tenants-in-common ကိုအတူပိုင်ဆိုင်သူများဟုဘာသာပြန်ခြင်းကိုသင်နားလည်ပါသလား?
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
9Ran524(FB)စီရင်ထုံးစာမျက်နှာ၅၂၄နှင့်၅၃၇၊
1963BLR491စီရင်ထုံး စာမျက်နှာ၄၉၆ပါ " tenants-in-common "ကို
အတူပိုင်ဆိုင်သူများဟုဘာသာပြန်ခြင်းကိုသင်နားလည်ပါသလား?
မြန်မာအဘိဓာန်အကျဉ်းချုပ်အတွဲ၅စာ၅၆တွင် "အတူ "ကို-
(၁)ကွဲပြားခြားနားခြင်းမရှိဘဲ၊ထပ်တူထပ်မျှ
(၂)ကွဲပြားခြင်း၊သီးခြားဖြစ်ခြင်းမရှိဘဲ၊တပေါင်းတည်း၊တကွဟုအဓိပ္ပာယ်ဖွင့်ဆိုသည်။
မြန်မာအင်္ဂလိပ်အဘိဓာန်စာ၅၅၉တွင် together with ဟုဘာသာပြန်သည်။
သို့ဖြစ်ရာအတူပိုင်ဆိုင်သူများဟူသောစကားရပ်သည် " tenants-in-common " ဟူသောစကားရပ်ကိုလွှမ်းခြုံမိပုံမပေါ်။
အကြံတူ( common intention ) နှင့် အကျိုးတူခံစားခြင်း( common enjoyment ) စကားရပ်များပါ တူ သည် common ၏အဓိပ္ပာယ်ကိုပေါ်လွင်စေသော်လည်း အတူ သည် " in common " ၏အဓိပ္ပာယ်ဖြစ်ဟန်မတူ။
အင်္ဂလိပ်မြန်မာအဘိဓာန်စာ၂၆၄တွင် #ဘုံပိုင် ဟုဘာသာပြန်ဆိုထားရာ #ဝေစုအလျောက်ဘုံပိုင်ဆိုင်သူများ ဟုဆိုပါမှဆိုလိုရင်းကိုနားလည်ပါမည်။
သို့သော်ထိုစကားရပ်ထက်ပို၍ဆီလျော်ကောင်းမွန်သောဝေါဟာရကိုမူရှာဖွေဖို့လိုပါသေးသည်။
" Joint Tenants " ကို " ပူးတွဲပိုင်ဆိုင်သူများ "ဟုဘာသာပြန်ခြင်းသည်အငြင်းပွားစရာမရှိပါ။
ပူးတွဲပိုင်ဆိုင်သူများ ( Joint Tenants )နှင့်ဝေစုအလျောက်ဘုံပိုင်သူများ ( Tenants-in-common )တို့သည်ခြားနားပါသည်။
ပထမအချက်မှာ5Ran296(FB)တွင်ပြဆိုထားသည့်အတိုင်းပူးတွဲပိုင်သူများအနက်တဦး၏အကျိုးခံစားခွင့်(ဝေစု)ကို " ကွက် "၍လွှဲပြောင်းခြင်းမပြုနိုင်။ပစ္စည်းတရပ်လုံးကိုသာလွှဲပြောင်းနိုင်သည်။
တဘက်တွင်ဝေစုအလျောက်ဘုံပိုင်သူများပိုင်ပစ္စည်း၌တဦး၏ဝေစုကိုကွက်၍လွှဲပြောင်းနိုင်သည်။9 Ran 524 ( F B )စီရင်ထုံးကိုကြည့်ပါ။
ခြားနားချက်တရပ်မှာဝေစုအလျောက်ဘုံပိုင်ဆိုင်သူများအနက်တဦးကွယ်လွန်သွားပါက၎င်း၏ဝေစုသည်၎င်း၏အမွေစားအမွေခံများထံသက်ဆင်းသည်။
သို့သော်ပူးတွဲပိုင်ဆိုင်သူများအနက်တဦးကွယ်လွန်သွားပါက၎င်း၏ဝေစုကိုအမွေစားအမွေခံများကဆက်ခံခြင်းမရှိ။ထိုဝေစုသည်ကျန်ပူးတွဲပိုင်ရှင်များထံသက်ရောက်သည်။
" Joint Tenancy " ကိုအမွေဆက်ခံခြင်းနှင့်စပ်လျဉ်း၍-
" The principle feature of this tenancy is that on the death of one of the parties his share occures to the others by survivorship till if possess to a single hand and the joint tenancy ceases "
ဟူသောမြွက်ဆိုချက်ကိုကြည့်ပါ။
ပူးတွဲပိုင်သူသုံးဦးအနက်တဦးကွယ်လွန်သောအခါ၎င်းတို့သုံးဦးပိုင်ခဲ့သောပစ္စည်းသည်ကျန်ရစ်သူနှစ်ဦးပိုင်ဖြစ်သွားသည်။ကျန်နှစ်ဦးအနက်တဦးကွယ်လွန်သောအခါအချင်းဖြစ်ပစ္စည်းသည်ကျန်တဦးတည်းပိုင်ဖြစ်သွားသဖြင့်ပူးတွဲပိုင်ခြင်းရပ်စဲသွားသည်။နောက်ဆုံးပုဂ္ဂိုလ်သေဆုံးသောအခါထိုပစ္စည်းကို၎င်း၏အမွေဆိုင်များကဝေစုအလျောက်ဘုံပိုင်သူများအနေဖြင့်အမွေဆက်ခံကြသည်။
A Dictionary of Law Terms & Phrases ကျမ်း(၁၉၁၆ခုနှစ်ထုတ်)စာ၃၈၂တွင်အောက်ပါအတိုင်းပြဆိုထားသည်-
Tenancy in common ( ဝေစုအလျောက်ဘုံပိုင်သူများ )
" This estate is created when several persons have several distinct estates , either of the same or of a different quantity , in any subject of property , in equal or unequal shares , and either by the same act or by several acts and several titles , and not a joint title . This tenancy therefore happens where there is a unity of pissession merely , but there many be an entire disunion of interest , of title , and of time .
For if there be two tenants in common of lands , one may hold his part in fee simple , the other in tail or for life , so that there is no necessary unity of interest . One may hold by descent , the other by purchase ; or the one by purchase from A , the other by purchase from B ; so that there is no unity of title .
One's estats may have been vested fifty years , the other's but yesterday ; so there is no unity of times . The only unity there is that of possession.
Tenants in common are compellable to make partition of their lands , which they were not at common law . They properly take by distinct moieties , and have no entirety of interest , and therefore there is no survivorship between tenants in common .
Estates in common can only be dussolved (1) by uniting all the titles and interests in one tenant , by grant , devise , surrender or otherwise , which brings the whole to one severalty ; (2) by making a voluntary partition between the several tenants in common , which gives them all respective severalties ; for indeed tenancies in common differ in nothing from sole estates , but merely in the blending and unity of pissession ; (3) by compulsory partition. The estate is subject to curtesy and dower . It may also exist in moveable property . "
Comments
Post a Comment