ဒီကရီ၊အယူခံဝင်နိုင်သောအမိန့်၊ဒီကရီလည်းမဟုတ်အယူခံဝင်နိုင်သောအမိန့်လည်းမဟုတ်သည့်အမိန့်
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
ဒီကရီကိုတရားရုံးအဆင့်ဆင့်တွင်၊တဆင့်ပြီးတဆင့်အယူခံဝင်နိုင်သည်။
တရားမကြီးမှုသို့မဟုတ်ဇာရီမှုတွင်ချမှတ်သောဆုံးဖြတ်ချက်များသည်သုံးမျိုးသုံးစားရှိသည်။
၎င်းတို့မှာ-
( ၁ )ဒီကရီ
( ၂ )အယူခံဝင်နိုင်သောအမိန့်
( ၃ )ဒီကရီလည်းမဟုတ်၊အယူခံဝင်နိုင်သောအမိန့်လည်းမဟုတ်သည့်အမိန့်
အယူခံဝင်ခွင့်ရှိသောအမိန့်များကို၊တရားမကျင့်ထုံးဥပဒေပုဒ်မ၁၀၄နှင့်အမိန့်၄၃၊နည်းတွင်ဖော်ပြထားသဖြင့်ပြဿနာမရှိနိုင်။
ဒီကရီဟုတ်မဟုတ်အငြင်းပွားဖွယ်ရာပေါ်ပေါက်တတ်သော်လည်း၊ဒီကရီ၏အဓိပ္ပာယ်ဖွင့်ဆိုချက်ကိုလေ့လာလျှင်ရှင်းလင်းစွာသိရှိနိုင်သည်။
အမှုတွင်အငြင်းပွားသောအကြောင်းအရာအားလုံးသို့မဟုတ်တခုခုနှင့်ဆက်စပ်၍အမှုသည်များ၏အခွင့်အရေးကိုအပြီးအပြတ်ဆုံးဖြတ်ပေးသောဆုံးဖြတ်ချက်ဖြစ်သည်။
အမှုကိုအမှုသွားအမှုလာအရပလပ်သောဆုံးဖြတ်ချက်၊တရားလိုစွဲဆိုသည့်အတိုင်းသက်သာခွင့်ပေးသောဆုံးဖြတ်ချက်များသည်ဒီကရီဖြစ်ကြောင်းနားလည်နိုင်သည်။
1967 BLR 489
မောင်ထန်ခုပ်ပါ၃ နှင့် ဦးလွှန်းထမ်း
တရားသူကြီးချုပ်ဒေါက်တာမောင်မောင်၊တရားသူကြီးဦးချစ်နှင့်တရားသူကြီးဦးစိန်သင်းတို့ရှေ့တွင်
အမှုတွင်၊ဒီကရီ၏သဘောသဘာဝကိုမြန်မာဘာသာဖြင့်အောက်ပါအတိုင်းထုံးဖွဲ့ပြထားသည်-
"ဒီကရီ၏သဘောသည်နှစ်ဖက်အမှုသည်များရပိုင်ခွင့်နှင့်တာဝန်တို့ကိုပြည့်စုံတိကျစွာအပြီးအပြတ်သတ်မှတ်ပေးခြင်းပင်ဖြစ်သည်။စီရင်ချက်တွင်အမှု၏အကြောင်းခြင်းရာ၊ဥပဒေပြဿနာစသည်တို့ကိုဖော်ပြ၍အငြင်းပွားသည်တို့ကိုကောက်ချက်ထုတ်နုတ်ကာကောက်ချက်တရပ်စီကိုဆုံးဖြတ်ရသည်။ထိုဆုံးဖြတ်ချက်တို့ကိုအခြေခံ၍တဖက်နှင့်တဖက်တို့၏ရပိုင်ခွင့်နှင့်တာဝန်တို့ကိုအပြီးသတ်အပြည့်အစုံသတ်မှတ်ရသည်။ထိုသတ်မှတ်ချက်တို့ကိုခြုံငုံမိအောင်ဒီကရီအမိန့်တွင်ရေးဆွဲဖော်ပြရသည်။
အမှုများတွင်စီရင်ချက်၌အမိန့်ပါသည်။ထိုအမိန့်တွင်အမှုသည်တို့၏ရပိုင်ခွင့်နှင့်တာဝန်တို့ကိုဖော်ပြထားပြီးဖြစ်သည်။မည်သည့်ဖက်ကမည်မျှငွေ၊တရားစရိတ်ကိုရ၍မည်သည့်ဖက်မှထိုငွေ၊ထိုစရိတ်တို့ကိုပေးရမည်ဟုအတိအကျသတ်မှတ်ထားပြီးဖြစ်သည်။ထို့ကြောင့်အမိန့်များတွင်ဒီကရီ၏အဓိကအင်္ဂါရပ်တို့ပါဝင်နေပြီဟုဆိုနိုင်သည်။"
ဒီကရီရေးဆွဲလျှင်ဒီကရီဖြစ်မည်ဟုတရားသေသတ်မှတ်၍မရ။
အမှုသည်များ၏အခွင့်အရေးကိုအပြီးအပြတ်အဆုံးအဖြတ်မပေးဘဲချမှတ်သောအမိန့်အရ၊ဒီကရီရေးဆွဲရုံမျှနှင့်ဒီကရီဖြစ်မလာနိုင်ပါ။
စီရင်ချက်သည်ဒီကရီမမြောက်ပဲဒီကရီရေးဆွဲလျှင်အယူခံဝင်ခွင့်မရနိုင်ပါ။
ဒီကရီအစားထုံးပုံကျအမိန့်ပြောင်းပြီးရေးဆွဲပေးရန်လျှောက်ထားခွင့်ရှိသည်။
1967 BLR 765
ဦးဟုတ်စန်း နှင့် ဦးစမ်းမောင်
တရားသူကြီးဦးစိန်သင်းရှေ့တွင်
အမှုတွင်၊ဒီကရီပြင်ရန်ကိစ္စတွင်ကာလစည်းကမ်းသတ်မရှိဟုအောက်ပါအတိုင်းရှင်းပြထားသည်-
Comments
Post a Comment