Posts

Showing posts from October, 2022

A I R ( 1951 ) Hyderabad 55

  ဆရာကြီးဦးမြသင်ကြားပို့ချချက်များ ကြားဖြတ်အမိန့်တရပ်ကိုမကျေနပ်၍တရားရုံးချုပ်သို့ပြင်ဆင်မှုတင်ဆဲတွင်အမှုသည်တဦးဦးကွယ်လွန်သဖြင့်တရားဝင်ကိုယ်စားလှယ်ထည့်ပြီးနောက်ပြင်ဆင်မှုကိုဆုံးဖြတ်ပြီးအမှုတွဲကိုမူလတရားရုံးသို့ပြန်ပို့သောအခါတွင်ဖြစ်စေ၊အယူခံအတောအတွင်းအမှုသည်တဦးဦးကွယ်လွန်သဖြင့်တရားဝင်ကိုယ်စားလှယ်ထည့်သွင်းဆုံးဖြတ်ပြီးနောက်၊အမှုကိုပြန်လည်စစ်ဆေးစေရန်မူလတရားရုံးသို့ပြန်ပို့သောအခါတွင်ဖြစ်စေ၊မူလမှုတွင်တရားဝင်ကိုယ်စားလှယ်ထည့်ရန်လိုပါသလား? တရားဝင်ကိုယ်စားလှယ်ထည့်ပေးရန်လျှောက်ထားသည့်အချိန်တွင်ကာလစည်းကမ်းသတ်ကျော်ပါကမည်သို့ဆောင်ရွက်ရမည်လဲ? ယင်းပြဿနာကိုစီရင်ထုံးနှစ်ခုတွင်အဆုံးအဖြတ်ပေးဖူးပါသည်။ ၁၉၆၃ မတစ ၉၅၆ ဒေါ်ချစ်ခင်(သေသူဦးဘိုးဒေါင်း၏တရားဝင်ကိုယ်စားလှယ်)                                          နှင့် ဒေါ်လှမေပါ၂ တရားသူကြီးချုပ်ဦးဘိုကြီးရှေ့တွင် အမှုတွင်မူလတရားရုံး၏ကြားဖြတ်အမိန့်တခုနှင့်ပတ်သက်၍တရားပြိုင်သည်ယင်းတရားလွှတ်တော်၌စောဒက(ပြင်ဆင်မှု)ဝင်နေစဉ်တွင်၊၁၄-၁၁-၆၁နေ့၌သေဆုံးခဲ့သည်။ တရားလွှတ်တော်ကိ...

တရားမကျင့်ထုံးဥပဒေအမိန့်၂၂၊နည်း၉(၁)တွင်ပါရှိသည့်အမှုရပ်စဲခြင်းအကြောင်း။

  ဆရာကြီးဦးမြသင်ကြားပို့ချချက်များ A က B နှင့် C အပေါ်မိမိတို့သုံးဦးစပ်တူဝယ်ယူပိုင်ဆိုင်သောမြေကိုခွဲဝေပေးစေရန်၊တိုင်းတရားရုံး၌စွဲဆိုရာအမှုဆိုင်ဆဲတွင် C ကွယ်လွန်သွားပါသည်။ A က D နှင့် E အား C ၏တရားဝင်ကိုယ်စားလှယ်များအဖြစ်ထည့်သွင်းပေးရန်လျှောက်ထားရာ၊ကာလစည်းကမ်းသတ်ကျော်လွန်သည်ဟုဆိုကာတိုင်းတရားရုံးကလျှောက်လွှာကိုပယ်လိုက်ပါသည်။ တိုင်းတရားရုံးကအမှုတန်ဖိုးသည်လည်းတသောင်းမကျော်ဟုအကြောင်းပြကာအဆိုလွှာကိုပြန်ပေးရာ၊A ကအဆိုလွှာကိုဆိုင်ရာမြို့နယ်တရားရုံးတွင်တင်သွင်းသောအခါတရားရုံးအမည်ကိုတိုင်းတရားရုံးအစားမြို့နယ်တရားရုံးဟူ၍လည်းကောင်း၊တရားပြိုင် C ၏အမည်ဘေးတွင်(ကွယ်လွန်သူ)ဟူ၍လည်းကောင်း၊ပြင်ဆင်ရေးသားသောအဆိုလွှာကိုတင်သွင်းသည်။ မြို့နယ်တရားရုံးကအဆိုလွှာ၌ပါသည့်အတိုင်း တရားလို၏အမည်ကို A  တရားပြိုင်များ၏အမည်ကို၊ ၁-B နှင့် ၂-C(ကွယ်လွန်) ဟူ၍မှတ်ပုံတင်၌ရေးသွင်းသည်။ ကွယ်လွန်သူတရားပြိုင်အပေါ်တရားစွဲဆိုခြင်းကိစ္စနှင့်စပ်လျဉ်း၍”သောင်းပြောင်းထွေလာဥပဒေပြဿနာအတွဲ-၂”တွင်ဆွေးနွေးဖူးပါသည်။ ကွယ်လွန်သူအပေါ်တရားစွဲဆိုခွင့်မရှိသည့်အားလျော်စွာအဆိုလွှာကိုပြင်ဆင်စေရန်၊တရားသူကြီးကတရားလိုရှေ့နေကိုညွှန်ကြားရမည်ဖြစ်သည်။ တရား...

မူလရုံး၏ဆုံးဖြတ်ချက်ကိုစောဒကတက်သောအမှုသည်သည်၊ဆုံးဖြတ်ချက်မှားယွင်းကြောင်းအခိုင်အမာပြဆိုရန်တာဝန်ရှိသည်။ 1950 BLR ( S C ) 270

  ဆရာကြီးဦးမြသင်ကြားပို့ချချက်များ 1950 BLR ( S C ) 270  Ebrahim Dawjee Jeewa  v. Ajam Mohamed Loovawalla  Present : U E Maung , Chief Justice of the Union of Burma , U Thaung Sein and U On Pe , JJ . အမှုတွင်၊အမှုဖြစ်စဉ်မှာအောက်ပါအတိုင်းဖြစ်သည်- အင်္ဂလိပ်များဆုတ်ခွာပြီးနောက်အယူခံတရားလို​၏ဆိုင်အတွင်းရှိကုန်စည်များတစိတ်တဒေသမှာလုယက်ခြင်းခံရပြီး၊အချို့မှာဆိုင်ဥပစာတွင်ကျန်ရစ်သည်။ အယူခံတရားပြိုင်ကဆိုင်ကိုသော့ခတ်၍သော့များကို၊အိုင်၊ဂျီမိုဟာမက်ဆိုသူအားပေးအပ်ရာ၌ယင်းသော့များကို၎င်းကြိုက်နှစ်သက်သူအားပေးရန်၊သို့မဟုတ်၊မီရာအိုကာကော်မရှင်မှပါမစ်ရသူအားလွှဲပေးရန်ညွှန်ကြားသည်။ တတိယတရားပြိုင်သည်အဆိုပါပါမစ်ရရှိရာ၊အိုင်၊ဂျီမိုဟာမက်ကသော့များကို၎င်းအားပေးအပ်လိုက်သည်။ တတိယတရားပြိုင်သည်ကုန်စည်များကိုရောင်းချလိုက်သည်။ မူလရုံးကတရားပြိုင်အားလုံးအပေါ်၊တရားမနစ်နာမှုကိုပူးတွဲကျူးလွန်သူများအနေနှင့်ဒီကရီချမှတ်သည်။ အယူခံတရားပြိုင်တဦးတည်းကအခြားကျူးလွန်သူများကိုအမှုသည်များအဖြစ်မထည့်ဘဲအယူခံဝင်ရာ၊မူလရုံး​၏စီရင်ချက်ကိုပယ်ဖျက်လိုက်သည်။ တရားလွှတ်တော်ချုပ်သို့နောက်ထပ်အယူခံဝင်ရာ၊တရားမနစ်နာမှုကိုပူးတွဲ၍ကျူးလွန်...