1938 Rangoon Law Reports 629 & 1986 BLR 80
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
1938 Rangoon Law Reports 629
Mathura Prasad v. R. A. Philips.
Before Mr. Justice Sharpe.
အမှုတွင်၊လူမွဲအဖြစ်တရားစွဲဆိုခွင့်ပြုရန်လျှောက်လွှာနှင့်အတူစွဲဆိုလိုသည့်အဆိုလွှာကိုပူးတွဲတင်ပြရန်အမိန့်၃၃၊နည်း၂( ၁ )တွင်ပြဌာန်းထားသည်။
နည်း၂( ၂ )တွင်အဆိုလွှာနှင့်လျှောက်လွှာကိုလျှောက်ထားသူကတင်သွင်းရန်ပြဌာန်းထားသည်။
ထိုလျှောက်လွှာကိုပယ်ပြီးနောက်တရားရုံးကပုဒ်မ၁၄၉အရသတ်မှတ်ပေးသောကာလအတွင်းရုံးခွန်ကိုထမ်းဆောင်လျှင်၊အဆိုလွှာကိုလူမွဲလျှောက်လွှာတင်သွင်းစဉ်ကပင်စွဲဆိုသည်ဟုမှတ်ယူရန်ဖြစ်ကြောင်းခုံရုံးကအောက်ပါအတိုင်းပြဆိုထားသည်-
“Order 33 of the Civil Procedure Code as amended by the High Court requires a plaint to be presented together with the application to sue as a pauper. If the petition to sue as a pauper is rejected, the plaint is not automatically rejected, and the Court has discretion, under s. 149 of the Civil Procedure Code, to allow the plaintiff to pay the necessary court fee, and upon such payment within the time allowed by the Court the plaint must be deemed to have been properly stamped on the date on which it was originally filed.
An application by the plaintiff to pay the court-fees during the pendency of the inquiry into his pauperism amounts to an abandonment of his petition for leave to sue as a pauper.
Semble.- The Court would not exercise its discretion in favour of a plaintiff whose motive is merely to circumvent the law of limitation.”
———————————
1986 BLR 80
ဒေါ်အုံးမြင့်(ကွယ်လွန်သူဦးထွန်းမြင့်၏တရားဝင်ကိုယ်စားလှယ်)ပါ၆
နှင့်
ဦးမြတ်စိုး
———————-
ဦးမြတ်စိုးပါ၂
ဥက္ကဌအဖြစ်ဦးဝင်းမောင်၊အဖွဲ့ဝင်များအဖြစ်ဦးကိုကြီးနှင့်ဦးခင်မောင်ကျော်တို့ပါဝင်သောဗဟိုတရားစီရင်ရေးအဖွဲ့ရှေ့တွင်
အမှုတွင်၊ဗဟိုတရားရုံးကစီရင်ထုံးစာမျက်နှာ၈၄တွင်အောက်ပါအတိုင်းသုံးသပ်သည်-
“တရားမကျင့်ထုံးဥပဒေအမိန့်၃၃၊နည်း၂( ၁ )အရလူမွဲအဖြစ်တရားစွဲဆိုခွင့်ပြုရန်လျှောက်လွှာနှင့်အတူ၊လျှောက်ထားသူကတင်သွင်းလိုသည့်အဆိုလွှာကိုပူးတွဲတင်ပြရသည်။နည်း၄( ၄ )တွင်လူမွဲအဖြစ်တရားစွဲခွင့်လျှောက်လွှာကိုခွင့်ပြုရန်အကြောင်းမရှိသည့်အခါပယ်ရမည်ဟုပြဌာန်းထားသည်။သို့သော်ထိုပြဌာန်းချက်တွင်ခြွင်းချက်အဖြစ်တရားလိုသည်လိုအပ်သောရုံးခွန်ထမ်းဆောင်ပါကအဆိုလွှာကိုလက်ခံနိုင်ကြောင်းပြဌာန်းထားသည်။
တရားမကျင့်ထုံးဥပဒေပုဒ်မ၁၄၉အရဥပဒေနှင့်အညီထမ်းဆောင်ရမည့်ရုံးခွန်လျော့နည်းနေသည့်စာရွက်စာတမ်းများနှင့်စပ်လျဉ်းပြီးလိုအပ်သောရုံးခွန်ထမ်းဆောင်ရန်တရားရုံးကခွင့်ပြုနိုင်သည်။ထိုသို့ခွင့်ပြုလျှင်ထိုစာရွက်စာတမ်းများသည်မူလတင်ပြစဉ်ကပင်ရုံးခွန်ထမ်းဆောင်ပြီးဖြစ်ဘိသကဲ့သို့အကျိုးသက်ရောက်ပေသည်။
ပြဌာန်းချက်နှစ်ရပ်ကိုပူးတွဲသုံးသပ်ပါက၊လူမွဲအဖြစ်တရားစွဲဆိုခွင့်ပြုရန်လျှောက်လွှာကိုပယ်ပြီးနောက်လျှောက်ထားသူကကျသင့်သောရုံးခွန်ကိုထမ်းဆောင်သောကြောင့်တရားရုံးကတရားမကျင့်ထုံးဥပဒေအမိန့်၃၃၊နည်း၄( ၄ )၏ခြွင်းချက်တွင်ခွင့်ပြုထားသည့်အတိုင်းအဆိုလွှာကိုလက်ခံလိုက်သောအခါ၊ပုဒ်မ၁၄၉အရထိုအဆိုလွှာအတွက်လူမွဲအဖြစ်တရားစွဲဆိုခွင့်ပြုရန်လျှောက်ထားသည့်နေ့ကပင်ရုံးခွန်ထမ်းဆောင်သည်ဟုမှတ်ယူရပေမည်။မသူရာပရာဆဒ် နှင့် အာအေဖီးလစ်၊၁၉၃၈ ရန်ကုန်စီရင်ထုံးများ၊စာ-၆၂၉စီရင်ထုံးကိုကြည့်ပါ။သို့ဖြစ်ရာလူမွဲအဖြစ်တရားစွဲဆိုခွင့်ပြုရန်လျှောက်ထားစဉ်က၊စွဲဆိုလိုသည့်အမှုမှာကာလစည်းကမ်းသတ်အတွင်းကျရောက်ပြီး၊လျှောက်လွှာကိုပလပ်ပြီးနောက်ရုံးခွန်ထမ်းဆောင်သည့်အချိန်တွင်၊ကာလစည်းကမ်းသတ်ကျော်လွန်သွားစေကာမူထိုအဆိုလွှာအတွက်လူမွဲအဖြစ်တရားစွဲဆိုခွင့်ပြုရန်လျှောက်ထားစဉ်ကပင်ရုံးခွန်ထမ်းဆောင်သည်ဟုပုဒ်မ၁၄၉အရမှတ်ယူနိုင်သည်ဖြစ်၍၊အမှုမှာကာလစည်းကမ်းသတ်ကျော်ရန်အကြောင်းမရှိတော့ချေ။”
1938 Rangoon Law Reports 629 နှင့် 1986 BLR 80 စီရင်ထုံးနှစ်ရပ်အားပူးတွဲဖတ်ရှုမှတ်သားလေ့လာရန်လိုသည်။
Comments
Post a Comment