မူလရုံး၏ဆုံးဖြတ်ချက်ကိုစောဒကတက်သောအမှုသည်သည်၊ဆုံးဖြတ်ချက်မှားယွင်းကြောင်းအခိုင်အမာပြဆိုရန်တာဝန်ရှိသည်။ 1950 BLR ( S C ) 270
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
1950 BLR ( S C ) 270
Ebrahim Dawjee Jeewa v. Ajam Mohamed Loovawalla
Present : U E Maung , Chief Justice of the Union of Burma , U Thaung Sein and U On Pe , JJ .
အမှုတွင်၊အမှုဖြစ်စဉ်မှာအောက်ပါအတိုင်းဖြစ်သည်-
အင်္ဂလိပ်များဆုတ်ခွာပြီးနောက်အယူခံတရားလို၏ဆိုင်အတွင်းရှိကုန်စည်များတစိတ်တဒေသမှာလုယက်ခြင်းခံရပြီး၊အချို့မှာဆိုင်ဥပစာတွင်ကျန်ရစ်သည်။
အယူခံတရားပြိုင်ကဆိုင်ကိုသော့ခတ်၍သော့များကို၊အိုင်၊ဂျီမိုဟာမက်ဆိုသူအားပေးအပ်ရာ၌ယင်းသော့များကို၎င်းကြိုက်နှစ်သက်သူအားပေးရန်၊သို့မဟုတ်၊မီရာအိုကာကော်မရှင်မှပါမစ်ရသူအားလွှဲပေးရန်ညွှန်ကြားသည်။
တတိယတရားပြိုင်သည်အဆိုပါပါမစ်ရရှိရာ၊အိုင်၊ဂျီမိုဟာမက်ကသော့များကို၎င်းအားပေးအပ်လိုက်သည်။
တတိယတရားပြိုင်သည်ကုန်စည်များကိုရောင်းချလိုက်သည်။
မူလရုံးကတရားပြိုင်အားလုံးအပေါ်၊တရားမနစ်နာမှုကိုပူးတွဲကျူးလွန်သူများအနေနှင့်ဒီကရီချမှတ်သည်။
အယူခံတရားပြိုင်တဦးတည်းကအခြားကျူးလွန်သူများကိုအမှုသည်များအဖြစ်မထည့်ဘဲအယူခံဝင်ရာ၊မူလရုံး၏စီရင်ချက်ကိုပယ်ဖျက်လိုက်သည်။
တရားလွှတ်တော်ချုပ်သို့နောက်ထပ်အယူခံဝင်ရာ၊တရားမနစ်နာမှုကိုပူးတွဲ၍ကျူးလွန်သူများအပေါ်ချမှတ်သောဒီကရီသည်၊ပူးတွဲတရားပြိုင်အပေါ်မီးသေခြင်းရှိမရှိပြဿနာကိုအဆုံးအဖြတ်မပေးဘဲထားသည်။
အမှုသည်အချို့သည်မိမိတို့အပေါ်ချမှတ်ထားသောမူလရုံး၏ဒီကရီကိုအယူခံမဝင်သည့်အခါတွင်၊အယူခံတရားရုံးကအဆိုပါဒီကရီကိုစွက်ဖက်ခွင့်ရှိမရှိမှာ၊တရားမကျင့်ထုံးဥပဒေအမိန့်၄၁၊နည်း၃၃အရပေါ်ပေါက်လာသည်။
အယူခံတရားရုံးကမူလဒီကရီကိုစွက်ဖက်လိုက်ခြင်းကြောင့်၊တရားမျှတမှုအလို့ငှာအမှုသည်များ၏အခွင့်အရေးများကိုရှင်းလင်းရန်လိုအပ်လျှင်ကျယ်ပြန့်သောအာဏာကိုကျင့်သုံးသင့်ကြောင်း၊အိန္ဒိယနိုင်ငံရှိတရားရုံးချုပ်များတွင်အတော်အတန်သဘောကိုက်ညီသောထုံးသာဓကရှိသည်။
ဤအမှုမှာကဲ့သို့၊အယူခံတရားလို၏တာဝန်အတိုင်းအတာသည်အခြားတရားပြိုင်များနှင့်ပူးတွဲတည်ရှိပြီး၊အမှုတမှုတည်းတွင်သက်သေခံချက်တရပ်တည်းအရပေါ်ပေါက်လျက်ရှိရာ၊အယူခံတရားရုံးကခွင့်ပြုသည့်ငွေပမာဏသည်အလွန်များပြားသည်ဟုသဘောရရှိလျှင်၊တရားမျှတမှုအလို့ငှာအယူခံမဝင်သောအမှုသည်များအတွက်လည်းပြင်ဆင်ပေးရန်လိုအပ်သည်။
ပြည်ထောင်စုတရားစီရင်ရေးဥပဒေပုဒ်မ၂၀အရဖြစ်စေ၊တရားမကျင့်ထုံးဥပဒေပုဒ်မ၉၆အရဖြစ်စေ၊အယူခံဝင်ခွင့်သည်၊ပင်ရင်း(အခြေခံ)အခွင့်အရေးဖြစ်သည်။
အယူခံဝင်ခွင့်ဟူသည်၊အောက်တရားရုံး၏ဆုံးဖြတ်ချက်ကို၊သာ၍အဆင့်မြင့်သောတရားရုံးကတရားစီရင်သည့်နည်းဖြင့်စိစစ်စေခွင့်နှင့်၊မှားယွင်းလျှင်ပြင်ဆင်စေခွင့်ဖြစ်သည်။
ကာလစည်းကမ်းသတ်ကျော်လွန်ခြင်းကြောင့်အချို့မှာသက်သာခွင့်ကိုမရရှိနိုင်၍၊ယင်းသက်သာခွင့်ကိုမတို့မထိဘဲထားရသည်။
သို့ရာတွင်အခြားနည်းဖြင့်(အယူခံရုံး၏အာဏာကို)လျှော့မပစ်လျှင်၊အယူခံရုံးသည်မိမိအာဏာကိုကျင့်သုံးနိုင်သည်။
ရန်ကုန်အတွဲ၂၊စာ၅၄၁နှင့်ရန်ကုန်အတွဲ၆၊စာ၂၉တို့တွင်၊ဆုံးဖြတ်ချက်သည်အယူခံဝင်ခွင့်ကာလစည်းကမ်းသတ်ကျော်လွန်နေသောအယူခံတရားပြိုင်အား၊အမှုသည်အဖြစ်ထည့်သွင်းခြင်းဖြင့်ကာလစည်းကမ်းသတ်ဥပဒေပုဒ်မ၃ကိုပျက်ပြားအောင်မပြုလုပ်သင့်ဟုဆုံးဖြတ်ခြင်းဖြစ်သည်။
1950 BLR ( S C )စီရင်ထုံးစာမျက်နှာ၃၀၃တွင်၊မူလရုံး၏ဆုံးဖြတ်ချက်ကိုစောဒကတက်သောအမှုသည်သည်၊ထိုဆုံးဖြတ်ချက်မှားယွင်းကြောင်း၊အခိုင်အမာပြဆိုရန်တာဝန်ရှိသည်ဟု၊အောက်ပါအတိုင်းပြဆိုသည်-
"After all , an appeal is a judicial examination of the decision of a lower Court for the purpose of finding if that decision is incorrect and , if so , to rectify it . The burden is on the party challenging that decision to establish that the decision is incorrect."
Comments
Post a Comment