14 Ran ( F B ) 439 ၊ ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၁၂၉
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၁၂၉တွင် "Nothing in this chapter shall be deemed to affect any rule of Mohamedan Law." ဟုပြဌာန်းထားသည်။
မဟာမေဒင်ဥပဒေအရ၊မဟာမေဒင်တဦးသည်မရွှေ့မပြောင်းနိုင်သောပစ္စည်းကိုအပိုင်ပေးရာ၌၊လက်ရောက်ပေးအပ်မှသာအထမြောက်သည်။
သို့ဖြစ်ရာထိုသို့လက်ရောက်မပေးလျှင်အပိုင်ပေးခြင်းမမြောက်ဟု၊အထက်ပါပုဒ်မ၁၂၉ပါပြဌာန်းချက်များကိုကိုးကား၍၊အငြင်းပွားမှုများမြန်မာနိုင်ငံ၌ပေါ်ပေါက်ခဲ့သည်။
14 Ran ( F B ) 439
Ma Asha and others v. B. K. Haldar .
Before Mr. Justice Mya Bu , Mr. Justice Dunkley , and Mr. Justice Braund.
အမှုတွင်၊မဟာမေဒင်ဥပဒေကိုဥပဒေအာနိသင်ရရှိစေသောမြန်မာနိုင်ငံတရားဥပဒေများဆိုင်ရာဥပဒေပုဒ်မ၁၃(၁)၌၊အပိုင်ပေးခြင်းကိစ္စမပါသည်ကိုထောက်ပြကာ၊မဟာမေဒင်တဦးကမရွှေ့မပြောင်းနိုင်သောပစ္စည်းကိုအပိုင်ပေးရာ၌၊အပိုင်ရသူအားလက်ရောက်ပေးအပ်ရန်မလိုဟုအောက်ပါအတိုင်းထုံးဖွဲ့သည်-
"S. 13 ( 1 ) of the Myanmar (Burma) Laws Act does not include questions regarding gifts and therefore there is no available rule of Mohamedan Law applicable to gifts."
တဖက်တွင်၊မြန်မာနိုင်ငံတရားဥပဒေများဆိုင်ရာဥပဒေပုဒ်မ၁၃(၂)ပါပြဌာန်းချက်များကိုအကြောင်းပြုပြီး၊မဟာမေဒင်ဥပဒေသည်မူလမှုများကိုစီရင်သောတရားလွှတ်တော်မူလဘက်ဌာနနှင့်သက်ဆိုင်ခြင်းရှိမရှိပြဿနာကိုစီရင်ဆုံးဖြတ်ခြင်းမပြုကြောင်းအောက်ပါအတိုင်းပြဆိုသည်-
"The question as to what is the law applicable on the original side of the High Court in view of the provisions of S. 13 ( 2 ) of the Myanmar ( Burma ) Laws Act was not considered."
Comments
Post a Comment