13 Ran 325
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
13 Ran 325
M. A. L. M. Chettiar Firm v. Maung Po Hmyin and others.
Before Sir Arthur Page , Kt., Chief Justice, and Mr. Justice Mya Bu.
အမှုတွင်၊တရားမကျင့်ထုံးဥပဒေအမိန့်၃၄၊နည်း၂နှင့်၃( ၁ )အရအပြီးသတ်ဒီကရီချမှတ်ပေးရန်လျှောက်ထားသည့်လျှောက်လွှာသည်၊ကာလစည်းကမ်းသတ်အက်ဥပဒေအမှတ်စဉ်၁၈၁နှင့်သက်ဆိုင်ကြောင်းစီရင်ထုံးစာမျက်နှာ၃၂၉တွင်တရားသူကြီးချုပ် Sir Arthur Page ကအောက်ပါအတိုင်းဆုံးဖြတ်သည်-
“In my opinion such an application does not fall within article 183, but within article 181 of the Limitation Act.”
လက်ရှိတရားမကျင့်ထုံးအမိန့်၃၄ပါပြဌာန်းချက်တို့သည်၁၈၈၂ခုနှစ်ဥပဒေနှင့်မတူ။
အထူးသဖြင့်၁၈၈၂ခုနှစ်တရားမကျင့်ထုံးဥပဒေနှင့်(လက်ရှိ)၁၉၀၈ခုနှစ်တရားမကျင့်ထုံးဥပဒေပါပြဌာန်းချက်ချင်းမတူ။
လက်ရှိအမိန့်၃၄၊နည်း၄တို့မှာ၁၉၀၈ခုနှစ်တရားမကျင့်ထုံးဥပဒေကိုပြဌာန်းစဉ်ကအက်ဥပဒေတို့နှင့်တူသည်မဟုတ်။
ပုဒ်မ၁၄၆ကိုလက်ရှိတရားမကျင့်ထုံးဥပဒေတွင်မှပြဌာန်းခြင်းဖြစ်သည်။
ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၈၅မှ၉၀၊၉၇နှင့်၉၉တို့ကိုပယ်ဖျက်ပြီး၊တရားမကျင့်ထုံးဥပဒေအမိန့်၃၄တွင်ပြန်လည်ပြဌာန်းခဲ့သည်။
လက်ရှိအမိန့်၃၄ပါပြဌာန်းချက်များသည်၊ယခင်အမိန့်၃၄ပါပြဌာန်းချက်များကိုပြင်ဆင်ပြဌာန်းခြင်းဖြစ်သည်။
13 Ran 325 စီရင်ထုံးစာမျက်နှာ၃၂၈တွင်တရားသူကြီးချုပ်ကအောက်ပါအတိုင်းသုံးသပ်သည်-
“When the Civil Procedure Code was enacted in 1908, however, section 88 and 89 among other sections of the Transfer of Property Act were remodelled and embodied in Order 34 of the Code,”
လက်ရှိဥပဒေအရခုံရုံးကဆုံးဖြတ်ထားသော၊ 13 Ran 325 တွင်ခုံရုံးထုံးဖွဲ့ချက်ကိုလိုက်နာရန်ဖြစ်သည်။
3 BLT 142 ကို၊၁၈၈၂ခုနှစ်တရားမကျင့်ထုံးဥပဒေအရဆုံးဖြတ်ခြင်းဖြစ်သည်။
4 LBR 83 နှင့် 3 BLT 142 စီရင်ထုံးများကို၊တရားရုံးချုပ်တဦးထိုင်ကဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
သို့ဖြစ်ရာ၊ 4 LBR 83 နှင့် 3 BLT 142 စီရင်ထုံးများကိုလိုက်နာရန်အကြောင်းမရှိတော့သည်ကိုသတိချပ်အပ်သည်။
အလားတူလိုက်နာရန်အကြောင်းမရှိတော့သည့်အခြားစီရင်ထုံးများလည်းရှိသေးသည်။
ကြုံကြိုက်ပါကဆွေးနွေးပါမည်။
Comments
Post a Comment