မိဘကသားသမီးအမည်ဖြင့်မရွှေ့မပြောင်းနိုင်သောပစ္စည်းကိုဝယ်ယူခြင်း

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ

မိဘကသားသမီးအမည်ဖြင့်မရွှေ့မပြောင်းနိုင်သောပစ္စည်းဝယ်ရာ၌၎င်းအားအပိုင်ရစေလိုသောရည်ရွယ်ချက်ရှိသည်ဟု မှတ်ယူခြင်းမပြုနိုင်ဟု 14 Ran 242 ( F B )တွင်ပြဆိုထားခြင်းကိုစောဒကတက်ရန်မရှိပါ။

အင်္ဂလန်နိုင်ငံ၌ထိုသို့မှတ်ယူခွင့်ရှိစေရန် " The doctrine of intended advancement" ဥပဒေသရှိသည်ဟု 14 Ran 242 ( F B )စီရင်ထုံးတွင်ညွှန်ပြထားသည်။

1960BLR ( S C ) ( 51 ) ( 59 )အမှုတွင် တရားမနစ်နာမှုဆိုင်ရာဥပဒေ ( The law relating to torts )ကိုလည်းကောင်း

1963BLR515အမှုတွင် ခုံရုံးကအင်္ဂလန်နိုင်ငံရိုးရာဥပဒေ ( The Common Law of England )ကိုလည်းကောင်း၊မြန်မာနိုင်ငံတရားဥပဒေများဆိုင်ရာဥပဒေပုဒ်မ၁၃(၃)ပါတရားမျှတမှု၊သာနာညီမျှမှုနှင့်မွန်မြတ်သောအသိတရားတို့အရမြန်မာနိုင်ငံ၌ကျင့်သုံးသည်ဟုပြဆိုထားသည်။

14Ran242(F B )တွင်ရည်ညွှန်းထားသောဥပဒေသသည်အင်္ဂလန်နိုင်ငံ၏ရိုးရာဥပဒေ၏တစိတ်တဒေသဟုတ်မဟုတ်စိစစ်ထားခြင်းမရှိသည်ကိုတွေ့ရသည်။

၁၉၆၃ခုနှစ်စီရင်ထုံးစာမျက်နှာ၅၂၀တွင်ရည်ညွှန်းထားသော Halsbury's Laws of England ( အတွဲ၂၅တွဲခန့်ရှိသည်။ယခင်ကတရားရုံးချုပ်(မန္တလေးရုံးထိုင်)ပိဋကတ်တိုက်တွင်တွေ့ရဖူးသည်။စာရေးသူကိုယ်တိုင်လမ်းသွားလာခွင့်နှင့်သက်ဆိုင်သောဥပဒေကိုဖတ်ဖူးပါသည်။)ပါဥပဒေများ၌ 14 Ran 242 ( F B )အမှုတွင်ရည်ညွှန်းထားသောဥပဒေသပါမပါလေ့လာသင့်သည်။

ပါဝင်ခဲ့လျှင်၁၉၆၃ခုနှစ်စီရင်ထုံး၌ပြဆိုထားသည့်ထိုဥပဒေသကိုလောကပါလတရားအဖြစ် သုံးကောင်းသုံးနိုင်ပေလိမ့်မည်။ရှာဖွေမရနိုင်မီမြန်မာဗုဒ္ဓဘာသာမိဘ၏ရည်ရွယ်ချက်ကိုသက်သေခံအထောက်အထားများအရသာလျှင်ဆုံးဖြတ်ရန်ဖြစ်ပေလိမ့်မည်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ