊ပြည်သူ့တရားစီရင်ရေးစနစ်စမ်းသပ်ကာလဖြစ်သည်။
၁၉၇၄ခုနှစ်ခန့်မှ၁၄နှစ်ကြာကာလသည်၊ထိုစနစ်အရှိန်ယူခဲ့သည်။
သို့သော်ထိုစနစ်မှာဆိုင်းမဆင့်ဘုံမဆင့်ဘဲချုပ်ငြိမ်းသွားရာမှ၊၁၉၈၈ခုနှစ်တွင်ပြဌာန်းသောတရားစီရင်ရေးဥပဒေအရပြည်သူ့တရားစီရင်ရေးစနစ်မတိုင်မီကခြေကုတ်ရခဲ့သောတရားစီရင်ရေးစနစ်ကိုပြန်လည်အသက်သွင်းသည်။
သို့သော်၁၅နှစ်အတွင်းခါးပြတ်ခဲ့သဖြင့်တရားသူကြီးများအဖြစ်ရုံးထိုင်တရားစီရင်သည့်အတွေ့အကြုံမရှိသောတရားရေးဝန်ထမ်းများတရားသူကြီးအဖြစ်တရားစီရင်ကြသည်။
တဖက်တွင်၁၉၆၇ခုနှစ်အကုန်ထက်နောက်မကျဘဲဝါရင့်သမ္ဘာရင့်ရှေ့နေကြီးများခါးပြတ်ခဲ့ရာမှ၊ပြည်သူ့တရားစီရင်ရေးစနစ်တွင်မှစတင်ရှေ့နေလိုက်ခဲ့သူများမှာ၊၁၉၈၈ခုနှစ်နောက်ဆုံး၅လခန့်နီးပါးတွင်တည်ထောင်သောတရားရုံးအဆင့်ဆင့်တွင်ရှေ့နေလိုက်ကြသည်။
မြို့ကြီးများတွင်တရားလွှတ်တော်ရှေ့နေကြီးများရှိသင့်သလောက်ရှိသော်လည်းအများစုမှာဖယ်ခံရပုံပေါ်သည်။၎င်းတို့၏အတွေ့အကြုံကိုရုံးထိုင်တရားသူကြီးများသင်ယူခွင့်လျော့နည်းသွားသည်။
1957 BLR ( HC ) 266( ဦးစံမောင်ရေးသောပွဲဦးထွက်စီရင်ချက် )တွင်၊ 1962 BLR ( CC ) 435 စီရင်ထုံးတို့တွင်၊မီးလောင်ခြင်းကြောင့်အငှားချထားခြင်းပျက်သုဉ်းခြင်းရှိမရှိပြဿနာ၏အဖြေကိုရှုထောင့်စုံမှစိစစ်ပြထားသည်ကိုတွေ့မြင်နိုင်ပါသည်။
ဦးစံမောင်ရေးသောစီရင်ချက်သည်အရှည်ဆုံးဖြစ်သည်။
ကြွားဝါလို၍ဤဖြစ်ရပ်တို့ကိုဖော်ထုတ်ခြင်းမဟုတ်ပါ။
ဥပဒေဟူသည်အဆုံးထိလေ့လာ၍ရနိုင်သောအရာမဟုတ်ကြောင်းသိစေလိုသည့်ဆန္ဒကနှိုးဆော်ခြင်းကြောင့်သာဖြစ်သည်။
1963 BLR 672 စီရင်ထုံးနှင့်ဆန့်ကျင်ကွဲလွဲကာ၊ထိုစီရင်ထုံးတွင်ထွက်ပေါ်ပြီးအနှစ်(၃၀)အကြာတွင်၊ဥပဒေပြဿနာတရပ်တည်းအပေါ်တယောက်တပေါက်စီရင်ထုံးများဖြစ်ပေါ်ခြင်းမှာဖြစ်သင့်သည်မဟုတ်။
မြေစာပင်အမှုသည်များခါးစည်းခံရတတ်သည်။
မြန်မာစာအဖွဲ့ကပြုစုသောအင်္ဂလိပ်-မြန်မာအဘိဓာန်စာမျက်နှာ၁၁၈၃တွင်၊"ride out "ကို(ခါးစည်းခံရင်းလွန်မြောက်သည်)ဟုဘာသာပြန်ထားသည်ကို၊စာဖတ်သူဥပဒေပညာရှင်များကိုသိစေချင်ပါသည်။
Comments
Post a Comment