1948 BLR ( H C ) 582, 1978 BLR 130 စီရင်ထုံးနှစ်ရပ်နှင့်ဆန့်ကျင်ဘက်ဖြစ်သောစီရင်ထုံး A IR 1941 Rangoon 270
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
1948 BLR ( H C ) 582
မတင်တင် နှင့် ဒေါ်ကံရှိ
လွှတ်တော်တရားဝန်ကြီးချုပ်ဦးသိမ်းမောင်နှင့်
တရားဝန်ကြီးဦးစံမောင်ရှေ့၌
အမှုတွင်တရားဝန်ကြီးဦးစံမောင်က၊စီရင်ထုံးစာမျက်နှာ၅၈၇တွင်အောက်ပါအတိုင်းသုံးသပ်သည်-
"ဤအမှုတွင်နှစ်ဦးနှစ်ဖက်မှပြသောသက်သေများသည်အပြိုင်အဆိုင်ဖြစ်နေကြ၍အမှုကိုမှန်ရာရောက်အောင်မည်သည့်နည်းနှင့်ဆုံးဖြတ်ရမည်နည်း။ဤအချက်နှင့်စပ်လျဉ်း၍ပရီဗီကောင်စီ၏လွှတ်တော်က၊ဂျီ၊ဒဗလျူ၊ဒေဝိစ် နှင့် မောင်ရွှေကိုတို့အမှု(အတွဲနံပါတ်၃၈၊အိုင်၊အေ စာမျက်နှာ၁၅၅)တွင်ဆုံးဖြတ်ထားသောအချက်မှာများစွာဆီလျော်ပေသည်။ပရီဗီကောင်စီကယင်းသို့အမှုများတွင်၊ဝန်ခံထားသောအချက်များနှင့်ဖြစ်ဟန်လက္ခဏာရှိသောအချက်များ(Admitted circumstances and resulting probabilities)တို့ကိုထောက်ရှုပြီး၊မည်သည့်ဘက်ကမှန်လိမ့်မည်ဟုဆုံးဖြတ်သင့်ကြောင်းမြွက်ဆိုထားလေသည်။"
စီရင်ထုံးစာမျက်နှာ၅၈၈နှင့်၅၈၉တွင်၊တရားဝန်ကြီးဦးစံမောင်ကအောက်ပါအတိုင်းဆက်လက်သုံးသပ်ဆုံးဖြတ်သည်-
"မတင်တင်နှင့်မောင်ချစ်မောင်တို့သည်၁၁လကြာမျှပေါင်းသင်းပြီးမှကွဲခြင်းကြောင့်ဤပဋိညာဉ်စာချုပ်က်ို၎င်းတို့ကွဲပြီးမှသာလျှင်လီဆယ်ပြီးချုပ်ဆိုသောစာချုပ်ဖြစ်သည်ဟုဆိုရန်ခဲယဉ်းပေလိမ့်မည်။အယူခံတရားလိုမတင်တင်ကပေးသောနို့တစ်စာထဲတွင်စာချုပ်အကြောင်းကိုဖော်ပြထားသောအချက်မပါခြင်းမှန်၏။သို့သော်၎င်းနှင့်၎င်း၏သက်သေမောင်သန်းတင်တို့ထွက်ဆိုချက်အတိုင်းနို့တစ်စာပေးအခါကစာချုပ်ကိုရှာ၍မတွေ့ခြင်းကြောင့်ဖြစ်ပေလိမ့်မည်။အကယ်၍သာစာချုပ်ကိုမတရားချုပ်ဆို၍စွဲဆိုသောအမှုဖြစ်လျှင်၊၎င်းနို့တစ်စာမပေးမှီကပင်ချုပ်ဆို၍နို့တစ်စာပေးအခါ၌၎င်းစာချုပ်ကိုပါဖော်ပြရန်အကြောင်းရှိပေသည်။ယခုမူကားစာချုပ်ပျောက်ဆုံးနေသေး၍သာပစ္စည်းထက်ဝက်ဟူသောစကားကိုထည့်၍ပြောရခြင်းပင်ဖြစ်ပေလိမ့်မည်။နို့တစ်စာရသော်လည်းအယူခံတရားလိုကဘာမျှအကြောင်းမပြန်ခြင်းကိုထောက်ရှုလျှင်မငြင်းသာ၍သာအကြောင်းမပြန်သည်ဟုယူဆရပေမည်။နို့တစ်စာပေးပြီးနောက်တနှစ်ကျော်ကျော်ကြာမှသာလျှင်အယူခံတရားလိုကစွဲဆိုခြင်းမှန်၏။သို့သော်တဘက်ကပြန်စာမရသဖြင့်အချင်းချင်းစေ့စပ်၍ရနိုင်နိုးနိုးဖြင့်နေခြင်းပင်ဖြစ်ပေလိမ့်မည်။နောက်ဆုံးဤစာချုပ်ချုပ်ဆိုသောရက်မှသုံးနှစ်မတိုင်မှီကလေးတွင်ပင်မလွှဲသာ၍သာတရားစွဲဆိုရခြင်းဖြစ်ပေလိမ့်မည်။"
———————————————
1978 BLR 130
ဦးအောင်ဖေ နှင့် ဒေါ်ညွန့်ပါ(၂)ဦး
အမှုတွင်ဗဟိုတရားစီရင်ရေးအဖွဲ့က၊စီရင်ထုံးစာမျက်နှာ၁၃၂နှင့်၁၃၃တွင်၊အောက်ပါအတိုင်းသုံးသပ်ဆုံးဖြတ်သည်-
"လူ့သဘာဝအရတဘက်သားအပေါ်တိကျသည့်စွပ်စွဲချက်ပြုခဲ့လျှင်ယင်းစွပ်စွဲချက်သည်မမှန်ပါကစွပ်စွဲခံရသူကငြင်းဆန်ကန့်ကွက်မည်သာဖြစ်ပေသည်။တစုံတရာငြင်းဆန်ကန့်ကွက်ခြင်းမပြုပဲနောက်ပိုင်းကျမှတင်ပြလာပါမူယင်းတင်ပြချက်သည်နောက်မှအကြံရ၍လုပ်ကြံတင်ပြချက်သာဖြစ်သည်ဟုယူဆရန်သာရှိပေသည်။
သို့ဖြစ်ရာဤအမှုတွင်ပေါ်လွင်နေသောအချက်များနှင့်ဖြစ်ဟန်လက္ခဏာရှိသောအချက်များကိုထောက်ရှုလျှင်၊အခမဲ့နေထိုင်ခွင့်ပြုပြီးတနှစ်အကြာတွင်ငှားရမ်းခပေး၍နေထိုင်ခဲ့သည်ဆိုသောဒေါ်ညွန့်တို့၏ထုချေချက်သည်နောက်မှလုပ်ကြံတင်ပြသည့်တင်ပြချက်သာဖြစ်ကြောင်းကောက်ယူရပေမည်။"
——————————————-
အထက်ဖော်ပြပါစီရင်ထုံးများနှင့်ဆန့်ကျင်ဘက်စီရင်ထုံးဖြစ်သည့်-
A. I. R. 1941 Rangoon 270
S. M. Bholat v. Yokohama Specie Bank Ltd .
Roberts C. J. And Dunkley J .
အမှုတွင်"စာကိုပြန်ကြားခြင်းမပြုဘဲဆိတ်ဆိတ်နေခြင်းသည်စာပါစည်းကမ်းချက်များကိုလက်ခံခြင်းမဟုတ်"ဟု၊အောက်ပါအတိုင်းထုံးဖွဲ့ထားသည်-
"Silence to letter is not acceptance of his terms."
"Silence to a letter does not amount to an acceptance of the terms proposed "
Comments
Post a Comment