2006 BLR 95 - ဒေါ်ဥမ္မာ နှင့် ဦးတင့်လွင်ပါ၅ စီရင်ထုံးအဆုံးအဖြတ်ကိစ္စ

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


2006 BLR 95


ဒေါ်ဥမ္မာ နှင့် ဦးတင့်လွင်ပါ၅


တရားရုံးချုပ်တရားသူကြီးဦးသက်ထွန်းရှေ့တွင်


စီရင်ထုံးအဆုံးအဖြတ်ကိစ္စ


အမှုတွင်၊တရားပြိုင်(အယူခံတရားပြိုင်ဦးတင့်လွင်)ဘက်မှအခြားအချက်များအပြင်စွဲဆိုသောအမှုမှာကာလစည်းကမ်းသတ်ကျော်လွန်ကြောင်းတင်ပြရာ၊မူလရုံးကထိုချေပချက်အပေါ်ပဏာမငြင်းချက်ထုတ်နုတ်ပြီးတရားလိုဒေါ်ဥမ္မာဘက်ကိုအနိုင်ပေးဆုံးဖြတ်သည်။


တိုင်းတရားရုံးကမူလရုံး​၏အမိန့်ကိုပြင်ဆင်မှုတွင်အတည်ပြုသည်။


ဥပဒေအမှတ်၆/၂၀၀၈အရပြင်ဆင်ထားသောပုဒ်မ၁၁၅​၏ခြွင်းချက်အရ၊တရားပြိုင်ဦးတင့်လွင်ဘက်မှတိုင်းတရားရုံး​၏အမိန့်အပေါ်တရားရုံးချုပ်တွင်အရေးဆိုခွင့်မရခဲ့။


တရားလိုဒေါ်ဥမ္မာသည်မူလရုံးနှင့်တိုင်းတရားရုံးတွင်အမှုရှုံးသဖြင့်တရားရုံးချုပ်၌ထပ်မံအယူခံတင်သောအခါအယူခံတရားပြိုင်ဦးတင့်လွင်ဘက်မှစည်းကမ်းသတ်ပြဿနာကိုတင်ပြလျှောက်ထားရာတရားရုံးချုပ်ကပုဒ်မ၁၀၅(၂)အရတင်ပြလျှောက်ထားခြင်းကိုလက်ခံစဉ်းစားရန်အကြောင်းမရှိဟုဆုံးဖြတ်သည်။


ပုဒ်မ၁၀၅(၁)ပါ"အယူခံလွှာ၌"ဟူသောစကားရပ်ကအယူခံတရားလိုတင်သွင်းသောအယူခံလွှာကိုရည်ညွှန်းခြင်းဖြစ်ရာထိုသို့အယူခံတရားပြိုင်ဘက်မှတင်ပြခြင်းကိုပုဒ်မ၁၀၅(၁)ကပိတ်ပင်ခြင်းမပြုသည်မှာပြဌာန်းချက်များအရမြင်သာပါသည်။


1954 BLR ( HC ) 103 ( DB )


( Tan Keat Khang and one  v.  Ma Thein Shin and seven others )


Before U San Maung and U Thaung Sein , JJ. 


စီရင်ထုံးတွင်"အယူခံတရားပြိုင်များ(တရားပြိုင်များ)တို့သည်ဒီကရီအပေါ်ပြန်လှန်ကန့်ကွက်ချက်တင်သွင်းရန်ပျက်ကွက်သည်ဖြစ်၍မူလရုံးက၎င်းတို့အပေါ်ဆန့်ကျင်ကောက်ယူအဆုံးအဖြတ်ပေးထားသည့်ဆုံးဖြတ်ချက်တရပ်မမှန်ကြောင်းတင်ပြလျှောက်ထားခွင့်မပြုနိုင်"ဟုသုံးသပ်ပြီးတရားလွှတ်တော်ခုံရုံးကတရားမပထမအယူခံမှုတွင်ချမှတ်သောစီရင်ချက်ကိုထုံးပြုထားခြင်းဖြစ်သည်။


ခုံရုံး​၏အဆုံးအဖြတ်ကို၊ယခင်တရားလွှတ်တော်ချုပ်ကအယူခံတွင်ပယ်ဖျက်သောစီရင်ချက်ကို၊ 


1955 BLR ( SC ) 85


( Ma Thein Shin and four  v.  Tan Keet Khang and four )


Present : U Thein Maung , Chief Justice of the Union of Burma , Mr . Justice Myint Thein and Mr . Justice Chan Htoon. )


တွင်"တရားမကျင့်ထုံးဥပဒေအမိန့်၄၁၊နည်း၂၂(၁)အရအယူခံမှုမှအယူခံတရားပြိုင်သည်အချင်းဖြစ်ဒီကရီမှန်ကန်ကြောင်းမိမိအားအနိုင်ပေး၍(အောက်ရုံး)ကဆုံးဖြတ်ထားသောအကြောင်းပြချက်များအရထောက်ခံတင်ပြခွင့်ရှိသည့်အပြင်မိမိအားအရှုံးပေးသောအကြောင်းပြချက်များလည်းမမှန်ကြောင်းတင်ပြခွင့်ရှိသည်။မူလရုံးကအဆုံးအဖြတ်မပြုသောအကြောင်းပြချက်များအရပင်လျှင်ထောက်ခံတင်ပြနိုင်သည်။အချင်းဖြစ်ကိစ္စကိုအယူခံဝင်နိုင်မှသာပြန်လှန်ကန့်ကွက်လွှာတင်သွင်းနိုင်သည်"ဟုထုံးပြုထားသည်။


ယင်းစီရင်ချက်နှစ်ရပ်တွင်အမှုဇာတ်လမ်းဖော်ပြပုံချင်းမတူ။


အမှုတွင်ပေါ်ပေါက်သည့်ဥပဒေပြဿနာအပေါ်ဆုံးဖြတ်ချက်များမှာလည်းဖြောင့်ဖြောင့်ကြီးဆန့်ကျင်ကွဲပြားသည်ကိုတွေ့ရပါမည်။


စီရင်ချက်များ​၏အရသာကိုမခံစားမိသော်၊တရားသူကြီးသည်စီရင်ချက်ကောင်းကောင်းရေးတတ်ရန်မျှော်လင့်၍မရနိုင်။


စီရင်ချက်ရေးခြင်းသည်အတတ်ပညာတရပ်ဖြစ်သည်ကိုမမေ့အပ်။


မူလရုံးကအရှုံးပေးသည့်ဆုံးဖြတ်ချက်မှားယွင်းကြောင်းအယူခံတွင်တင်ပြခွင့်ရှိသည်ဟု၊ 1955 BLR ( S C ) 85 အမှုတွင်ပြဆိုထားရာ၊ပထမအယူခံရုံးဖြစ်သောတိုင်းတရားရုံးသည်စွဲဆိုသောအမှုကာလစည်းကမ်းသတ်ကျော်လွန်ခြင်းမရှိဟူသောမူလရုံး​၏အမိန့်ကိုပြင်ဆင်မှု၌အတည်ပြုခဲ့သဖြင့်ပထမအယူခံတွင်ကွဲလွဲဆုံးဖြတ်ခွင့်မရှိခြင်းကြောင့်၊တိုင်းတရားရုံး၌ထိုပြဿနာကိုတင်ပြခွင့်မရှိသော်လည်း၊တရားရုံးချုပ်၌တင်သွင်းသောဒုတိယအယူခံ၌မူတင်ပြခွင့်ရှိမရှိ၊အထက်ပါတရားလွှတ်တော်ချုပ်​၏လမ်းညွှန်ချက်ကိုထောက်ရှုကာ၊ပြန်လည်စိစစ်ဆုံးဖြတ်သင့်ပါသည်။






























Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ