ဥပဒေသည်မဖြစ်နိုင်သည်ကိုမရည်ရွယ်( Lex non cogit impossibilia )

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


2001 BLR 290 ( S A B )


ဦးမောင်မြပါ၆ နှင့် မသန်းသန်းချို


အမှုစီရင်ထုံးစာမျက်နှာ၂၉၅ပထမနှင့်နောက်ဆုံးစာပိုဒ်ပါဖော်ပြချက်များအရ၊အပိုင်ပေးသူဦးမောင်မြကသားသမီး၆ဦးအားအပိုင်ပေးခြင်းဖြစ်ရာ၊အပိုင်ရသူတို့သည်အပိုင်ပေးသောပစ္စည်းများကိုပူးတွဲအပိုင်ရရှိခြင်းဖြစ်သည်။


ဤအခြေအနေတွင်တဦးစီရသောအစိတ်အပိုင်းအသီးသီးကိုမခွဲရသေးသဖြင့်၊အပိုင်ရသူအသီးသီးအား၎င်းတို့ရခွင့်ရှိသောအပိုင်းကိုလက်ရောက်ပေးအပ်ရန်မဖြစ်နိုင်။


1958 BLR ( S C ) 81


ပြည်နယ်ဆိုင်ရာဝန်ကြီးများခန့်ထားခြင်းနှင့်စပ်လျဉ်း၍ပေါ်ပေါက်လာသောပြဿနာကိုဆုံးဖြတ်ချက်ရယူရန်လွှဲအပ်မှု

နိုင်ငံတော်တရားဝန်ကြီးချုပ်ဦးမြင့်သိန်း၊တရားဝန်ကြီးဦးချန်ထွန်းနှင့်တရားဝန်ကြီးဦးဘိုကြီးတို့ကအမိန့်ချမှတ်သည်


အမှုတွင်၊ဥပဒေသည်မဖြစ်နိုင်သည်ကိုမရည်ရွယ်( Lex non cogit impossibilia )ဟုယခင်တရားလွှတ်တော်ချုပ်ကအခိုင်အမာထုံးဖွဲ့ထားသည်။


2001 BLR 290 ( S A B )စီရင်ထုံးစာမျက်နှာ၂၉၂နှင့်၂၉၄တို့တွင်၊အယူခံတရားလိုဦးမောင်မြပါ၆​၏ရှေ့နေကလျှောက်လဲတင်ပြချက်များကိုဖော်ပြထားသည်။


2001 BLR 290 ( S A B )စီရင်ထုံးစာမျက်နှာ၂၉၄နှင့်၂၉၅တို့တွင်၊အယူခံတရားပြိုင်မသန်းသန်းချို​၏ရှေ့နေကလျှောက်လဲတင်ပြချက်များကိုဖော်ပြထားသည်။


အထူးအယူခံဝင်ခွင့်ပြုသောအထူးခုံရုံး​၏စီရင်ချက်ကိုဖတ်ခွင့်မရသဖြင့်၊အရေးယူလောက်သောပြဿနာကိုမည်သည့်ဥပဒေအချက်အလက်တို့အပေါ်အခြေခံထုတ်နုတ်သည်မသိရ။


အပိုင်ပေးစာချုပ်ပျက်ပြယ်သည်ဟူသောဥပဒေများအပေါ်အ​ခြေခံပုံမပေါ်။




 

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]