အမေကျော်ဒွေးတော်လွမ်းခြင်းသည်ဖြစ်သင့်သည်မဟုတ်

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ

1972 BLR 28 

( မောင်ချစ် နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ ) 

အမှုတွင်"အထူးရာဇဝတ်ရုံးအယူခံအဖွဲ့​၏စီရင်ထုံးများရှိလျှင်၊အခြားစီရင်ထုံးများကိုကိုးကားရန်မလိုဟုပြဆိုသည်။"

၁၉၂၈ခုနှစ်တွင်ဆုံးဖြတ်သော6Ran261အမှုတွင်၊"အောက်တရားရုံးသည်အချင်းဖြစ်အမှုကိုလွှမ်းခြုံမိသောမိမိတရားလွှတ်တော်​၏စီရင်ထုံးကိုလိုက်နာရန်တာဝန်ရှိသည်။အခြားတရားလွှတ်တော်​၏၊ဆန့်ကျင်ဘက်စီရင်ထုံးကိုလိုက်နာခြင်းသည်လုံးဝသင့်မြတ်သည်မဟုတ်"ဟုထုံးဖွဲ့သတိပေးခြင်းကပို၍ပြည့်စုံသောလမ်းညွှန်မှုဖြစ်သည်။ 

6 Ran 261 

( Khoo Joo Tin  vs. Ma Sein )

အမှု၊စီရင်ထုံးစာမျက်နှာ၂၆၁တွင်အောက်ပါတိုင်းပြဆိုပါသည်-

" A Subordinate Court is bound to follow a ruling of its own High Court which covers the case and it is entirely improper for such Court to follow a contrary ruling of another High Court and that too published in an unauthorized report."

အမေကျော်ဒွေးတော်လွမ်းခြင်းသည်ဖြစ်သင့်သည်မဟုတ်။

8 LBR 1 ( PC )

( Ma Hnin Bwin  vs. U Shwe Gon )

အမှုတွင်၊တချိန်ကအဆင့်အမြင့်ဆုံးတရားစီရင်ရေးအဖွဲ့ဖြစ်သည့်ပရီဗီကောင်စီက၊မနုကျယ်ဓမ္မသတ်ပါအဆိုအမိန့်တို့သည်၊မပြတ်မသားမဟုတ်လျှင်အခြားဓမ္မသတ်များကိုရည်ညွှန်းဆုံးဖြတ်ရန်မလိုဟုမြွက်ဆိုသည်ကိုအကြောင်းပြုပြီး၊စစ်ကြိုခေတ်ဟိုက်ကုတ်လွှတ်တော်သည်ယင်းဓမ္မသတ်ကိုအလေးပေးကာအမှုများကိုဆုံးဖြတ်ခဲ့ကြသည်။စီရင်ထုံးစာမျက်နှာ၁နှင့်၁၅ကိုကြည့်ပါ။

ယခင်တရားလွှတ်တော်ချုပ်ကမူ

1951 BLR ( S C ) 108

( Dr. Tha Mya vs. Daw Khin Pu )အမှု၌၊

ဓမ္မသတ်များတွင်မနုကျယ်ဓမ္မသတ်သည်အထွဋ်အထိပ်မဟုတ်ဟု၊အောက်ပါအတိုင်းထုံးဖွဲ့ပြဆိုသည်-

" The Manugye Dhammathat is not the paramount authority in the body of Dhammathats as enunciated by the Privy Council in Ma Hnin Bwin vs. U Shwe Gon , ( 1914 ) 8 L . B . R . 1 , followed by the High Court of Judicature at Rangoon in Ma Nyun vs. Maung  San Thein , ( 1927 ) 5 Ran. 537."

အောက်ရုံးများအနေဖြင့်မည်သည့်စီရင်ထုံးအားလိုက်နာမည်နည်း

နှစ်ပေါင်းရာချီပြီးတစိုက်မတ်မတ်ကျင့်သုံးလာခဲ့သော

1952 BLR ( S C ) 44
( Dr. Gordon S. Seagrave  vs. The Union of Burma )အမှု၌ပြဆိုချက်ကိုလိုက်မည်လား။

အကြောင်းပြချက်ထုံးသာဓကအကိုးအကားမရှိသော၊အထူးရာဇဝတ်ရုံးအယူခံအဖွဲ့အဆိုအမိန့်ကိုလိုက်နာမည်လား။အဖြေမှာရှင်းပါသည်။

1957 BLR ( H C ) 259

( Ma Thaung  vs. Maung Pe Tin )

စီရင်ထုံးတွင်ပြဆိုထားသည့်အတိုင်း-

မိမိမှန်သည်ဟုသဘောရရှိသောစီရင်ထုံးကိုလိုက်နာခွင့်ရှိပါသည်။

 Held further : When there are two rulings by two Benches of equal standing , it is not for the lower Court to say which rule is right and which rule is wrong . He should follow the rule which appeals to his reason. 

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ