ဇာရီရုံးကကန့်ကွက်ချက်များကိုပယ်သောအမိန့်သည်အယူခံဝင်ခွင့်ရှိမရှိ
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
ဇာရီမှု၌တရားရှုံးကအကြောင်းအမျိုးမျိုးပြပြီးကန့်ကွက်ရာတွင်၊ဇာရီရုံးကကန့်ကွက်ချက်များကိုပယ်သောအမိန့်သည်အယူခံဝင်ခွင့်ရှိမရှိ။
ကန့်ကွက်ချက်အားပယ်သောအခါတရားရုံးကအမိန့်၂၁၊နည်း၁၇(၄)အရဒီကရီအမျိုးအစားနှင့်အညီဒီကရီကိုအတည်ပြုရန်အမိန့်ချမှတ်ရမည်ဖြစ်သည်။
လက်ရောက်ပေးအပ်ရန်ဒီကရီကိုဇာရီပြုပေးရန်လျှောက်ထားသောအမှုတွင်၊လက်ရောက်ပေးအပ်စေဟုအမိန့်ချမှတ်ရမည်ဖြစ်သည်။
အဆိုပါအမိန့်ကိုအယူခံဝင်ခွင့်ရှိသည်။
သို့သော်ဒီကရီကိုဆက်လက်ဆောင်ရွက်မည်ဆိုသောသာမန်အမိန့်သည်၊အမှုသည်များ၏အခွင့်အရေးကိုအပြီးအပြတ်ဆုံးဖြတ်ခြင်းမဟုတ်သဖြင့်အယူခံဝင်ခွင့်မရှိနိုင်ကြောင်းအထူးသတိချပ်ရန်ဖြစ်သည်။
အဆိုပါအမိန့်မျိုးသည်ဒီကရီအတည်ပြုရေးတွင်အထောက်အပံ့အဖြစ်ဆောင်ရွက်သောခြေလှမ်းတလှမ်းမျှသာဖြစ်သည်။
ဒီကရီကိုအမှန်တကယ်ဆောင်ရွက်သောအဆင့်သို့မရောက်သေးကြောင်းမြင်နိုင်သည်။
အမှန်အားဖြင့်အဆိုပါအမိန့်မျိုးသည်အမိန့်၂၁၊နည်း၁၇(၄)တွင်ရည်စူးသောအမိန့်မျိုးမဟုတ်။
ဇာရီလျှောက်လွှာတွင်ဒီကရီကိုမည်ကဲ့သို့အတည်ပြုစေလိုကြောင်းဖော်ပြရသည်။
ဇာရီရုံးကတရားမကျင့်ထုံးဥပဒေပုဒ်မ၅၁(က)မှ(င)တွင်ပါဝင်သောမည်သည့်နည်းနှင့်ဒီကရီကိုအတည်ပြုရန်အမိန့်ချမှတ်ရမည်ဖြစ်သည်။
ဥပမာ၊ငွေဒီကရီကိုအတည်ပြုရာတွင်၊တရားနိုင်ကတရားရှုံး၏ပစ္စည်းကိုဝရမ်းကပ်ရောင်းချပေးရန်ဖော်ပြလျှောက်ထားခဲ့လျှင်၊တရားရှုံး၏ကန့်ကွက်ချက်ကိုပယ်ချသောအမိန့်တွင်၊ဝရမ်းကပ်ရောင်းချစေရန်ပုဒ်မ၅၁(ခ)အရတပါတည်းအမိန့်ချမှတ်ရမည်ဖြစ်သည်။
လက်ရောက်ပေးအပ်ရန်ဒီကရီဖြစ်လျှင်၊ပုဒ်မ၅၁(က)အရလက်ရောက်ပေးအပ်စေရန်အမိန့်ချမှတ်ရမည်ဖြစ်သည်။
အမိန့်၂၁၊နည်း၂၄(၁)အရအပ်ဝရမ်းထုတ်ရန်ဖြစ်သည်။
Comments
Post a Comment