အပိုင်ပေးခြင်းဆိုင်ရာဥပဒေ
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
အပိုင်ပေးခြင်းဆိုင်ရာဥပဒေ
2001 BLR 290 ( SAB )
ဦးမောင်မြပါ၆ နှင့် မသန်းသန်းချို
တရားရုံးချုပ်တရားသူကြီးချုပ်ဦးအောင်တိုး၊တရားသူကြီးများဖြစ်ကြသောဒေါက်တာတင်အောင်အေးနှင့်ဦးမြင့်သိန်းတို့ရှေ့တွင်
အမှုတွင်ဆုံးဖြတ်ရန်အရေးယူလောက်သောဥပဒေပြဿနာမှာ၊အောက်ပါအတိုင်းဖြစ်သည်-
"အိမ်နှင့်အိမ်ယာမြေ(အိမ်ရာမြေဖြစ်ရပါမည်)အပေးစာချုပ်အမှတ်၁၅/၈၀ချုပ်ဆိုပြီးဖြစ်၍၊ယင်းစာချုပ်တွင်ပါဝင်သောပစ္စည်းများကိုပင်မိသားစုအချင်းချင်းစီမံမှုဖြင့်အမွေစီမံခန့်ခွဲမှုစာချုပ်၄၅/၈၆ကိုသဘောတူထပ်မံချုပ်ဆိုခွင့်မရှိကြောင်းကောက်ယူသုံးသပ်ဆုံးဖြတ်ချက်မှာ၊အမှုပေါ်ပေါက်သောအထောက်အထားများအဖြစ်အပျက်အခြေအနေတို့နှင့်ညီညွတ်မှန်ကန်မှုရှိမရှိ"
အယူခံရုံးကစီရင်ထုံးစာမျက်နှာ၂၉၈နှင့်၂၉၉တွင်၊အပိုင်ပေးစာချုပ်အမှတ်၁၅/၈၀တရားမဝင်ပျက်ပြယ်သည်ဟုသုံးသပ်ပြီးဆုံးဖြတ်သည်။
အယူခံရုံးကကိုးကားသောပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၁၂၂တွင်အောက်ပါအတိုင်း(ဘာသာပြန်ချက်ဖြစ်သည်)ပြဌာန်းထားသည်-
"အပိုင်ပေးခြင်းဆိုသည်မှာလက်ရှိရွှေ့ပြောင်းနိုင်သောပစ္စည်းသို့မဟုတ်မရွှေ့မပြောင်းနိုင်သောပစ္စည်းကို၊အပိုင်ပေးသူဟုခေါ်တွင်သူကအပိုင်ရသူဟုခေါ်တွင်သူသို့၊အဖိုးစားနားမရှိဘဲမိမိအလိုအလျောက်လွှဲပြောင်းပေးရာ၊အပိုင်ရသူကဖြစ်စေ၊၎င်းအတွက်ဖြစ်စေလက်ခံခြင်းဖြစ်သည်။"
(ပယ်ဖျက်လိုက်သောလယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးအက်ဥပဒေပုဒ်မ၉(၁)(ခ)တွင်အပိုင်ပေးခြင်း၊ပုဒ်မ၁၀(၁)(ခ)တွင်အပိုင်ပေးခွင့်ဟူသောဝေါဟာရများသုံးထားသည်ကိုသတိပြုပါ)
ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၁၂၂ပါပြဌာန်းချက်များကိုမဖော်ပြဘဲ"ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၁၂၂အရမရွှေ့မပြောင်းနိုင်သောပစ္စည်းကိုမေတ္တာဖြင့်ပေးကမ်းရာတွင်ရယူသူကိုယ်တိုင်ဖြစ်စေ၊ရယူသူကိုယ်စားတဦးဦးကဖြစ်စေ၊လက်ခံရယူရမည်ဖြစ်ပြီး"ဟုအကြောင်းပြခြင်းသည်အမှား၏အစဖြစ်သည်။
ပြဌာန်းချက်နှင့်အမှုဖြစ်ရပ်တို့ကိုဆက်စပ်ပြီးကြောင်းကျိုးဆင်ခြင်ခြင်းမပြု။
စီရင်ထုံးပါ"ရယူသူကိုယ်တိုင်ဖြစ်စေ၊ရယူသူကိုယ်စားတဦးဦးကဖြစ်စေ"ဟူသောစကားရပ်ပါ၊"ရယူသူ"ဟူသောစကားရပ်သည်ပုဒ်မ၁၂၂ပါ"donee"၏ဘာသာပြန်ချက်ဖြစ်ပုံပေါ်သည်။
ယခုအခါဖျက်သိမ်းလိုက်ပြီးဖြစ်သော၁၉၅၃ခုနှစ်လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးအက်ဥပဒေပုဒ်မ၉(၁)(ခ)၌ပြဌာန်းခဲ့သည့်အတိုင်း"gift"ကိုအပိုင်ပေးခြင်းဟုဘာသာပြန်လျှင်၊"donee"ကိုအပိုင်ရသူဟုဘာသာပြန်ရန်ဖြစ်ပါက၊ပစ္စည်းရယူသည့်ပြဿနာမရှိနိုင်။
ထိုသို့ဆိုလျှင်ပစ္စည်းအပိုင်ပေးရာ၌အပိုင်ပေးသည့်ပစ္စည်းကိုအပိုင်ရသူကလက်ခံရယူသည့်ပြဿနာမရှိနိုင်။
ပစ္စည်းအပိုင်ပေးရာ၌အပိုင်ပေးသည့်ပစ္စည်းကိုလက်ရောက်ပေးကမ်းရန်လိုသည်ဟုကောက်ယူရန်အကြောင်းမရှိနိုင်။
ဤအခြေအနေတွင်၊အဆိုလွှာအပိုဒ်၄ပါအဆိုပြုချက်များကိုအထူးခုံရုံးကဆင်ခြင်ရန်အကြောင်းမရှိနိုင်တော့။
ပုဒ်မ၁၂၂ပါမူရင်း(အင်္ဂလိပ်ဘာသာဖြင့်)ပြဌာန်းချက်ကိုစီရင်ချက်တွင်ဖော်ပြကာ၊ကြောင်းကျိုးဆင်ခြင်ရန်ပျက်ကွက်ခြင်းသည်အမှားကိုဖြစ်စေသည်။
ထို့ပြင်ပစ္စည်းအပိုင်ပေးရာ၌ပစ္စည်းကိုလက်ရောက်ပေးအပ်ရန်လိုကြောင်းထုံးသာဓကတရပ်ရပ်ကို၊ကိုးကားမဆုံးဖြတ်ခြင်းသည်၊ 1954 BLR ( SC ) 52 (57)ပါအဆိုအမိန့်နှင့်ငြိစွန်းသည်။
AIR 1939 Rangoon 49 ( D B )
Bissessar Das and another v. Ma Yi and another .
Mya Bu Offg . C . J . And Dunkley , J .
စီရင်ထုံးနှင့်
Comments
Post a Comment