အမှုတမှုစီ၏ဖြစ်ရပ်ကိုကြည့်၍အမှုသည်များ၏အခွင့်အရေးကိုအပြီးအပြတ်အဆုံးအဖြတ်ပေးရာရောက်လျှင်ဒီကရီအဖြစ်အယူခံဝင်နိုင်သည်
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
1957 BLR ( H C ) 16
Maung Tha Saing v. Ma Ain Tha .
Before U San Maung , J .
အမှုတွင်၊စီရင်ထုံးစာမျက်နှာ၂၀တွင်အောက်ပါအတိုင်းသုံးသပ်၍ဆုံးဖြတ်ထုံးပြုထားသည်-
"In my opinion no hard and fast rule can be laid down as to when an order staying an execution will be appealable as a decree under section 2 ( 2) read with section 47 of the Civil Procedure Code . Each case must be decided on the facts and circumstances arising therein.
Held : No hard and fast rule can be laid down as to when an order staying an execution will be appealable as a decree under s. 2 ( 2 ) read with s. 47 of the Civil Procedure Code."
မောင်သာဆိုင်ကမအိမ်သာအပေါ်အချင်းဖြစ်မြေမှဖယ်ရှားပေးရန်ရရှိထားသည့်ဒီကရီကိုအတည်ပြုရာခရိုင်ဝန်ကထိုမြေကိုအစိုးရကသိမ်းယူရန်စီစဉ်လျက်ရှိသဖြင့်ဇာရီမှုကိုဆိုင်းငံ့ထားရန်မေတ္တာရပ်ခံသောကြောင့်မြို့နယ်တရားရုံးကဇာရီမှုကိုပလပ်လိုက်သည်။
မောင်သာဆိုင်ကပထမအယူခံရုံးတွင်အယူခံဝင်ရာအယူခံရုံးကအခြားအချက်များအပြင်မူလရုံး၏အမိန့်ကိုအယူခံဝင်ခွင့်မရှိဟုအကြောင်းပြကာအယူခံကိုပလပ်လိုက်သည်။
မောင်သာဆိုင်ကထပ်မံအယူခံဝင်သောအခါတရားလွှတ်တော်က"ဇာရီမှုကိုဆိုင်းငံ့သည့်အမိန့်အားမည်သည့်အခါဒီကရီအဖြစ်အယူခံဝင်နိုင်ကြောင်းတရားသေသတ်မှတ်၍မရကြောင်း၊တမှုစီတွင်ပေါ်ပေါက်သောအကြောင်းခြင်းရာများနှင့်အခြေအနေများအရဆုံးဖြတ်ရမည်ဖြစ်ကြောင်း၊မြို့နယ်တရားရုံးသည်ဇာရီမှုကိုအချိန်အကန့်အသတ်မရှိဆိုင်းငံ့ခဲ့သည်သာမကအမှုကိုလည်းပိတ်ခဲ့သေးကြောင်း၊ဤအခြေအနေတွင်မူလရုံး၏အမိန့်သည်တရားနိုင်အနေဖြင့်မိမိ၏ဒီကရီအားအတည်ပြုခြင်းကိုငြင်းပယ်ရာရောက်စေသည်ဟုမှတ်ယူရမည်ဖြစ်၍ပုဒ်မ၄၇တွင်အကျုံးဝင်သောပြဿနာကိုအဆုံးအဖြတ်ပြုခြင်းဖြစ်ကြောင်း၊သို့ဖြစ်၍မြို့နယ်တရားရုံး၏အမိန့်ကိုအယူခံဝင်ခွင့်ရှိကြောင်း"ဆုံးဖြတ်သည်။
မောင်သာဆိုင်အမှုတွင်၊ဇာရီမှုကိုဆိုင်းငံ့သောအမိန့်အားတရားမကျင့်ထုံးဥပဒေပုဒ်မ၂(၂)/၄၇အရဒီကရီအဖြစ်မည်သည့်အခါအယူခံဝင်ခွင့်ရှိမည်ဖြစ်ကြောင်းပုံသေကားကျသတ်မှတ်မရနိုင်ဟုပြဆိုသည်။
ဆိုလိုသည်မှာ၊ဇာရီမှုကိုဆိုင်းငံ့သောအမိန့်၊ဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်၊တရားနိုင်၊တရားရှုံးတို့၏အခွင့်အရေးကိုအပြီးအပြတ်ဆုံးဖြတ်ခြင်းမဟုတ်၍ဒီကရီမဖြစ်နိုင်ဟု၊ယေဘုယျအားဖြင့်ဆိုနိုင်သော်လည်းဇာရီမှုကိုအချိန်အကန့်အသတ်မရှိဆိုင်းငံ့လိုက်သောအမိန့်သည်တရားနိုင်၏အခွင့်အရေးကိုအပြီးအပြတ်ပိတ်ပင်ဆုံးဖြတ်ရာရောက်သဖြင့်အယူခံဝင်ခွင့်ရှိသည်။
ထို့ကြောင့်ဇာရီမှုကိုဆိုင်းငံ့သောအမိန့်သည်၊မည်သည့်အခါအယူခံဝင်နိုင်သည်၊မည်သည့်အခါအယူခံမဝင်နိုင်ဆိုခြင်းသည်၊အပြတ်ပြော၍မရသောကိစ္စဖြစ်သည်။
အမှုတမှုစီ၏ဖြစ်ရပ်ကိုကြည့်၍အမှုသည်များ၏အခွင့်အရေးကိုအပြီးအပြတ်အဆုံးအဖြတ်ပေးရာရောက်လျှင်ဒီကရီအဖြစ်အယူခံဝင်နိုင်ပြီး၊ထိုကဲ့သို့မဟုတ်လျှင်အယူခံမဝင်နိုင်ဟုကောက်ချက်ချရမည်ဖြစ်သည်။
ဒီကရီပုံစံများကိုကြည့်လျှင်၊တရားမကြီးမှု၊အယူခံမှုများအတွက်ပြဌာန်းထားသည်ကိုတွေ့မြင်နိုင်သည်။
ဇာရီမှုများအတွက်မရည်ရွယ်။
ဒီကရီမြောက်သောအမိန့်များကိုလည်းထုံးပုံကျအမိန့်ရေးဆွဲကြခြင်းသည်၊တရားရုံးများ၏ practice တခုဖြစ်သည်။
အဆိုပါထုံးပုံကျအမိန့်များကို၊ဒီကရီအဖြစ်သဘောထားပြီးအယူခံဝင်ကြသည်။
အယူခံရုံးကမူဒီကရီရေးဆွဲသည်။
တရားမကြီးမှုတွင်ဒီကရီအစားထုံးပုံကျအမိန့်ရေးဆွဲလျှင်လည်း၊ဒီကရီအဖြစ်ပြောင်းလဲရေးဆွဲရန်လျှောက်ထားခြင်းမပြုဘဲအယူခံဝင်လျှင်ရနိုင်မည်ဟုအဖြစ်ပြောလျှင်ရသည်။
သို့သော်တရားမကြီးမှုများတွင်ချမှတ်သောဆုံးဖြတ်ချက်ကိုအယူခံဝင်ရာတွင်၊အယူခံရုံးကစီရင်ချက်နှင့်အတူဒီကရီပါမပါစိစစ်ပြီးမှလက်ခံမည်ဖြစ်သည်။
ဒီကရီမပါလျှင်ဒီကရီတင်ပြရန်တောင်းဆိုပါလိမ့်မည်။
အောက်ရုံးကဒီကရီမရေးဆွဲခြင်းကြောင့်မတင်နိုင်ခြင်းဖြစ်သည်ဟုဖြေရှင်းချက်ပေးလျှင်၊ဒီကရီရေးဆွဲပေးရန်မူလရုံးတွင်လျှောက်ထား၍၊ဒီကရီမိတ္တူရရှိသောအခါတင်ပြရန်ခိုင်းမည်ဖြစ်သည်။
ထို့ကြောင့်ဒီကရီရေးဆွဲရန်အောက်ရုံးတွင်အရေးဆိုရန်ဖြစ်ကြောင်းသဘောပေါက်နားလည်သင့်သည်။
ဇာရီမှုတွင်ဒီကရီမရေးဆွဲခြင်းမှာအများသိပြီးဖြစ်သဖြင့်အယူခံရုံးကဒီကရီမိတ္တူတင်ပြရန်ပြောမည်မဟုတ်။
Comments
Post a Comment