1963 BLR 961 ( ဒေါ်စိန်ဖြူ နှင့် မောင်တင်မြင့် )

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


1963 BLR 961


ဒေါ်စိန်ဖြူ နှင့် မောင်တင်မြင့်

တရားသူကြီးဦးစောဘသိန်း


စီရင်ထုံးအရ၊အမွေဆိုင်တဦးထံမှဝယ်ယူသူကဖြစ်စေ၊၎င်းထံမှတဆင့်ဝယ်ယူသူကဖြစ်စေ၊အမွေဆိုင်နှင့်ပူးတွဲပိုင်ရှင်များအပေါ်၊ပစ္စည်းခွဲဝေပေးစေလိုမှုစွဲဆိုနိုင်သကဲ့သို့၊အပြန်အလှန်အားဖြင့်ကျန်ပူးတွဲပိုင်ရှင်များကလည်းဝယ်သူအသီးသီးအပေါ်ပစ္စည်းခွဲဝေပေးစေလိုမှုစွဲဆိုနိုင်သည်။


1990 BLR 88


မရှမ်းပါ၅ နှင့် ဦးသန်းမြင့်


အမှုတွင်၊ပစ္စည်းခွဲဝေပေးရန်အလို့ငှာ၊တရားစွဲဆိုရန်အကြောင်းထပ်တလဲလဲပေါ်ပေါက်ပုံကိုအောက်ပါအတိုင်းထုံးဖွဲ့ထားသည်-


"ပစ္စည်းခွဲဝေပေးစေလိုမှုတွင်ပေါ်ပေါက်သောတရားစွဲဆိုရန်အချင်းဖြစ်အကြောင်းအရာသည်ထပ်တလဲလဲပေါ်ပေါက်သည်ဖြစ်၍၊ပစ္စည်းမခွဲပေးသရွေ့ကာလပတ်လုံးတရားစွဲဆိုရန်နေ့စဉ်နှင့်အမျှအကြောင်းပေါ်ပေါက်နေမည်သာဖြစ်သည်။"


အထက်ပါစီရင်ထုံးစာမျက်နှာ၈၉၌-


"ထို့ကြောင့်ပင်ကာလစည်းကမ်းသတ်အက်ဥပဒေပထမဇယားတွင်၊ပစ္စည်းခွဲဝေပေးစေလိုမှုအတွက်၊စည်းကမ်းသတ်ကာလနှင့်ပတ်သက်၍သီးခြားပြဌာန်းမဖော်ပြခဲ့ခြင်းဖြစ်သည်။"ဟုသုံးသပ်ထားသည်။


အထက်ပါစီရင်ထုံးလမ်းညွှန်ချက်အရ၊တရားစွဲဆိုရန်အကြောင်းမပေါ်ပေါက်သေးဟု(PREMATURE)ဟုတင်ပြခြင်းသည်၊အခြေအမြစ်မရှိ။


ပူးတွဲပိုင်ရှင်များဖြစ်လာကြသည့်နေ့မှ၊ပစ္စည်းမခွဲဝေသေးသည့်ကာလပတ်လုံးတရားစွဲဆိုရန်နေ့စဉ်နှင့်အမျှအကြောင်းပေါ်ပေါက်ကြောင်းအထက်ပါစီရင်ထုံးအရထင်ရှားလျက်ရှိသည်။


မရှမ်းအမှုစီရင်ထုံးတွင်စာမျက်နှာ၈၉၌"တရားလိုကတရားစွဲဆိုရန်အချင်းဖြစ်အကြောင်းအရာသည်တရားပြိုင်တို့ကပစ္စည်းခွဲဝေပေးရန်ငြင်းဆန်သော၁၇-၇-၈၉နေ့တွင်လည်းကောင်း၊ထိုနေ့ရက်နောက်များတွင်လည်းကောင်းပေါ်ပေါက်ကြောင်းအဆိုပြုခဲ့ပြီး၊အမှုကို၂၇-၇-၈၉နေ့တွင်စွဲဆိုခြင်းဖြစ်ရာ၊ကာလသည်းကမ်းသတ်မကျော်သေးသည်မှာထင်ရှားသည်"ဟုသုံးသပ်ထားခြင်းက၊တရားလိုဖော်ပြထားသောနေ့ရက်များတွင်တရားစွဲဆိုရန်အကြောင်းပေါ်ပေါက်ခြင်းကိုလက်ခံအတည်ပြုဆုံးဖြတ်ခြင်းဖြစ်ကြောင်းမြင်သာသည်။


ပစ္စည်းခွဲဝေပေးရန်ငြင်းဆိုခြင်း၊တောင်းဆိုခြင်းသည်ပစ္စည်းခွဲဝေပေးရန်အကြောင်းဆိုက်စေသည့်တရားစွဲဆိုရန်အကြောင်းတွင်မပါဝင်။


ပူးတွဲပိုင်ရှင်ဖြစ်ခြင်းကပစ္စည်းခွဲဝေပေးစေရန်တရားစွဲဆိုခွင့်ရရှိစေသည်မှာမြင်သာသောအချက်ဖြစ်သည်။


ပူးတွဲပိုင်ရှင်ကခွဲဝေပေးရန်ငြင်းပါမှ၊ပစ္စည်းခွဲဝေပေးစေရန်အကြောင်းပေါ်ပေါက်သည်ဟုပြဆိုသောထုံးသာဓကမရှိ။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]