အမှုတမှုတွင်ချမှတ်သောစီရင်ချက်၊စီရင်ထုံးများသည်ဖြစ်ရပ်ကွဲလွဲသောအခြားမှုခင်းများအတွက်ထုံးသာဓကမဟုတ်
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
1954 BLR ( HC ) 306
Mrs. Satwant Kaur ( a ) Mrs. Udham Singh v. H. R. Young .
Before U Chan Tun Aung
စီရင်ထုံးတွင်၊စီရင်ချက်အသီးသီးကိုသက်သေထင်ရှားသောဆိုင်ရာအကြောင်းခြင်းရာများနှင့်သက်ဆိုင်သည်ဟုမှတ်ယူရမည်
(Every judgment must be read as applicable to the particular facts proved)
ဟုလည်းကောင်း၊အမှုတမှုတွင်ချမှတ်သောစီရင်ချက်၊စီရင်ထုံးများသည်ဖြစ်ရပ်ကွဲလွဲသောအခြားမှုခင်းများအတွက်ထုံးသာဓကမဟုတ်ကြောင်းအောက်ပါအတိုင်းလမ်းညွှန်ထားသည်-
"Every judgment must be read as applicable to the particular facts proved , and therefore a case is only an authority for what it actually decides."
စီရင်ထုံးစာမျက်နှာ၃၁၃တွင်အောက်ပါအတိုင်းလမ်းညွှန်ထားသည်-
"I agree I cannot accept this submission . In this connection I would respectfully quote the observation of Lord Halsbury , L. C., in Quinn and Leathem [ A. C. ( 1901 ) ( H. L. ) 495 at 506 ] which is as follow :
' . . . There are two observations of a general characte which I wish to make , and one is to repeat what I have very often said before , that every judgment must be read as applicable to the particular facts proved , or assumed to be proved , since the generality of the expressions which may be found there are not intended to be expositions of the whole law , but governed and qualified by the particular facts of the case in which such expressions are to be found . The other is that a case is only an authority for what it actually decides. . .'
ကာလစည်းကမ်းသတ်မကျော်သောသက်သာခွင့်ကိုတရားစွဲဆိုတောင်းခံခွင့်ရှိသည်မှာ၊အခြေခံကျသောဥပဒေသဖြစ်သည်။
တရားမကျင့်ထုံးဥပဒေပုဒ်မ၁၁တွင်"Parties under whom they or any of them claim"ဟူသောစကားရပ်ပါရှိသည်။
မူလာ၏တရားမကျင့်ထုံးဥပဒေကျမ်း(ကျောင်းသားကိုင်)(၁၉၇၂ခုနှစ်ထုတ်)၊စာမျက်နှာ၃၅တွင်၊အဆိုပါစကားရပ်တွင်အကျုံးဝင်သူသည်၊တရားစွဲဆိုပြီးနောက်၊အချင်းဖြစ်ပစ္စည်းများကိုဝယ်ယူခြင်းဖြင့်အကျိုးခံစားခွင့်ရရှိသူဖြစ်ရမည်
(he must have acquired an interest in the subject matter of the action by purchase subsequently to the action )ဟုပြဆိုသည်။
ဥပဒေကြောင်းအရ(by operation of law)ပူးတွဲပိုင်ရှင်များဖြစ်လာကြသူတို့သည်၊အချင်းဖြစ်ပစ္စည်းများကိုခွဲဝေယူခြင်းသာလျှင်အမှန်ကန်ဆုံးနည်းလမ်းဖြစ်သည်။
တရားမကျင့်ထုံးဥပဒေပုဒ်မ၁၂တွင်၊ Bar to further suit(အကြောင်းပြချက်တွင်ပါရှိသကဲ့သို့ the မပါရှိပါ)ဘေးခေါင်းစီးအဖြစ်ဖော်ပြပြီးအောက်ပါအတိုင်းပြဌာန်းထားသည်-
"Where a plaintiff is precluded by rules from instituting a further suit in respect of any particular cause of action , he shall not be entitled to institute a suit in respect of such cause of action in any Court to which this Code applies."
အထက်ပါမူလာ၏ကျမ်း၊စာမျက်နှာ၅၆တွင်နောက်ထပ်တရားတထုံးစွဲဆိုခြင်းကိုပိတ်ပင်သောနည်းဥပဒေများမှာအောက်ပါအတိုင်းဖြစ်သည်-
( က ) အမိန့်၂၊နည်း၂
( ခ ) အမိန့်၉၊နည်း၉
( ဂ ) အမိန့်၂၂၊နည်း၉
( ဃ ) အမိန့်၂၃၊နည်း၁
အမွေစီမံခန့်ခွဲပေးစေလိုမှုစွဲဆိုရန်အကြောင်းသည်၊အမွေရှင်ကွယ်လွန်ခြင်းကြောင့်ဖြစ်သည်။
ပစ္စည်းခွဲဝေပေးစေလိုမှုတွင်၊ပူးတွဲပိုင်ရှင်ဖြစ်ခြင်းကြောင့်ဖြစ်ရာတရားစွဲဆိုရန်အကြောင်းကွဲပြားသဖြင့်၊အမိန့်၂၊နည်း၂နှင့်သက်ဆိုင်ရန်အကြောင်းမရှိ။
ကျန်နည်းဥပဒေများနှင့်လည်းမသက်ဆိုင်သည်မှာမြင်သာသည်။
အမွေစီမံခန့်ခွဲပေးစေလိုမှုမပြီးပြတ်မီ၊ပစ္စည်းခွဲဝေပေးစေလိုမှုစွဲဆိုခြင်းကို၊အထက်ဖော်ပြပါပြဌာန်းချက်များကပိတ်ပင်သည်မဟုတ်။
ပစ္စည်းခွဲဝေပေးစေလိုမှုသည်၊ unity of interest နှင့် unity of possession အပေါ်အခြေခံကြောင်းစီရင်ထုံးများတွင်ပြဆိုသည်။
အများနားလည်လွယ်သောစကားနှင့်ဆိုရပါက၊အချင်းဖြစ်ပစ္စည်းများကိုပူးတွဲပိုင်ဆိုင်ခြင်းအပေါ်အခြေခံသည်။
ပူးတွဲပိုင်ဆိုင်ခွင့်ကိုတသီးပုဂ္ဂလပိုင်ဆိုင်ခြင်းအဖြစ်ပြောင်းလဲယူရန်ပစ္စည်းခွဲဝေပေးစေလိုမှုစွဲဆိုရခြင်းဖြစ်ကြောင်း၊ 1999 BLR 103 အမှုတွင်၊စာမျက်နှာ၁၁၀၌၊ 5 Ran 785 အမှုမှကောက်နုတ်ဖော်ပြချက်ပါ-
"to convert has joint ownership and joint possession of the whole propety into separate property and separate possession of a portion of the property."
ထုံးဖွဲ့ချက်ကိုရည်ညွှန်းသည်။
(ထိုအမှုတွင်တရားလိုဒေါ်ဝိကြိန်ကပစ္စည်းခွဲဝေပေးစေလိုမှုစွဲဆိုသော်လည်းပစ္စည်းအားလုံးကိုမိမိတဦးတည်းအမွေဆက်ခံပိုင်ဆိုင်သည်ဟုအဆိုပြုခြင်းကိုတရားရုံးချုပ်ကညွှန်ပြပါသည်။ပစ္စည်းခွဲဝေပေးစေလိုမှုစွဲဆိုခွင့်မရှိဟုဆုံးဖြတ်ပါသည်။ပစ္စည်းအားလုံးပိုင်လျှင်လက်ရောက်ရလိုမှုစွဲဆိုရန်ဖြစ်ကြောင်းမြင်သာပါသည်။)
Comments
Post a Comment