အမှုသည်မဟုတ်သူအပေါ်တွင်ဒီကရီမချမှတ်နိုင်
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
ဗဟိုတရားရုံးသို့ရောက်လာသောအမှုအများအပြားတွင်"တရားပြိုင်နှင့်တကွအတူနေသူတို့အားနှင်ထုတ်ပေးရန်"ဟူသောသက်သာခွင့်ကိုတောင်းထားကြောင်းတွေ့ရသည်။
တရားရုံးများကလည်းခွင့်ပြုကြောင်းတွေ့ရသည်။
အမှုသည်မဟုတ်သူအပေါ်တွင်ဒီကရီမချမှတ်နိုင်သည်မှာဥပဒေအခြေခံသဘောတရားဖြစ်သည်။
အမှုမရင်ဆိုင်ရပါဘဲလျက်အမှုရှုံးရသည်မှာမဖြစ်သင့်သော၊သဘာဝမကျသောဖြစ်ရပ်ဖြစ်သည်။မှန်ပါသည်။
တရားမကျင့်ထုံးဥပဒေပုဒ်မ၁၁၏ရှင်းလင်းချက်၆အရအချို့အမှုများတွင်(ဥပမာ၊တရားကျင့်ထုံးဥပဒေအမိန့်၁၊နည်း၈တွင်အကျုံးဝင်သောကိုယ်စားစွဲဆိုသောအမှုများ)ချမှတ်သောစီရင်ချက်များသည်၊အမှုသည်မဟုတ်သူများအပေါ်အကျိုးသက်ရောက်နိုင်ပါသည်။
ဒီကရီကိုအတည်ပြုရာ၌၊တရားမကျင့်ထုံးဥပဒေအမိန့်၂၁၊နည်း၃၅အရအမှုသည်ပင်မဟုတ်လင့်ကစား၊ဒီကရီကိုလိုက်နာရန်တာဝန်ရှိသူများအားနှင်ထုတ်နိုင်သည်။
ဥပမာ၊အိမ်ထောင်ဦးစီးအားနှင်ထုတ်ရန်ချမှတ်သောဒီကရီကိုအတည်ပြုရာ၌၎င်းနှင့်အတူနေသူတို့ကိုဖယ်ရှားနိုင်သည်။
Comments
Post a Comment