အမှုပုံစံမလွဲမှားအောင်ဆောင်ရန်၊ရှောင်ရန်အချက်များ

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ

အမှုပုံစံမလွှဲမှားအောင်ဆောင်ရန်ရှောင်ရန်အချက်များမှာ၊တရားလို၊တရားပြိုင်တို့ရဲ့ဆက်ဆံရေးအနေအထားနဲ့၊အရေးဆိုရမဲ့ပစ္စည်းအမျိုးအစား(ရှိရင်)ကိုစိစစ်ပြီး၊တရားလိုရလိုတဲ့သက်သာခွင့်ကိုအရေးဆိုဖို့၊ဘယ်ပုံဘယ်နည်းနဲ့တရားစွဲဆိုရမယ်ဆိုတာဆုံးဖြတ်ဆောင်ရွက်ရမှာဖြစ်ပါတယ်။

တရားလိုစွဲဆိုတဲ့အမှုပုံစံမှားတတ်လို့၊တရားပြိုင်ဘက်ကဖော်နည်းကားထုချေတတ်ပါတယ်။

အမှုပုံစံမှားတယ်ဆိုတာဟာတရားပြိုင်ကိုအိမ်ငှားလို့အဆိုပြုပြီး၊၁၉၆၀ပြည့်နှစ်မြို့ပြဆိုင်ရာငှားရမ်းခကြီးကြပ်ရေးအက်ဥပဒေပုဒ်မ၁၂(၁)(က)မှ(စ)ပါကိစ္စတရပ်ရပ်အရမဟုတ်ပဲအခြားကိစ္စရပ်အရနှင်တာမျိုး၊အမွေပစ္စည်းကိုခွဲဝေပေးစေလိုမှုစွဲဆိုတာမျိုး၊အမွေပစ္စည်းအပါအဝင်ပူးတွဲပိုင်တဲ့ပစ္စည်းကိုလက်ရောက်ရလိုကြောင်းစွဲဆိုတာမျိုးအစရှိသည်တို့ဖြစ်ပါတယ်။

1987BLR27မှာ " စွဲဆိုသောအမှုပုံစံမှန်ကန်ခြင်းရှိမရှိမှာသက်သေခံချက်ရယူပြီးမှဆုံးဖြတ်ရမည့်ပြဿနာမဟုတ်ချေ။အဆိုအချေတို့အရဆုံးဖြတ်ရမည့်ပြဿနာဖြစ်သည် " လို့ထုံးဖွဲ့ထားတာကို၊စုံညီခုံရုံးက 1996BLR5အမှုမှာ လက်ခံဆုံးဖြတ်တဲ့အခါ၊စီရင်ထုံးစာမျက်နှာ၇မှာ " အမှုပုံစံမှန်မမှန်စိစစ်ရာ၌တရားလို​၏အဆိုလွှာတွင်အဆိုပြုထားသည့်အချက်များကို #စွဲဆိုသည့်အမှုအမျိုးအစားအလိုက် ညီညွတ်ပြည့်စုံရန်လိုအပ်သောအင်္ဂါရပ်များနှင့်ကိုက်ညီမှုရှိမရှိကိုစီစစ်ရမည်။ထိုသို့စိစစ်ရာ၌ချေလွှာတွင်ဝန်ခံထားသောအချက်များကိုထည့်သွင်းစဉ်းစားနိုင်သည်။ထို့ကြောင့်အမှုပုံစံမှန်ကန်ခြင်းရှိမရှိကိုအဆိုအချေများအရဆုံးဖြတ်ရမည်ဆိုရာ၌အဆိုလွှာနှင့်ဝန်ခံထားသောချေလွှာတို့ကိုရည်ညွှန်းခြင်းဖြစ်သည် " လို့ညွှန်ပြပါတယ်။

စီရင်ထုံးစာမျက်နှာ၈တတိယအပိုဒ်၌ " ဝန်ခံသည်ဟုတထစ်ချကောက်ယူခြင်းမပြုနိုင်သည့်အမှတ်(၁)တရားပြိုင်​၏ ချေလွှာကိုဖယ်ထုတ်ပြီး တရားလို​၏ အဆိုလွှာသက်သက်ကိုသာစိစစ်သည့်အခါ တရားလိုနှင့်တရားပြိုင်တို့သည်အမွေဆိုင်များဖြစ်ကြကြောင်းပေါ်ပေါက်နေသည် " လို့တရားလိုတရားပြိုင်တို့ရဲ့ဆက်ဆံရေးအနေအထားကိုညွှန်ပြပါတယ်။

1999BLR141စီရင်ထုံးစာမျက်နှာ၁၄၃၊၁၄၄နှင့်၁၄၉တွင် " မူလရုံးတရားလိုစွဲဆိုသောအမှုသည်အမှုပုံစံမှန်ကန်ခြင်းရှိမရှိကို၎င်းတို့တင်သွင်းသော အဆိုလွှာပေါ်မူတည်၍စိစစ်ရမည်။မူလရုံးတရားလို​၏ #အဆိုလွှာအရ၎င်းစွဲဆိုသည့်အမှုမှာပုံစံမှန်ကန်ခြင်းမရှိဟုဆိုနိုင်မည်မဟုတ်ချေ။ " လို့ညွှန်ပြပါတယ်။

အမှုပုံစံမှန်မမှန်အဓိကအားဖြင့်အဆိုအရဆုံးဖြတ်ရန်ဖြစ်ပါတယ်။သို့သော်တခါတရံတရားလိုကအချက်အလက်ပြည့်ပြည့်စုံစုံအဆိုမပြုဘဲတရားပြိုင်ကအချက်အလက်အသစ်များဖော်ထုတ်ပြီးအမှုပုံစံမမှန်ဟုထုချေတတ်ပါတယ်။

ဒီကိစ္စမှာတရားပြိုင်ထုချေတဲဲ့အချက်အသစ်များနှင့်စပ်လျဉ်းပြီးတရားမကျင့်ထုံးအမိန့်၈၊နည်း၉အရတရားလိုကိုဖြေကြားစေရာမှာတရားလိုကချေလွှာပါအချက်တွေကိုဝန်ခံရင်အမှုပုံစံမှန်မမှန်ကိစ္စကိုပဏာမငြင်းချက်အဖြစ်သတ်မှတ်ဆုံးဖြတ်ဖို့ဖြစ်ပါတယ်။

ဥပမာ-တရားလိုကတရားပြိုင်အပေါ်အခွင့်အမိန့်အရနေထိုင်သူအဖြစ်နှင်လိုမှုစွဲဆိုရာမှာတရားပြိုင်ကအိမ်ငှားဖြစ်တဲ့အကြောင်းထုချေပြီးအမှုပုံစံမှားကြောင်းထုချေတယ်ဆိုပါစို့။

တရားလိုကအမိန့်၈၊နည်း၉အရပြန်ကြားရာမှာတရားပြိုင်စာတချိန်ကအိမ်ငှားဖြစ်ခဲ့ပေမယ့်နှစ်ဦးနှစ်ဖက်သဘောတူညီချက်အရအခွင့်အမိန့်အရနေထိုင်သူအဖြစ်ဆက်လက်နေခြင်းဖြစ်တယ်လို့ဆိုရင်အမှုပုံစံမမှန်စရာအကြောင်းမရှိပါဘူး။

အခွင့်အမိန့်အရနေထိုင်သူဟုတ်မဟုတ်ငြင်းချက်ထုတ်ပြီးစစ်ဆေးတဲ့အခါ ခွင့်ပြုချက်အရနေထိုင်ကြောင်းမပေါ်လွင်ပဲအိမ်ရှင်အိမ်ငှားဆက်သွယ်မှုမပြတ်စဲသေးကြောင်းတွေ့ရလို့၊တရားလိုရဲ့အမှုကိုပလပ်ခြင်းဟာ အမှုပုံစံမမှန်လို့မဟုတ်ပါဘူး။

တရားလိုအဆိုပြုတဲ့အတိုင်းအခွင့်အမိန့်အရနေထိုင်သူဖြစ်ကြောင်းမထင်ရှားတဲ့အတွက်အမှုရှုံးရခြင်းသာဖြစ်ပါတယ်။ဒီဥပဒေသဘောကိုပဲ1987BLR27အမှုစာမျက်နှာ၂၉မှာရှင်းပြထားပါတယ်။

အမှုပုံစံမှားတယ်ဆိုတာကတရားလိုကိုယ်တိုင်ကဝန်ခံတဲ့၊

တရားပြိုင်ရဲ့အနေအထားနဲ့ဆန့်ကျင်တဲ့သက်သာခွင့်ကို

တောင်းဆိုစွဲဆိုတဲ့အမှုမျိုးဖြစ်ပါတယ်။

ဥပမာ-အချင်းဖြစ်မြေကိုတရားပြိုင်ထံအခိုင်အမာပေါင်ထားကြောင်းအဆိုပြုပြီးလက်ရောက်ရလိုမှုစွဲဆိုတာမျိုးဖြစ်ပါတယ်။

တရားပြိုင်ကတရားဝင်အပေါင်ခံသူလို့ဝန်ခံရင်အပေါင်မှုစွဲဆိုမှသာအမှုပုံစံမှန်ပါလိမ့်မယ်။

အချင်းဖြစ်ပစ္စည်းဟာတရားလိုတဦးတည်းအမွေရတဲ့ပစ္စည်းပါလို့အဆိုပြုပြီးသူတစိမ်းတဦးတည်းအပေါ်အမွေစီမံခန့်ခွဲပေးစေလိုမှုစွဲဆိုတာဟာအမှုပုံစံမှားတာပဲ။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ