အမှုရှုံးသူသည်၊အရှုံးပေးသည့်ဒီကရီကိုအယူခံမဝင်မီ၊အချင်းဖြစ်ပစ္စည်းကိုသူတပါးအားလွှဲပြောင်းလိုက်လျင်၊ယင်းဒီကရီကိုအယူခံဝင်ခွင့်ရှိသလော ?
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
အမှုရှုံးသူသည်၊အရှုံးပေးသည့်ဒီကရီကိုအယူခံမဝင်မီ၊အချင်းဖြစ်ပစ္စည်းကိုသူတပါးအားလွှဲပြောင်းလိုက်လျှင်၊ယင်းဒီကရီကိုအယူခံဝင်ခွင့်ရှိသလော ?
—————————————
1941 RLR 366
Maung Ba Thaw and others v. Ma Saw May and another.
Before Mr. Justice Mya Bu.
အမှုတွင်၊တရားလိုများ(အယူခံတရားလိုများ)သည်အချင်းဖြစ်မြေကိုပိုင်ဆိုင်ကြောင်းမြို့နယ်တရားရုံးတွင်တရားစွဲဆိုရာရှုံးသည်။
မြို့နယ်တရားရုံးကအမှုပယ်သည့်ဒီကရီချမှတ်ပြီးနောက်အယူခံဝင်ရန်စည်းကမ်းသတ်မကုန်မီတရားနိုင်များကအချင်းဖြစ်မြေကိုအမှုသည်များမဟုတ်သောအခြားသူများအားလွှဲပြောင်းရောင်းချလိုက်သည်။
မြို့နယ်တရားရုံး၏ဒီကရီကိုမြေဝယ်သူများက၊တရားမကျင့်ထုံးဥပဒေပုဒ်မ၁၄၆တွင်ခွင့်ပြုသည့်အတိုင်းအယူခံမဝင်။
မူလရုံးတရားလိုများကပင်အယူခံဝင်ရာပစ္စည်းရောင်းချပြီးဖြစ်၍အယူခံဝင်ခွင့်မရှိဟုကန့်ကွက်ရာ၊အယူခံတရားရုံးကကန့်ကွက်ချက်ကိုလက်ခံပြီး၊အယူခံမှုတရားမဝင်(incompetent)ဟုအကြောင်းပြပြီးပလပ်လိုက်သဖြင့်၊တရားလိုများကတရားလွှတ်တော်တွင်ထပ်မံအယူခံဝင်သောအခါ၊တရားလွှတ်တော်ကတရားလိုများသည်အချင်းဖြစ်မြေကိုရောင်းချရာ၌၊ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၅၅( ၂ )အရတာဝန်ရှိလာသည်ဖြစ်၍၊အယူခံဝင်သောအချင်းဖြစ်ပစ္စည်းများတွင်အခြေခံအားဖြင့်အကျိုးသက်ဆိုင်ခွင့်ရှိနေသေးသည်(စာ-၃၇၀)ဟုအကြောင်းပြကာ၊မူလရုံး၏ဒီကရီကိုအယူခံဝင်ခွင့်ရှိသည်ဟုဆုံးဖြတ်သည်။
—————————————-
1965 BLR 776
ဦးအေးကျော် နှင့် ဦးဘစိန်ပါ၃
တရားသူကြီးချုပ်ဒေါက်တာမောင်မောင်၊တရားသူကြီးဦးစောဘသိန်းနှင့်တရားသူကြီးဦးချစ်တို့ရှေ့တွင်
အမှုတွင်တရားလိုသည်အချင်းဖြစ်ပစ္စည်းများကိုမှတ်ပုံတင်စာချုပ်ချုပ်ဆိုရောင်းချပြီးဖြစ်၍ထိုပစ္စည်းများတွင်ပိုင်ဆိုင်ခွင့်စိုးစဉ်းမျှမရှိ၍ရောင်းချပြီးဖြစ်သောပစ္စည်းနှင့်စပ်လျဉ်း၍တရားစွဲဆိုခွင့်မရှိကြောင်းထုချေရာ၊တရားရုံးချုပ်ကအခွင့်ထူးအယူခံတွင်ပုဒ်မ၅၅( ၂ )အရတာဝန်ရှိခြင်းကြောင့်တရားစွဲဆိုခွင့်ရှိသည်ဟုဆုံးဖြတ်သည်။
အယူခံတွင်၊ 1941 RLR 366 စီရင်ထုံးကိုတင်ပြခဲ့ဟန်မတူ။
စီရင်ထုံးတွင်ရန်ကုန်စီရင်ထုံးကိုဆွေးနွေးထားခြင်းမရှိ။
ရှားရှားပါးပါးအမှုများဖြစ်သဖြင့်အထူးလေ့လာမှတ်သားသင့်သည်။
Comments
Post a Comment