1951 BLR ( H C ) 410

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


1951 BLR ( HC ) 410


Maung Thein  vs.  Daw Htwe and others .


Before U On Pe and U San Maung , JJ .


စီရင်ထုံးတွင်အောက်ပါအတိုင်းလမ်းညွှန်ထားသည်-


"the proper course then is for the representatives of the estate to file a separate suit for the recovery of such properties."


အမွေမှုတွင်အမှုသည်များ​၏ရထိုက်ခွင့်ရုပ်လုံးပေါ်လာတော့မှ၊အထက်ဖော်ပြပါစီရင်ထုံးပါလမ်းညွှန်ချက်နှင့်အညီ၊အချင်းဖြစ်ပစ္စည်းများတွင်ဝေစုကိုရရှိရန်တရားစွဲဆိုရခြင်းဖြစ်သည်။


ပူးတွဲပိုင်ရှင်များ(co-owners)အဖြစ်သို့ရောက်ရှိနေကြ၍၊ပစ္စည်းခွဲဝေပေးစေလိုမှုစွဲဆိုခြင်းသည်၊ဒေါ်စိန်ဖြူအမှု၊ 1963 BLR 961 စီရင်ထုံးပါဖြစ်ရပ်နှင့်ညီညွတ်၍မှန်ကန်သည်။


1957 BLR ( HC ) 5


Daw Daw Shin and two others  vs.  U Aung Pe and two others .


Before U San Maung , J .


စီရင်ထုံးတွင်၊ပူးတွဲအမွေဆိုင်များ(co-heirs)အချင်းချင်းသာလျှင်၊အမွေဆိုင်ပစ္စည်းနှင့်စပ်လျဉ်း၍အမွေစီမံခန့်ခွဲပေးစေလိုမှုစွဲဆိုရန်ဖြစ်ကြောင်းလမ်းညွှန်ထားသည်။


ပူးတွဲပိုင်ရှင်များ(co-owners)အနေအထားတွင်သာရှိပြီး၊ပူးတွဲအမွေဆိုင်များ(co-heirs)အနေအထားတွင်မရှိသူများသည်၊အထက်ဖော်ပြပါစီရင်ထုံးလမ်းညွှန်ချက်အရ၊အမွေစီမံခန့်ခွဲပေးစေလိုမှုမစွဲဆိုနိုင်။


အမွေဆိုင်ပစ္စည်း​၏တစိတ်တဒေသကိုအဆင့်ဆင့်လက်ရှိဖြစ်သူများဖြစ်ခြင်းကြောင့်၊၎င်းတို့အပေါ်အမွေစီမံခန့်ခွဲပေးစေလိုမှုစွဲဆိုရမည်ဟုဆိုခြင်းသည်၊မောင်သိန်းအမှု၊ 1951 BLR ( HC ) 410 စီရင်ထုံးပါလမ်းညွှန်ချက်များနှင့်ဆန့်ကျင်သည်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]