1955 BLR ( H C ) 137
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
1955 BLR ( H C ) 137
U San Pe v. Ma Thin Kyi and one
Before U San Maung , J .
အမှုတွင်၊အယူခံမှုတန်ဖိုးသည်ကျပ်ငါးရာမကျော်သဖြင့်အယူခံတရားလိုသည်မိမိအယူခံမှုမှာ၊တရားမကျင့်ထုံးဥပဒေပုဒ်မ၁၀၀၏ပုဒ်မခွဲ၁၏အပိုဒ်(က)တွင်ကျရောက်ကြောင်းတင်ပြနိုင်မှသာအနိုင်ရမည်။
ဆိုလိုသည်မှာဆုံးဖြတ်ချက်သည်ဥပဒေနှင့်ဆန့်ကျင်ကြောင်းသို့မဟုတ်ဥပဒေကဲ့သို့အာဏာရှိသောဓလေ့ထုံးတမ်းနှင့်ဆန့်ကျင်ကြောင်းမပြနိုင်လျှင်အနိုင်ရမည်မဟုတ်။
ဥပဒေနှင့်အကြောင်းခြင်းရာပြဿနာများမှာတခါတရံခွဲခြားရခက်ခဲသည်။
သက်သေထင်ရှားသောအကြောင်းခြင်းရာတရပ်၏ဥပဒေအရအကျိုးသက်ရောက်မှုသည်အခြေခံအားဖြင့်ဥပဒေပြဿနာဖြစ်သည်။
သို့ရာတွင်အကြောင်းခြင်းရာကိုထောက်ခံသောသက်သေခံချက်ကိုလည်းကောင်း၊ဆန့်ကျင်ဘက်သက်သေခံချက်ကိုလည်းကောင်း၊နည်းလမ်းတကျလက်ခံထားရာတွင်ယင်းအကြောင်းခြင်းရာသည်သက်သေထင်ရှားခြင်းရှိမရှိမှာမူအကြောင်းခြင်းရာပြဿနာသာဖြစ်သည်ဟု၊တရားဝန်ကြီးဦးစံမောင်ကအောက်ပါအတိုင်းဆုံးဖြတ်သည်-
Held:As the value of the appeal does not exceed Rs.500, the appellant can only succeed if he can bring his appeal within the ambit of clause(a) sub-s.1 of s.100 of the Civil Procedure Code , that is to say , unless he could show that the decision is contrary to law or to some usage having the force of law.
Held also:Questions of law and of fact are sometimes difficult to disentangle. The proper legal effect of a proved fact is essentially a question of law , but the question whether the fact has been proved when evidence for and against has been properly admitted is necessarily a pure question of fact.
—————————————-
1963 BLR ( C C ) 1012
ဦးဝင်းမောင်ပါ၃ နှင့် ဒေါ်ကျင်လှိုင်ပါ၃
တရားသူကြီးချုပ်ဦးဘိုကြီး၊တရားသူကြီးဦးစံမောင်၊တရားသူကြီးဦးထွန်းတင်နှင့်တရားသူကြီးဦးမောင်မောင်တို့ရှေ့တွင်
အမှုတွင်၊တရားသူကြီးချုပ်ဦးဘိုကြီးကအောက်ပါအတိုင်းဆုံးဖြတ်သည်-
ဆုံးဖြတ်ချက်။ ။အောက်ရုံး၂ရုံး၏သဘောတူဆုံးဖြတ်ချက်များကိုတရားစီရင်ရေးတိမ်းစောင်းမှလျင်သော်၎င်း၊တရားဥပဒေမူ၊သို့မဟုတ်ကျင့်ထုံးမူတရပ်ရပ်နှင့်ဆန့်ကျင်မှသာလျင်သော်၎င်း၊ပြည်ထောင်စုတရားစီရင်ရေးဥပဒေပုဒ်မ(၆)အရဝင်ရောက်စွက်ဖက်မည်ဖြစ်သည်။
Comments
Post a Comment