SJLB 402 ( 403 ) စီရင်ထုံးအကြောင်း
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
အင်္ဂလိပ်လင်မယားတို့၏ဆက်ဆံရေးနှင့်လုံးဝကွဲပြားသောအမှုကိုဆုံးဖြတ်ရာ၌၊
မြန်မာဗုဒ္ဓဘာသာလင်မယားတို့ဒိုးတူပေါင်ဖက်စီးပွားရှာကြခြင်းကိုကြည့်ကာ၊
မြန်မာနိုင်ငံအဆင့်အမြင့်ဆုံးတရားရုံးတွင်တရားစီရင်ခဲ့ကြသည့်တရားသူကြီးနှစ်ဦးပါသောခုံရုံးက 6April1886နေ့၌စီရင်ချက်ချမှတ်သည့် SJLB402(403)အမှုတွင်၊မြန်မာဗုဒ္ဓဘာသာလင်မယားတို့သည်အင်္ဂလိပ်ဥပဒေအရအစုစပ်လုပ်ငန်းလုပ်ကိုင်ခြင်းနှင့်ဆင်တူကြောင်း-
" In many respects these rights very closely resemble those of partners in partnership property under English Law . "
ဟူ၍မြွက်ဆိုသည်။
ထိုမြွက်ဆိုချက်ကိုPJLB37(38)အမှုတွင်ကိုးကားသည်။
2UBR204 , 1892 -96 အမှုတွင်စီရင်ထုံးစာမျက်နှာ၂၁၀၌ -
" It might have far-reaching and inconvenient consequences to hold that such a union invariably constitutes a partnership , but there is no doubt that it very commonly does so in effect to many intents and purposes . In the present instance the husband and wife seem to have been carrying on business very much after the character of a partnership. "
ဟုအကန့်အသတ်ဖြင့်သုံးသော်လည်း၊မြန်မာဗုဒ္ဓဘာသာလင်မယားစီးပွားရေးလုပ်ကိုင်ခြင်းသည်အစုစပ်လုပ်ငန်းလုပ်ကိုင်သည့်သဘောဖြစ်သည်ဟုမပြောရုံတမယ်သာရှိသည်။
Comments
Post a Comment