ပဋိညာဉ်သစ်ဖြင့်အစားထိုးခြင်းဆိုင်ရာဥပဒေ

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


ပဋိညာဉ်သစ်ဖြင့်အစားထိုးခြင်းဆိုင်ရာဥပဒေ

ပဋိညာဉ်အက်ဥပဒေပုဒ်မ၆၂တွင်အောက်ပါအတိုင်းပြဌာန်းထား​၏-


"If the parties to a contract agree to substitute a new contract for it , or to rescind or alter it , the original contract need not be performed. "


(ပဋိညာဉ်ချုပ်ဆိုရာတွင်ပါဝင်သူများသည်၊ထိုပဋိညာဉ်ကိုပဋိညာဉ်သစ်ဖြင့်အစားထိုးရန်ဖြစ်စေ၊ဖျက်သိမ်းရန်ဖြစ်စေ၊ပြောင်းလဲရန်ဖြစ်စေသဘောတူညီလျှင်၊မူလပဋိညာဉ်ကိုဆောင်ရွက်ရန်မလို။)


ပုဒ်မ၆၂ပါ"မူလပဋိညာဉ်ကိုဆောင်ရွက်ရန်မလို"ဟူသောပြဌာန်းချက်ကိုသတ္တုချကြည့်လျှင်၊မူလပဋိညာဉ်မှာဆောင်ရွက်ဆဲ( executory )ဖြစ်ကြောင်းမြင်သာသည်။


ပုဒ်မ၆၂​၏ဥပမာ(က)နှင့်(ခ)တို့ကိုလေ့လာကြည့်လျှင်၊အစားထိုးခဲ့ရသောမူလပဋိညာဉ်သည်ဆောင်ရွက်ဆဲပဋိညာဉ်များဖြစ်သည်ကိုတွေ့မြင်နိုင်ပါသည်။


အချင်းဖြစ်အပိုင်ပေးစာချုပ်ကိုမှတ်ပုံတင်လိုက်သည်နှင့်တပြိုင်နက်(စီရင်ထုံးစာမျက်နှာ၂၉၁ပထမစာပိုဒ်၌မှတ်ပုံတင်စာချုပ်အမှတ်၁၅/၉၀နှင့်၁၅/၈၀ဟုကွဲလွဲစွာဖော်ပြထားသည်)အပိုင်ပေးသူသည်လွှဲပြောင်းခြင်းကိုဆက်လက်ဆောင်ရွက်ရန်မရှိတော့။


အပိုင်ပေးသည့်ပဋိညာဉ်သည်၊ပြီးမြောက်သည့်( executed )ပဋိညာဉ်ဖြစ်သွားသည်။


Desai Narotom ပြုစုသော A Dictionary of Law Terms and Phrases ကျမ်း(၁၉၁၆ခုနှစ်ထုတ်)စာမျက်နှာ၈၉တွင်၊ဆောင်ရွက်ဆဲပဋိညာဉ်နှင့်ဆောင်ရွက်ပြီးပဋိညာဉ်တို့ကွဲပြားခြားနားပုံကို-


"Executory and executed contracts . An executory contract is one in which a party binds himself to do or not to do a particular thing . A contract executed is one in which the ' object of contract ' is performed. "


ဟုပြဆိုထားသည်။


ပညာရှင်မူလာ( Mulla )​၏ပဋိညာဉ်အက်ဥပဒေကျမ်း(ကျောင်းသားကိုင်)(၁၉၉၀ပြည့်နှစ်ထုတ်)စာမျက်နှာ၁၅၈တွင်ပုဒ်မ၆၂ကိုဋီကာချဲ့ရာ၌၊မူလပဋိညာဉ်ကိုတည်ဆဲပဋိညာဉ်( existing contract )ဟုရည်ညွှန်းခြင်းက၊အစားထိုးခံရသောပဋိညာဉ်မှာ၊မဆောင်မရွက်ရသေးသည့်၊မပြီးမြောက်သေးသည့်ပဋိညာဉ်ဖြစ်ကြောင်းမြင်သာသည်။


အပိုင်ပေးစာချုပ်ကို၊သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၃၁အရပြင်ဆင်ခြင်းမရှိ။ပုဒ်မ၃၅နှင့်အညီဖျက်သိမ်းခြင်းလည်းမရှိ။


ပဋိညာဉ်အက်ဥပဒေပုဒ်မ၆၂အရပဋိညာဉ်သစ်ဖြင့်၊ပြီးမြောက်ပြီးဖြစ်သောအပိုင်ပေးသည့်ပဋိညာဉ်ကိုအစားထိုး၍မရနိုင်တော့။


အပိုင်ပေးစာချုပ်ကိုမှတ်ပုံတင်လိုက်သည်နှင့်တပြိုင်နက်၊အပိုင်ပေးသောပစ္စည်းများမှာ၊အပိုင်ရသူ(၆)ဦး၊ပူးတွဲပိုင်ဖြစ်သွားသည်။


အပိုင်ပေးခြင်းကိုပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၁၂၆​၏ဒုတိယအပိုဒ်ပါပြဌာန်းချက်များနှင့်အညီဖျက်သိမ်းခြင်းမပြုသဖြင့်၊၎င်းတို့(၆)ဦးပိုင်ဖြစ်မြဲဖြစ်သည်။


မှတ်ပုံတင်စာချုပ်အမှတ်၄၅/၈၆သည်၊ပစ္စည်းအပိုင်ပေးသည့်ပဋိညာဉ်ကို၊ပဋိညာဉ်အက်ဥပဒေပုဒ်မ၆၂အရအစားထိုးရာမရောက်နိုင်။


မူလတရားရုံးဖြစ်သောတိုင်းတရားရုံးကပုဒ်မ၆၂ကိုကိုးကားပြီး၊မူလပဋိညာဉ်အတိုင်းဆောင်ရွက်ရန်မလို(စီရင်ထုံးစာမျက်နှာ၂၉၇ကိုကြည့်ပါ)ဟုသုံးသပ်ခြင်းမှာမမှန်နိုင်။


အပိုင်ရသူများပိုင်ဖြစ်သွားသောပစ္စည်းများကို၊ဦးမောင်မြကမိမိပိုင်ဖြစ်သည့်နှယ်အမွေခွဲခွင့်မရှိ။


အပိုင်ရသူများကမှတ်ပုံတင်လွှဲပြောင်းစာချုပ်ချုပ်ဆိုကာ၊အချင်းဖြစ်ပစ္စည်းများကိုလွှဲပြောင်းပေးပါမှ၊ဦးမောင်မြပိုင်ပြန်ဖြစ်သွားမည်ဖြစ်သည်။


စာချုပ်အမှတ်၄၅/၈၆ကိုအပိုင်ရသူများကလက်မှတ်ထိုးရုံမျှဖြင့်၊ပထမအပိုင်ပေးစာချုပ်ပျက်သွားရန်အကြောင်းမရှိနိုင်။


12 Ran 589


The official Assignee  v.  M. E.Molla Sons , Ltd.( in Liquidation )


Before Sir Arthur Page , Kt. , Chief Justice , and Mr . Justice Mya Bu .


အမှုတွင်၊ပြဌာန်းဥပဒေကစာချုပ်စာတမ်းချုပ်ဆိုရန်လိုအပ်လျှင်(မှတ်ချက်။ ။ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၁၂၃အရ၊မရွှေ့မပြောင်းနိုင်သောပစ္စည်းကိုအပိုင်ပေးလျှင်၊မှတ်ပုံတင်စာချုပ်ချုပ်ဆိုရန်လိုသည်)ဝန်ခံချက်သက်သက်ဖြင့်မြေပိုင်ဆိုင်ခွင့်ကိုလွှဲပြောင်းခြင်းမပြုနိုင်။


(Title to land cannot pass by a mere admission when the statute requires a deed)


ဟုပြဆိုထားသည်။


1989 BLR 28 ( D B )


ဒေါ်ညွန့် နှင့် မအမြီနာ


တရားရုံးချုပ်တရားသူကြီးဦးမျိုးထွန်းလင်းနှင့်ဦးအေးအုန်းတို့ရှေ့တွင်


အမှုကိုလည်းကြည့်ပါ။


ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၁၂၆​၏ဒုတိယပိုင်းပါပြဌာန်းချက်များအရ၊အပိုင်ပေးခြင်းကိုဖျက်သိမ်းရာမရောက်နိုင်။





Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]