ပူးတွဲပိုင်ရှင်များကပူးတွဲလက်ရှိဖြစ်ခြင်းမျိုးကို၊common possession(အတူလက်ရှိထားခြင်း)ဟုရည်ညွှန်းသည်

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


5 Ran 679(682)


Maung Kin Lay and one  vs.  Maung Tun Thaing and one .


Before Sir Guy Rutledge , Kt., Chief Justice , and Mr. Justice Brown.


အမှုတွင်၊သာမာန်အားဖြင့်မြေပိုင်ရှင်သည်လက်ရောက်ရထိုက်ခွင့်ရှိသည်( ordinary the person who owns land is entitled to possession thereof )ဟုပြဆိုထားသည်။


1963 BLR 983


မမြကြင် နှင့် မအေးတင်ပါ၂


တရားသူကြီးချုပ်ဦးဘိုကြီးရှေ့တွင်


အမှုတွင်၊သာမာန်အားဖြင့်ဆိုလျှင်၊အမွေဆိုင်တဦးသည်အမွေဆိုင်အားလုံးအတွက်လက်ရှိထားသည်ဟုမှတ်ယူရမည်ဟုထုံးဖွဲ့ထားသည်။


1947 RLR 359


Parbatia and one  vs. Sathram(alias)Sattaram and one .


Before Mr. Justice Gledhill and Mr. Justice Wright .


အမှု၌၊ပူးတွဲပိုင်ရှင်များကထိုသို့ပူးတွဲလက်ရှိဖြစ်ခြင်းမျိုးကို၊ common possession (အတူလက်ရှိထားခြင်း)ဟုရည်ညွှန်းသည်။


5 Ran 785


Maung Ba Tu  vs.  Ma Thet Su and three others .


Before Mr. Justice Chari


အမှုတွင်၊စီရင်ထုံးစာမျက်နှာ၇၉၂နှင့်၇၉၃၌၊ပစ္စည်းခွဲဝေပေးစေလိုမှု​၏သဘောသဘာဝကိုအောက်ပါအတိုင်းရှင်းပြသည်-


"It is essential in a suit for partition that the plaintiff should establish that they and the defendants are not only joint owners but are also entitled to joint possession because the object of the suit is to transform the joint possession into possession in severalty ."Though the plaintiff must be in joint possession or entitled to joint possession with the defendant , the possession alleged by the plaintiff may be actual or constructive. "


(ပစ္စည်းခွဲဝေပေးစေလိုမှုတွင်၊တရားလိုများနှင့်တရားပြိုင်များသည်ပူးတွဲပိုင်ရှင်များဖြစ်သည်သာမက၊ပူးတွဲလက်ရောက်ရထိုက်ကြောင်းလည်းဖြင့်လည်း၊တရားလိုများကအခိုင်အမာပြဆိုရန်လိုသည်။


အကြောင်းမူ၊အမှု​၏ရည်ရွယ်ချက်မှာပူးတွဲလက်ရှိဖြစ်ခြင်းကိုတဦးချင်းလက်ရှိဖြစ်ခြင်းသို့ပြောင်းလဲယူရန်ဖြစ်သည်။


တရားလိုသည်ပူးတွဲလက်ရှိဖြစ်ရမည်ဖြစ်သော်လည်း၊သို့မဟုတ်၊တရားပြိုင်နှင့်အတူပူးတွဲရထိုက်သည်ဖြစ်ရမည်ဖြစ်သော်လည်း၊တရားလိုအဆိုပြုသောပူးတွဲလက်ရှိဖြစ်မှုသည်၊အမှန်တကယ်လက်ရှိဖြစ်ခြင်းဖြစ်နိုင်သည်၊သို့မဟုတ်၊တရားဥပဒေအရလက်ရှိဖြစ်ခြင်းဖြစ်နိုင်သည်။)


တရားဥပဒေအရလက်ရှိဖြစ်ခြင်း​၏သာဓကအချို့မှာ-


ပိုင်ရှင်ကမိမိ​၏လိုင်စင်စီမှတဆင့်လက်ရှိဖြစ်ခြင်း။


အိမ်ငှားမှတဆင့်လက်ရှိဖြစ်ခြင်းတို့ဖြစ်သည်။


Desai Narotam ပြုစုသော A Dictionary of Law Terms and Phrases(၁၉၁၆ခုနှစ်ထုတ်)စာမျက်နှာ၂၉တွင်- Constructive possession - Possession through an agent , tenant or servant ဟုပြဆိုထားသည်။


1963 BLR 708


Maung Mya Than and another  vs.  U Tun Tin .


Before U San Maung , J .


စီရင်ထုံးကိုကြည့်ပါ။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]