ဇာရီမှုတွင်ချမှတ်သောအယူခံဝင်ခွင့်မရှိသည့်အမိန့်များအကြောင်း၊ 1958 BLR ( H C ) 252
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
ဇာရီမှုတွင်ချမှတ်သောအယူခံဝင်ခွင့်မရှိသည့်အမိန့်များအကြောင်း
ပုဒ်မ၂(၂)တွင်ပါဝင်သော"any question within S. 47"(ပုဒ်မ၄၇၌အကျုံးဝင်သောပြဿနာတရပ်ရပ်)ဆိုသည်မှာ၊တရားနိုင်နှင့်တရားရှုံး(၎င်းတို့၏အခွင့်အရေးဆက်ခံသူများလည်းပါဝင်သည်)တို့အကြားပေါ်ပေါက်သောပြဿနာသုံးရပ်အနက်တရပ်ရပ်ဖြစ်သည်။
ပြဌာန်းချက်တွင် question ပြဿနာကိုသာရည်ညွှန်းပြီး၊အမှုသည်များကိုမရည်ညွှန်းသော်လည်း၊ပြဌာန်းချက်တရပ်ရပ်ကိုစကားစပ်အရဖတ်ရှုမှသာပြည့်စုံသောအဓိပ္ပာယ်ကိုရရှိမည်ဖြစ်သည်။
ပုဒ်မ၂(၂)တွင်ပုဒ်မ၄၇ကိုရည်ညွှန်းထားသည်။
ပုဒ်မ၄၇တွင်မည်သူမည်ဝါတို့သည်အမှုသည်များဖြစ်ကြောင်းပါရှိပြီးဖြစ်သည်။
ထို့ကြောင့်ပုဒ်မ၂(၂)တွင်ပါဝင်သောပြဿနာသည်ပုဒ်မ၄၇တွင်ရည်ညွှန်းသောအမှုသည်အချင်းချင်းကြားပေါ်ပေါက်သောပြဿနာဖြစ်ကြောင်းရှင်းသည်။
1984 BLR 229
ဦးကိုရင် နှင့် မောင်ရဲမြင့်
အမှုအပါအဝင်စီရင်ထုံးအများအပြားက၊ဇာရီမှုတွင်မည်သူတို့အချင်းချင်းအကြားအငြင်းပွားမှုကိုဆုံးဖြတ်ရမည်ဖြစ်ကြောင်း၊တညီတညွတ်တည်းညွှန်ပြသည်။
သို့သော်ခြွင်းချက်တရပ်ရှိသည်။
ကြားလူ(တတိယပုဂ္ဂိုလ်)ကအပ်ဝရမ်းအားခုခံတားဆီးနှောင့်ယှက်သဖြင့်တရားနိုင်ကအမိန့်၂၁၊နည်း၉၇အရအရေးယူပေးရန်လျှောက်ထားသည့်ကိစ္စတွင်၊တရားမအထွေထွေမှုသီးခြားဖွင့်လှစ်ခြင်းမရှိဘဲ၊ဇာရီမှုတွင်ပင်စုံစမ်းဆုံးဖြတ်သည်။
တရားနိုင်၏လျှောက်ထားချက်အရစုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်းချမှတ်သောအမိန့်သည်ကြားလူအပေါ်ချမှတ်သောအမိန့်ဖြစ်သည့်အပြင်၊မည်သူ၏အခွင့်အရေးကိုမျှအပြီးအပြတ်အဆုံးအဖြတ်မပေးသေးခြင်းကြောင့်၊ပုဒ်မ၂(၂)တွင်အကျုံးမဝင်သည်မှာမြင်သာထင်ရှားသည်။
အဆိုပါအမိန့်ကိုပင်မဆိုထားဘိ၊စုံစမ်းစစ်ဆေးမှုပြီးဆုံးသောအခါ၊ကြားလူအပေါ်အမိန့်၂၁၊နည်း၉၈အရချမှတ်သောအမိန့်ဖြစ်စေ၊အမိန့်၂၁၊နည်း၉၉အရလျှောက်လွှာကိုပလပ်သောအမိန့်ကိုဖြစ်စေအယူခံဝင်ခွင့်မရှိ။
1958 BLR ( H C ) 252
Daw Sint v. Maung Mya Shein and one .
Before U San Maung , J .
အမှုတွင်၊တရားလွှတ်တော်ကခရိုင်တရားရုံး၏အမှားကိုအောက်ပါအတိုင်းပြတ်ပြတ်သားသားထောက်ပြခဲ့သည်-
"Civil Procedure Code- O. 21 , R. 97 - Order made under - Not appealable - Interlocutory order - Practice of High Court in revision - O. 21 , R. 98 - Order under s. 47 - Inapplicable - Not a decree - S. 2 ( 2 ) - No appeal ftom R. 103."
"Held that -
( 1 )as no appeal lay from an order of thd Township Court made under Order 21 , Rule 97 of the Civil Procedure Code , the order of the District Court in the appeal from that order was made without jurisdiction ;
( 2 )the order of the Township Court made under Order 21 , Rule 97 being merely an interlocutory order , it is not the practice of the High Court to interfere in revision with the order of a lower Court at an interlocutory stage ;
( 3 )s. 47 of the Civil Procedure Code is inapplicable to the determination of questions arising between persons who are neither judgment -debtors nor representatives of the judgment -debtor and the decree-holder ;
( 4 )such a determination cannot be a decree as defined in s. 2 ( 2 ) of the Civil Procedure Code ;
( 5 )there is no appeal from an order made under Order 21 , Rule 98 as Rule 103 provides that any party not being a judgment -debtor against whom an order is made under Rule 98 may institute a suit to establish the right which he claims to the present possession of the property ; but , that subject to the result of the suit , the order shall be conclusive."
ထို့ကြောင့်
1997 BLR 97
ဒေါ်မြသိန်းပါ၃ နှင့် ဒေါ်တင်တင်မာပါ၅
တရားရုံးချုပ်တရားသူကြီးဦးတင်ထွတ်နိုင်ရှေ့တွင်
စီရင်ထုံးတွင်ထုံးဖွဲ့ထားသောအမှုကဲ့သို့အောက်ရုံး၏အမိန့်အားအယူခံဝင်သောအမှားမျိုးထပ်မံမပေါ်ပေါက်သင့်တော့ပါ။
Comments
Post a Comment