1969 BLR 127 (မောင်ကျော်သူ နှင့် ထွန်းမြအောင်)
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
1969 BLR 127
မောင်ကျော်သူ နှင့် ထွန်းမြအောင်
တရားသူကြီးဦးကျော်ဇံဦးနှင့်တရားသူကြီးဦးသက်ဖေတို့ရှေ့တွင်
အမှုတွင်၊တရားသူကြီးဦးကျော်ဇံဦးကစီရင်ထုံးစာမျက်နှာ၁၃၂တွင်အောက်ပါအတိုင်းသုံးသပ်ဆုံးဖြတ်သည်-
"သက်သေထွက်ဆိုချက်များမှာတဆင့်ကြားစကားဖြစ်စေကာမူ၊ဤစကားများသည်သက်သေခံအက်ဥပဒေပုဒ်မ၃၂(၄)အရ၊တရားဝင်သက်သေထွက်ဆိုချက်များအဖြစ်လက်ခံသင့်ပေသည်။သက်သေများသည်လုပ်သားပြည်သူအများအပြားတို့၏စိတ်ဝင်စားအကျိုးစပ်လျဉ်းဆက်ဆံခြင်းတို့နှင့်ပတ်သက်၍အမှုမဖြစ်မီကပင်ထင်မြင်ကြားဘူးသည့်အကြောင်းများကိုထွက်ဆိုကြခြင်းသာဖြစ်၍လက်ခံရပေမည်။ဤအကြောင်းအရာများမှာအများနှင့်ပတ်သက်သောရှေးဟောင်းအဖြစ်အပျက်အကြောင်းအရာများဖြစ်၍တိုက်ရိုက်သက်သေထွက်ဆိုချက်များရယှိရန်အလွန်ခဲယဉ်းသော်လည်းအမှုတွင်ဤသက်သေထွက်ဆိုချက်များအပြင်တိုက်ရိုက်သက်သေထွက်ဆိုချက်များလည်းယှိနေသည်။အများနှင့်သက်ဆိုင်နေ၍မည်သူတဦးတယောက်ကမျှမိမိ၏ကိုယ်ကျိုးအတွက်ထွက်ဆိုရန်အကြောင်းမယှိပေ။ထို့ကြောင့်အသက်အရွယ်အဆင့်အတန်းကြီး၍ယုံကြည်လောက်သောဤလူကြီးသူမြတ်သက်သေများ၏ထွက်ဆိုချက်များကိုလက်မခံနိုင်ပါကအများနှင့်သက်ဆိုင်သောရှေးဟောင်းခေတ်အကြောင်းများကိုပြသရန်လွယ်ကူမည်မဟုတ်ပေ။ဤထွက်ဆိုချက်များသည်သတင်းလွှင့်ကျော်ကြားသောတဆင့်ကြားစကားများဖြစ်လင့်ကစားသက်သေခံအက်ဥပဒေပုဒ်မ၃၂(၄)အရတရားဝင်သည်။ဘုရား၊ကျောင်း၊စေတီ၊ပုထိုး၊ဇရပ်၊သိမ်အစရှိသည့်ရတနာသုံးပါးနှင့်သက်ဆိုင်သောပစ္စည်းများမှာဗုဒ္ဓဘာသာဝင်အများပြည်သူနှင့်သက်ဆိုင်သောပစ္စည်းဖြစ်ပေသည်။"
စီရင်ထုံးစာမျက်နှာ၁၃၃တွင်၊တရားသူကြီးဦးကျော်ဇံဦးက၊သင်္ဂြိုင်းဂူကဗျည်းထိုးစာများနှင့်ပတ်သက်၍၊အောက်အယူခံရုံး၏သုံးသပ်ချက်မှားယွင်းသည့်အကြောင်းအောက်ပါအတိုင်းဆက်လက်သုံးသပ်သည်-
"အောက်အယူခံရုံးကဆရာတော်သည်၄၆နှစ်ခန့်ကရေစက်ချလှုဒါန်းသည့်အခမ်းအနားသို့ရောက်ယှိရမည်ဟုတွက်ချက်ကြည့်ရာ၊ကျောင်းတကာတဦးဖြစ်သူသက်သေ၏ဘခင်ဦးထွေးအောင်သည်သင်္ဂြိုင်းအုတ်ဂူ(သက်သေခံအမှတ်၃၊၄၊၅)တွင်ကဗျည်းထိုးထားချက်အရနှစ်ပေါင်း၅၆နှစ်ကပင်သေဆုံးသွားပြီဖြစ်၍ဆရာတော်၏ထွက်ဆိုချက်တို့ကိုလက်မခံနိုင်သလိုရေးသားထားသည်မှာမှားသည်။အဘယ်ကြောင့်ဆိုသော်၊ဤ(သက်သေခံအမှတ်၃၊၄၊၅)သင်္ဂြိုင်းဂူကဗျည်းထိုးစာများကိုဓါတ်ပုံရိုက်သူဦးမောင်စောအောင်ဆိုသူကိုသက်သေအဖြစ်စစ်ဆေးခြင်းမယှိသည်ဖြစ်၍၊ဤသက်သေခံချက်များကိုမည်ကဲ့သို့အမှုတွင်လက်ခံခဲ့သည်ကိုမတွေ့မမြင်ရသောကြောင့်ဖြစ်သည်။ကဗျည်းများတွင်ထိုးထားသည့်အတိုင်း၊ထိုနေ့၊ရက်၊နှစ်တွင်ဦးထွေးအောင်သေဆုံးသည်ကိုသက်သေမပြနိုင်ခဲ့ပေ။အထောက်အထားလည်းမယှိ။ထို့ကြောင့်အောက်ရုံးယူဆချက်တို့မှာမှားသည်။"
စီရင်ထုံးစာမျက်နှာ၁၃၅တွင်၊ဗုဒ္ဓဘာသာတရားဥပဒေအရပစ္စည်းတခုခုကိုလှုဒါန်းခြင်းနှင့်ပတ်သက်၍လည်းကောင်း၊သံဃိကပစ္စည်းဟုမှတ်ယူရမည့်အကြောင်းအချက်တို့ကို၊တရားသူကြီးဦးကျော်ဇံဦးကအောက်ပါအတိုင်းဆက်လက်သုံးသပ်သည်-
"အယူခံတရားခံကပစ္စည်းကိုရေစက်ချ၍မလှုဒါန်းခဲ့ပါဟုခြေပချက်မှန်စေဦး၊ဗုဒ္ဓဘာသာတရားဥပဒေအရပစ္စည်းတခုခုကိုလှုဒါန်းရာ၌ရေစက်ချ၍လှုဒါန်းရန်မလိုကြောင်း၊မြန်မာပြည်တွင်လည်းစီရင်ထုံးများယှိသည်ကိုအထူးပြောရန်မလိုပေ။ပစ္စည်းလွှဲပြောင်းရေးအက်ဥပဒေပုဒ်မ၁၂၃အရစာချုပ်စာတမ်းရေးပြီး၊မှတ်ပုံတင်၍ပြောင်းလွဲရမည်ကားမှန်၏။သို့သော်ဤကဲ့သို့မယှိခဲ့၍မတည်မြဲမခိုင်မာသောအနေသို့ရောက်ယှိလာလျှင်လည်း၊နှစ်ပေါင်းများစွာကျောင်းထိုင်ဆရာတော်များအဆင့်ဆင့်ပြန်လွန်တော်မူကြ၍ကျန်ရစ်သောသင်္ဃာများကကျောင်းထိုင်ပုဂ္ဂိုလ်တဦးတင်မြှောက်လျှင်သံဃိကပစ္စည်းဟုမှတ်ယူရမည်သာဖြစ်သည်။”
——————————————
U Zagara v. U Sandawbatha , 1948 BLR , p. 866 ( H C )
စီရင်ထုံးခေါင်းစဉ်တွင်-
"Where the gift of a kyaungdike is invalid for want of a registered deed it must be considered to be Sanghika property ....."
ဟုပြဌာန်းထားသည်ကိုတွေ့ရသည်။"
—————————————-
1969 BLR 127 စီရင်ထုံးနှင့် 1948 BLR ( H C ) 866 စီရင်ထုံးတို့ကိုတွဲဖက်လေ့လာမှတ်သားဖတ်ရှုရန်ဖြစ်သည်။
——————————————
1948 BLR ( H C ) 866
U Zagara v. U Sandawbatha
Before U Bo Gyi , J .
အမှုတွင်၊စီရင်ထုံးစာမျက်နှာ၈၇၅၌၊တရားဝန်ကြီးဦးဘိုကြီး၏သုံးသပ်ချက်မှာမှတ်သားနာယူဖွယ်ဖြစ်သည်-
"After all , as Sayadaw U Khemasara says , nowadays people throughout Burma , ecclesiastical or lay , must be governed by methods of democracy . In facts , the Buddhist Brotherhood is a democratic institution and there is a saying , "သံဃာအား ဘုရားသော်မှ မဆန်သာ။" which is the Burmese equivalent of vox populi vox dei."
————————————————
1 Ran 102
Maung Po Kan v. Daw At and others .
Before Sir Sydney Robinson , Kt., Chief Justice , and Mr. Justice May Oung .
အမှုတွင်၊စီရင်ထုံးစာမျက်နှာ၁၁၆၌၊မငွေ၏သားမောင်ဘိုးကံဟုဖော်ပြထားသောကဗ္ဗည်းစာဓာတ်ပုံကိုသက်သေခံအဖြစ်တင်သွင်းရာကဗ္ဗည်းစာ၏မူလအစနှင့်စပ်လျဉ်း၍သက်သေခံချက်လုံးဝမရှိကြောင်း၊မည်သူကကဗ္ဗည်းစာကိုရေးထိုးရန်စေခိုင်းပြီးမည်သူကထုဆစ်သည်ကိုထွက်ဆိုနိုင်သူမရှိကြောင်း၊ထို့ကြောင့်အရေးပါသောသက်သေခံချက်များလိုအပ်နေကြောင်းမငွေကတရားလိုအားမိမိသားအဖြစ်ဖော်ပြထုဆစ်ရန်ညွှန်ကြားကြောင်းသော်လည်းကောင်း၊မငွေသည်ယင်းအကြောင်းအရာများကိုသိရှိကြောင်းသော်လည်းကောင်း၊မပေါ်ပေါက်သည့်အတွက်ကဗ္ဗည်းစာသည်တရားလို၏အမှုတွင်သက်သေခံမဝင်ကြောင်းအောက်ပါအတိုင်းညွှန်ပြသည်-
"However , it happens that this inscription does not materially assist the plaintiff's case , for there is an utter lack of testimoney as to its origin . No one can say who ordered or authorized it , who excuted the carving , or when it was carved , Thus , for want of this important and essential evidence , we are unable to hold that Ma Ngwe gave instructions for the inclusion of the plaintiff's name as her son , or even that Ma Ngwe was aware of the fact."
အချုပ်အားဖြင့်၊1969 BLR 127 စီရင်ထုံးနှင့် 1 Ran 102 စီရင်ထုံးတို့ကိုလည်းတွဲဖက်လေ့လာဖတ်ရှုရန်ဖြစ်သည်။
Comments
Post a Comment