အောက်မြန်မာပြည်မြို့နှင့်ကျေးရွာမြေများအက်ဥပဒေ
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
ပြည်ထောင်စုမြန်မာနိုင်ငံဥပဒေအတွဲ၁၀၊စာမျက်နှာ၂၆ရှိ၊အောက်မြန်မာပြည်မြို့နှင့်ကျေးရွာများအက်ဥပဒေပုဒ်မ၄၁မှာ၁၉၄၅ခုနှစ်၊အက်ဥပဒေ၂အရအစားထိုးထားသောအက်ဥပဒေဖြစ်ပါသည်။
ထိုအက်ဥပဒေဖြင့်အစားထိုးလိုက်သောမူရင်းပြဌာန်းချက်အရဆိုလျှင်၊ပုဒ်မ၄၁၌ပုဒ်မခွဲ(က)နှင့်(ခ)ဟူ၍ပုဒ်မခွဲနှစ်ခုရှိပြီးအောက်ပါတို့ဖြစ်သည်-
No Civil Court shall have jurisdiction to determine ;-
( a ) Any matter which under this Act is to be determined by the Revenue Officer.
(မှတ်ချက်။ ။ 1999 BLR 91 ( F B )(ဒေါ်ကြင်ယုံ(ခ)ဒေါ်နှင်းအောင်ပါ၂ နှင့် ဒေါ်စိန်တင်ပါ၂)စီရင်ထုံးစာမျက်နှာ၉၉၌ကိုးကားထားသောပြဌာန်းချက်များသည်ယင်းအက်ဥပဒေပါပြဌာန်းချက်များဖြစ်သည်။
၁၉၄၅ခုနှစ်မှစ၍လက်ရှိပြဌာန်းချက်များတွင်ပုဒ်မခွဲဟူ၍မရှိ။
အထက်ပါပြဌာန်းချက်များသည်ပုဒ်မ၄၁၏ပြဌာန်းချက်များဖြစ်ပါသည်။)
( b ) Any claim to any right over land as against the Government.
(မှတ်ချက်။ ။ 3 LBR 165 ( D B )စီရင်ထုံးကိုကြည့်ပါ။)
3 LBR 165 ( D B )
Mr. Moment v. The Secretary of State for India in Council.
Before the Hon’ble Mr. Harvey Adamson , C. S. I., I. C. S.,Chief Judge , and Mr. Justice Fox.
အမှုတွင်အယူခံဝင်သောမူလအမှုသည်ရန်ကုန်မြို့ကန်တော်မင်ဧရိယာရှိ၊ Sandwith(ယခုနဝဒေးလမ်း)လမ်း၊အမှတ်၃၆( က )မြေကိုအစိုးရကဂျေမိုးမင့်အပေါ်တရားစွဲဆိုသည့်မူလအမှုတွင်၊အစိုးရအနိုင်ရရှိသည့်တရားရုံးချုပ်အယူခံတွင်၊အယူခံတရားလို(မူလရုံးတရားပြိုင်)ဘက်မှအင်္ဂလိပ်ရှေ့နေ( Mr. Pennell )လိုက်သည်။
အစိုးရဘက်မှထိုစဉ်ကအစိုးရတရားလွှတ်တော်ရှေ့နေ( The Government Advocate )လိုက်သည်။
ရှေ့နေချုပ်ရုံးဟူ၍မရှိသေး။
မြန်မာနိုင်ငံသည်အိန္ဒိယနိုင်ငံမှခွဲထွက်ပြီးသီးခြားနိုင်ငံတည်ထောင်တော့မှရှေ့နေချုပ်ရုံးတည်ထောင်သည်။
အစိုးရရှေ့နေချုပ်ရုံးတွင်ထိုစဉ်ကလက်ထောက်အစိုးရရှေ့နေဦးခင်(မြန်မာနိုင်ငံတွင်အမြင့်ဆုံးတရားရုံးဖြစ်သည့်အောက်မြန်မာပြည်တရားရုံးချုပ်တွင်ပထမဆုံးတရားဝန်ကြီးဖြစ်သောမြန်မာဖြစ်သည်။)လက်ထောက်ရှေ့နေချုပ်ဦးမြဘူး(ဟိုက်ကုတ်လွှတ်တော်၌တရားဝန်ကြီးဖြစ်လာသောပဉ္စမမြောက်မြန်မာတရားသူကြီး)တို့အမှုပယ်ခဲ့သည်)ခုံရုံးကအောက်မြန်မာပြည်မြို့နှင့်ကျေးရွာများအက်ဥပဒေပုဒ်မ၄၁ရှိပုဒ်မခွဲနှစ်ရပ်စလုံးအရ၊တရားမတရားရုံးကတရားစီရင်ပိုင်ခွင့်ရှိသောအမှုမဟုတ်ဟုဆုံးဖြတ်ပြီး၊အစိုးရစွဲဆိုသောအမှုကိုပယ်လိုက်သည်။
ခုံရုံးက-
“if it were prosecuted to a conclusion in this Court , and decided in favour of the appellant , our decree would not bar the Revenue Officer from evicting the appellant.”
ဟုမြွက်ဆိုခြင်းက၊ခရိုင်ရုံးအခွန်အရာရှိသည်တရားပြိုင်ဂျေမိုးမင့်ကိုနှင်ထုတ်ခွင့်လမ်းပွင့်သွားရာ၊ယခင်တရားပြိုင်ဂျေမိုးမင့်ကတရားရုံးချုပ်မူလဘက်ဌာနတွင်အစိုးရအပေါ်တရားစွဲဆိုသည့်-
5 LBR 163 ( F B )
J. Moment v. The Secretary of State for India in Council.
Before Sir Charles Fox , Chief Judge , Mr. Justice Hartnoll , Mr. Justice Robinson , and Mr. Justice Parlett.
စီရင်ထုံးစာမျက်နှာ၁၆၄တွင်-
“in a suit by Moment against the Government to recover compensation for wrongful acts done in respect to what he claims to have been his building on the land which was the subject-matter of the previous suit.”
ဟုဖော်ပြထားရာ၊ 3 LBR 165 ( D B )စီရင်ထုံးတွင်အယူခံမှု၌အမှုနိုင်သောဂျေမိုးမင့်ကမိမိအားတရားစွဲဆိုခဲ့သောအစိုးရအပေါ်ယခင်အမှုစွဲဆိုသည့်အတွက်လျော်ကြေးးလိုမှုစွဲဆိုသောအမှုဖြစ်ပုံရသည်။
မူလတရားရုံးကအောက်မြန်မာပြည်မြို့နှင့်ကျေးရွာများအက်ဥပဒေပုဒ်မ၄၁အရအမှုကိုစီရင်ပိုင်ခွင့်အာဏာမရှိဟုအကြောင်းပြကာပလပ်လိုက်သဖြင့်တရားရုံးချုပ်တွင်အယူခံဝင်ရာနှစ်ဖက်ရှေ့နေတို့သည် 3 LBR 165 ( D B )အမှုတွင်လိုက်ပါသူများဖြစ်သည်။
တရားလိုဂျေမိုးမင့်တင်သွင်းသောအယူခံအကြောင်းပြချက်မှာ-
“clause ( b ) of section 41 of that Act is ultra vires of the legislature.”
စီရင်ထုံးစာမျက်နှာ၁၆၄အစ၊ဒုတိယစာပိုဒ်တွင်ဖော်ပြထားသည်။
အယူခံကိုကြားနာသောအခါအယူခံအားတရားဝန်ကြီးချုပ်နှင့်တရားသူကြီးတဦးပါသောခုံရုံးကအောက်ပါပြဿနာကိုစုံညီခုံရုံး၏အဆုံးအဖြတ်ခံယူသည်-
“ Is clause ( b ) of section 41 of the Lower Burma Town and Village Lands Act ultra vires of the Legislative Council of the Lieutenant- Governor of Burma ?”
3 LBR 165 ( D B )အမှုကိုကြားနာဆုံးဖြတ်စဉ်အခါက၊တရားရုံးချုပ်တရားဝန်ကြီး Mr. Fox သည်စုံညီခုံး၏ဦးဆောင်စီရင်ချက်ကိုရေးသားချမှတ်စဉ်ကတရားရုံးချုပ်တရားဝန်ကြီးချုပ်ဖြစ်သည်။
Mr. Fox ကမိမိပါဝင်ဆုံးဖြတ်ခဲ့သော၊ 3 LBR 165 ( D B )စီရင်ထုံးကိုရည်ညွှန်းပြီး၊စီရင်ထုံးစာမျက်နှာ၁၆၄တွင်အောက်ပါအတိုင်းမြွက်ဆိုသည်-
“In that case no question was raised as to the validity of section 41 of the Lower Burma Town and Village Lands Act.
It is not disputed that this Court can inquire into the validity of it on the appeal in the present case.”
(ယခုအမှုမှပေါ်ပေါက်လာသောအမှုတွင်အောက်မြန်မာပြည်မြို့နှင့်ကျေးရွာများအက်ဥပဒေပုဒ်မ၄၁ခိုင်လုံခြင်းရှိမရှိဤတရားရုံးကစုံစမ်းစစ်ဆေးနိုင်သည်မှာအငြင်းမပွါး)အစချီကာပြဿနာ၏အဖြေကိုဆက်လက်စိစစ်သည်။)
The Government Advocate ( ရှေ့နေချုပ်အဆင့် )က၊အချင်းဖြစ်ဥပဒေပြဌာန်းခြင်းမှာဥပဒေအရခိုင်လုံခြင်းရှိမရှိ၊တရားရုံးချုပ်ကစီရင်ဆုံးဖြတ်ခွင့်မရှိဟုအငြင်းမပွါးခြင်းကိုမှတ်သားသင့်သည်။
Comments
Post a Comment