Posts

Showing posts from July, 2022

1969 BLR 127 (မောင်ကျော်သူ နှင့် ထွန်းမြအောင်)

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ 1969 BLR 127 မောင်ကျော်သူ နှင့် ထွန်းမြအောင် တရားသူကြီးဦးကျော်ဇံဦးနှင့်တရားသူကြီးဦးသက်ဖေတို့ရှေ့တွင် အမှုတွင်၊တရားသူကြီးဦးကျော်ဇံဦးကစီရင်ထုံးစာမျက်နှာ၁၃၂တွင်အောက်ပါအတိုင်းသုံးသပ်ဆုံးဖြတ်သည်- "သက်သေထွက်ဆိုချက်များမှာတဆင့်ကြားစကားဖြစ်စေကာမူ၊ဤစကားများသည်သက်သေခံအက်ဥပဒေပုဒ်မ၃၂(၄)အရ၊တရားဝင်သက်သေထွက်ဆိုချက်များအဖြစ်လက်ခံသင့်ပေသည်။သက်သေများသည်လုပ်သားပြည်သူအများ​အပြားတို့၏စိတ်ဝင်စားအကျိုးစပ်လျဉ်းဆက်ဆံခြင်းတို့နှင့်ပတ်သက်၍အမှုမဖြစ်မီကပင်ထင်မြင်ကြားဘူးသည့်အကြောင်းများကိုထွက်ဆိုကြခြင်းသာဖြစ်၍လက်ခံရပေမည်။ဤအကြောင်းအရာများမှာအများနှင့်ပတ်သက်သောရှေးဟောင်းအဖြစ်အပျက်အကြောင်းအရာများဖြစ်၍တိုက်ရိုက်သက်သေထွက်ဆိုချက်များရယှိရန်အလွန်ခဲယဉ်းသော်လည်းအမှုတွင်ဤသက်သေထွက်ဆိုချက်များအပြင်တိုက်ရိုက်သက်သေထွက်ဆိုချက်များလည်းယှိနေသည်။အများနှင့်သက်ဆိုင်နေ၍မည်သူတဦးတယောက်ကမျှမိမိ​၏ကိုယ်ကျိုးအတွက်ထွက်ဆိုရန်အကြောင်းမယှိပေ။ထို့ကြောင့်အသက်အရွယ်အဆင့်အတန်းကြီး၍ယုံကြည်လောက်သောဤလူကြီးသူမြတ်သက်သေများ​၏ထွက်ဆိုချက်များကိုလက်မခံနိုင်ပါကအများနှင့်သက်ဆိုင်သောရှေးဟောင်းခေတ်အကြောင်းများကိုပြသရန်လွယ်ကူမ...

1955 BLR ( H C ) 137

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ 1955 BLR ( H C ) 137 U San Pe  v. Ma Thin Kyi and one  Before U San Maung , J . အမှုတွင်၊အယူခံမှုတန်ဖိုးသည်ကျပ်ငါးရာမကျော်သဖြင့်အယူခံတရားလိုသည်မိမိအယူခံမှုမှာ၊တရားမကျင့်ထုံးဥပဒေပုဒ်မ၁၀၀​၏ပုဒ်မခွဲ၁​၏အပိုဒ်(က)တွင်ကျရောက်ကြောင်းတင်ပြနိုင်မှသာအနိုင်ရမည်။ ဆိုလိုသည်မှာဆုံးဖြတ်ချက်သည်ဥပဒေနှင့်ဆန့်ကျင်ကြောင်းသို့မဟုတ်ဥပဒေကဲ့သို့အာဏာရှိသောဓလေ့ထုံးတမ်းနှင့်ဆန့်ကျင်ကြောင်းမပြနိုင်လျှင်အနိုင်ရမည်မဟုတ်။ ဥပဒေနှင့်အကြောင်းခြင်းရာပြဿနာများမှာတခါတရံခွဲခြားရခက်ခဲသည်။ သက်သေထင်ရှားသောအကြောင်းခြင်းရာတရပ်​၏ဥပဒေအရအကျိုးသက်ရောက်မှုသည်အခြေခံအားဖြင့်ဥပဒေပြဿနာဖြစ်သည်။ သို့ရာတွင်အကြောင်းခြင်းရာကိုထောက်ခံသောသက်သေခံချက်ကိုလည်းကောင်း၊ဆန့်ကျင်ဘက်သက်သေခံချက်ကိုလည်းကောင်း၊နည်းလမ်းတကျလက်ခံထားရာတွင်ယင်းအကြောင်းခြင်းရာသည်သက်သေထင်ရှားခြင်းရှိမရှိမှာမူအကြောင်းခြင်းရာပြဿနာသာဖြစ်သည်ဟု၊တရားဝန်ကြီးဦးစံမောင်ကအောက်ပါအတိုင်းဆုံးဖြတ်သည်- Held:As the value of the appeal does not exceed Rs.500, the appellant can only succeed if he can bring his appeal within the ambit of clause(a) sub-s.1 of ...

1948 BLR ( H C ) 582, 1978 BLR 130 စီရင်ထုံးနှစ်ရပ်နှင့်ဆန့်ကျင်ဘက်ဖြစ်သောစီရင်ထုံး A IR 1941 Rangoon 270

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ 1948 BLR ( H C ) 582 မတင်တင် နှင့် ဒေါ်ကံရှိ လွှတ်တော်တရားဝန်ကြီးချုပ်ဦးသိမ်းမောင်နှင့် တရားဝန်ကြီးဦးစံမောင်ရှေ့၌ အမှုတွင်တရားဝန်ကြီးဦးစံမောင်က၊စီရင်ထုံးစာမျက်နှာ၅၈၇တွင်အောက်ပါအတိုင်းသုံးသပ်သည်- "ဤအမှုတွင်နှစ်ဦးနှစ်ဖက်မှပြသောသက်သေများသည်အပြိုင်အဆိုင်ဖြစ်နေကြ၍အမှုကိုမှန်ရာရောက်အောင်မည်သည့်နည်းနှင့်ဆုံးဖြတ်ရမည်နည်း။ဤအချက်နှင့်စပ်လျဉ်း၍ပရီဗီကောင်စီ​၏လွှတ်တော်က၊ဂျီ၊ဒဗလျူ၊ဒေဝိစ် နှင့် မောင်ရွှေကိုတို့အမှု(အတွဲနံပါတ်၃၈၊အိုင်၊အေ စာမျက်နှာ၁၅၅)တွင်ဆုံးဖြတ်ထားသောအချက်မှာများစွာဆီလျော်ပေသည်။ပရီဗီကောင်စီကယင်းသို့အမှုများတွင်၊ဝန်ခံထားသောအချက်များနှင့်ဖြစ်ဟန်လက္ခဏာရှိသောအချက်များ(Admitted circumstances and resulting probabilities)တို့ကိုထောက်ရှုပြီး၊မည်သည့်ဘက်ကမှန်လိမ့်မည်ဟုဆုံးဖြတ်သင့်ကြောင်းမြွက်ဆိုထားလေသည်။" စီရင်ထုံးစာမျက်နှာ၅၈၈နှင့်၅၈၉တွင်၊တရားဝန်ကြီးဦးစံမောင်ကအောက်ပါအတိုင်းဆက်လက်သုံးသပ်ဆုံးဖြတ်သည်- "မတင်တင်နှင့်မောင်ချစ်မောင်တို့သည်၁၁လကြာမျှပေါင်းသင်းပြီးမှကွဲခြင်းကြောင့်ဤပဋိညာဉ်စာချုပ်က်ို၎င်းတို့ကွဲပြီးမှသာလျှင်လီဆယ်ပြီးချုပ်ဆိုသောစာချုပ်ဖြစ်သည...