ခွဲခြားပြသည်( distinguish ) ၊ သဘောကွဲလွဲသည်( dissent )
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
2012 BLR 149 ( S A B )
ဦးအောင်နိုင်(ခ)ဦးဝေလွင်ပါ၃ နှင့် ဒေါ်လဲ့လဲ့ကြူပါ၃
ပြည်ထောင်စုတရားသူကြီးချုပ်ဦးထွန်းထွန်းဦး၊ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများဖြစ်ကြသောဦးသာဌေးနှင့်ဦးမြသိမ်းတို့ရှေ့တွင်
အမှုတွင်၊ပြည်ထောင်စုတရားလွှတ်တော်ချုပ်က၊ 2001 BLR 290(S A B)အမှု၌ထုံးဖွဲ့ချက်ကိုအယူခံတရားပြိုင်ဘက်မှကိုးကားတင်ပြရာ၊စီရင်ထုံးစာမျက်နှာ၁၆၁၌"တရားလိုများစွဲဆိုသည့်ယခုအမှုသည်တည်မြဲလျက်ရှိသည့်အပေးမှတ်ပုံတင်စာချုပ်အရ၊အချင်းဖြစ်ပစ္စည်းကိုလက်ရောက်ရလိုမှုစွဲဆိုခြင်းဖြစ်သဖြင့်၊အဆိုပါအမှုနှင့်ဖြစ်ရပ်ချင်းမတူသဖြင့်၊ယင်းအမှုတွင်စီရင်ထုံးဖွဲ့ဆုံးဖြတ်ချက်သည်ယခုအမှုအတွက်အဖြေမဟုတ်ကြောင်းထင်ရှားသည်"ဟုအကြောင်းပြပြီး၊တရားရုံးချုပ်စီရင်ထုံးနှင့်ခွဲခြားပြ(distinguish )သည်။
အမှန်စင်စစ်သဘောကွဲလွဲကြောင်း(dissent )ဖော်ပြဆုံးဖြတ်ရန်ဖြစ်သည်။
ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ထုံးဖွဲ့ချက်သည်၊ဆိုင်ရာပြဌာန်းချက်များနှင့်ညီညွတ်သည်ဖြစ်၍၊ 1957 BLR ( H C ) 259 စီရင်ထုံးအရ၊ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏စီရင်ထုံးကိုလိုက်နာရန်ဖြစ်သည်။
1957 BLR ( H C ) 259
Ma Thaung v. Maung Pe Tin .
Before U Aung Khine and U Choon Foung , JJ .
အမှုတွင်အောက်ပါအတိုင်းဆုံးဖြတ်ထုံးပြုထားသည်-
Comments
Post a Comment