ပြင်ဆင်မှု၏သဘောသဘာဝ( ၁ )
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
ပြင်ဆင်မှု၏သဘောသဘာဝ( ၁ )
7 Ran 339
Fut Chong v. Maung Po Cho .
Before Mr. Justice Otter .
အမှုတွင်အောက်ပါအတိုင်းထုံးဖွဲ့ထားသည်-
"If a lower Court has failed to take into account some proposition of law or some material fact in evidence , it has acted illegally and its decision may be revised by the High Court ; but where the lower Court has applied its mind to the case and duly considered the facts and the law applicable , then , although its decision may be erroneous , the error cannot be corrected on revision."
2002 BLR 153
ကူအမင်(ခ)ဦးကျော်လွင် နှင့် ဦးအဟောင်
အမှု၌၊အထူးခုံရုံးကစီရင်ထုံးစာမျက်နှာ၁၆၂၌ကိုးကားသော၊ 7 Ran 339 ပါထုံးဖွဲ့ချက်ကိုအောက်ပါအတိုင်းဖော်ပြထားသည်-
"အောက်ရုံးသည်ဥပဒေအချက်အလက်တရပ်ရပ်ကိုဖြစ်စေ၊သက်သေခံချက်ပါအရေးပါသောအကြောင်းချင်းရာတရပ်ရပ်ကိုဖြစ်စေ၊ဆင်ခြင်သုံးသပ်ရန်ပျက်ကွက်လျှင်၊တရားဥပဒေနှင့်အညီမဟုတ်ဘဲဆောင်ရွက်ခြင်းဖြစ်၍၊တရားလွှတ်တော်ကအောက်ရုံး၏အဆုံးအဖြတ်ကိုပြင်ဆင်နိုင်သည်။သို့ရာတွင်အောက်ရုံးသည်အမှုကိုစိစစ်ပြီးအကြောင်းချင်းရာများနှင့်သက်ဆိုင်ရာဥပဒေတို့ကိုနည်းလမ်းတကျဆင်ခြင်သုံးသပ်ခဲ့ပါက၊အောက်ရုံး၏ဆုံးဖြတ်ချက်မှားယွင်းစေကာမူ၊ထိုအမှားကိုပြင်ဆင်မှု၌ပြင်ဆင်ခြင်းမပြုနိုင်ကြောင်းထုံးဖွဲ့လမ်းညွှန်ထားသည်။"
ငြင်းချက်များကိုဆုံးဖြတ်ရာ၌၊သက်ဆိုင်ရာဥပဒေတို့ကိုနည်းလမ်းတကျဆင်ခြင်ဆုံးဖြတ်ထားသည်ဖြစ်၍မှားယွင်းဦးတော့၊ပြင်ဆင်မှု၌မစွက်ဖက်နိုင်ကြောင်းအထက်ပါစီရင်ထုံးအရပေါ်လွင်သည်။
ပြင်ဆင်မှုအောင်မြင်စေရန်၊မူလရုံးသည်မည်သည့်(some proposition of law )အချက်အလက်တရပ်ရပ်ကိုဆင်ခြင်ရန်ပျက်ကွက်ကြောင်းပြဆိုနိုင်ရမည်။
ပြင်ဆင်မှုတွင်မည်သည့်ဥပဒေအချက်အလက်ကိုဆင်ခြင်ရန်ပျက်ကွက်ကြောင်းမပြဆိုနိုင်သဖြင့်၊အောက်ရုံး၏အမိန့်ကိုပြင်ဆင်ရန်အကြောင်းမရှိ။
Comments
Post a Comment