1957 BLR ( H C ) 16

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


1957 BLR ( H C ) 16


Maung Tha Saing  v. Ma Ain Tha .


Before U San Maung , J .


စီရင်ထုံးတွင်၊ဇာရီမှုကိုဆိုင်းငံ့သောအမိန့်အားတရားမကျင့်ထုံးဥပဒေပုဒ်မ၂(၂)/၄၇အရဒီကရီအဖြစ်မည်သည့်အခါအယူခံဝင်ခွင့်ရှိမည်ဖြစ်ကြောင်းပုံသေကားကျသတ်မှတ်မရနိုင်ဟုပြဆိုသောတမူထူးခြားသည့်စီရင်ထုံးဖြစ်သည်။


စီရင်ထုံးစာမျက်နှာ၁၆ခေါင်းစီးတွင်” Appellate Civil “ဟုဖော်ပြထားသည်။


စီရင်ထုံးစာမျက်နှာ၁၆အောက်ခြေမှတ်စုတွင်-


“Civil 2nd Appeal No.112 of 1953, against the order of the Additional District Court of Sandoway in Civil Appeal No.5 of 1953, dated 29th August 1953, arising out of the order, dated the 7th July 1953, passed in Civil Execution Case No.1 of 1953 by the Township Judge, Sandoway.”


ဟုဖော်ပြထားချက်ကိုထောက်ချင့်ပါက၊စစ်တွေမြို့နယ်တရားသူကြီး၏ဇာရီမှုတွင်ချမှတ်သောအမိန့်အပေါ်မကျေနပ်သဖြင့်၊စစ်တွေခရိုင်တရားသူကြီးထံသို့အယူခံတဆင့်တက်ရောက်ခဲ့ပြီး၊၎င်းချမှတ်သောအမိန့်ကိုမကျေနပ်သဖြင့်၊တရားလွှတ်တော်သို့တရားမဒုတိယအယူခံမှုအဖြစ်အဆင့်ဆင့်အယူခံဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်းတွေ့မြင်နိုင်သည်။


အမှုတွင်၊စီရင်ထုံးစာမျက်နှာ၂၀တွင်အောက်ပါအတိုင်းသုံးသပ်၍ဆုံးဖြတ်ထုံးပြုထားသည်-


"In my opinion no hard and fast rule can be laid down as to when an order staying an execution will be appealable as a decree under section 2 ( 2) read with section 47 of the Civil Procedure Code . Each case must be decided on the facts and circumstances arising therein.


Held : No hard and fast rule can be laid down as to when an order staying an execution will be appealable as a decree under s. 2 ( 2 ) read with s. 47 of the Civil Procedure Code."


မောင်သာဆိုင်ကမအိမ်သာအပေါ်အချင်းဖြစ်မြေမှဖယ်ရှားပေးရန်ရရှိထားသည့်ဒီကရီကိုအတည်ပြုရာခရိုင်ဝန်ကထိုမြေကိုအစိုးရကသိမ်းယူရန်စီစဉ်လျက်ရှိသဖြင့်ဇာရီမှုကိုဆိုင်းငံ့ထားရန်မေတ္တာရပ်ခံသောကြောင့်မြို့နယ်တရားရုံးကဇာရီမှုကိုပလပ်လိုက်ကြောင်းစီရင်ထုံးစာမျက်နှာ၁၇တွင်အောက်ပါအတိုင်းဖော်ပြထားသည်-


“The plaintiff Maung Tha Saing then sought to execute the decree against Ma Ain Tha and his application for execution was dealt with in Civil Execution Case No.1 of 1953. While the execution case, namely, Civil Execution Case No. 1 of 1953, was proceeding the Deputy Commissioner, Sandoway, by his letter dated the 6th of July 1953 requested the Township Judge to stay proceedings on the ground that he was taking necessary steps to re-acquire the land for the Government. The Township Judge by his order dated the 7th of July 1953 held in these circumstances that ececution should not proceed against the defendant Ma Ain Tha. He accordingly closed the execution proceedings with no order as to costs.”


အထက်ပါမြို့နယ်တရားသူကြီး၏ဆုံးဖြတ်ချက်အရဆိုလျှင်၊ဇာရီမှုကိုဆိုင်းငံ့ရုံတင်မကဘဲ၊ပလပ်လိုက်ကြောင်းပါအမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။


မောင်သာဆိုင်ကပထမအယူခံရုံးတွင်အယူခံဝင်ရာအယူခံရုံးကအခြားအချက်များအပြင်မူလရုံး​၏အမိန့်ကိုအယူခံဝင်ခွင့်မရှိဟုအကြောင်းပြကာအယူခံကိုပလပ်လိုက်ကြောင်းစီရင်ထုံးစာမျက်နှာ၁၇နှင့်၁၈တို့တွင်အောက်ပါအတိုင်းဖော်ပြထားသည်-


“The plaintiff U Tha Saing appealed to the Additional District Court of Sandoway and the Additional District Judge by his order dated the 29th of August 1953 in Civil Appeal No.5 of 1953 dismissed the appeal upon two grounds-( 1 )that the Township Judge had in the circumstances acted very properly in exercise of his inherent power by staying the execution and ( 2 )that the order of the Township Judge was not appealable order.”


မောင်သာဆိုင်ကထပ်မံအယူခံဝင်သောအခါတရားလွှတ်တော်က"ဇာရီမှုကိုဆိုင်းငံ့သည့်အမိန့်အားမည်သည့်အခါဒီကရီအဖြစ်အယူခံဝင်နိုင်ကြောင်းတရားသေသတ်မှတ်၍မရကြောင်း၊တမှုစီတွင်ပေါ်ပေါက်သောအကြောင်းခြင်းရာများနှင့်အခြေအနေများအရဆုံးဖြတ်ရမည်ဖြစ်ကြောင်း၊မြို့နယ်တရားရုံးသည်ဇာရီမှုကိုအချိန်အကန့်အသတ်မရှိဆိုင်းငံ့ခဲ့သည်သာမကအမှုကိုလည်းပိတ်ခဲ့သေးကြောင်း၊ဤအခြေအနေတွင်မူလရုံး​၏အမိန့်သည်တရားနိုင်အနေဖြင့်မိမိ​၏ဒီကရီအားအတည်ပြုခြင်းကိုငြင်းပယ်ရာရောက်စေသည်ဟုမှတ်ယူရမည်ဖြစ်၍ပုဒ်မ၄၇တွင်အကျုံးဝင်သောပြဿနာကိုအဆုံးအဖြတ်ပြုခြင်းဖြစ်ကြောင်း၊သို့ဖြစ်၍မြို့နယ်တရားရုံး​၏အမိန့်ကိုအယူခံဝင်ခွင့်ရှိကြောင်း"ဆုံးဖြတ်သည်။


စီရင်ထုံးစာမျက်နှာ၁၈ဒုတိယအပိုဒ်တွင်တရားဝန်ကြီးဦးစံမောင်က၊ 9 Ran 354 စီရင်ထုံးနှင့်ပတ်သက်၍အောက်ပါအတိုင်းဝေဖန်သည်-


“In this second appeal before this Court it is contended that the observation in U San Wa and others v. U Chit San and another ( 9 Ran. p. 354. ) goes too far and that the same should be reconsidered.”


9 Ran. p. 354. goes too far ကို၊”ယင်းစီရင်ထုံးရှေ့သို့ကျွံသွားသည်”ဟုဘာသာပြန်ထားသည်။


ရှေ့ရောက်လွန်းသည်၊လိုသည်ထက်ပို၍ထုံးဖွဲ့ရာရောက်သည်ဟုသဘောသက်ရောက်ပါသည်။


စီရင်ထုံးစာမျက်နှာ၂၀တတိယအပိုဒ်တွင်၊တရားဝန်ကြီးဦးစံမောင်ကအောက်ပါအတိုင်းသုံးသပ်သည်-


“In the case now under consideration it would appear that the learned Township Judge considered that so long as the executive authorities are taking steps to acquire a piece of land on behalf of the Government execution proceedings relating to the decree for possession of that land should be stayed. He had accordingly not only stayed the execution sine die but also closed the proceedings. His order in the circumstances must be regarded as a denial of the right on the part of the decree-holder to execute his decree for possession and is therefore a determination of the question under section 47 within the meaning of section 2(2) of the Civil Procedure Code.”


လက်တင်ဝေါဟာရဖြစ်သော( sine die )၏အဓိပ္ပာယ်ကို၊ Black’s Law Dictionary စာမျက်နှာ၇၂၂တွင်အောက်ပါအတိုင်းဖော်ပြထားသည်-


sine die[ Latin “without day” ] With no day being assigned (as for resumption of a meeting or hearing )


မောင်သာဆိုင်အမှုတွင်၊ဇာရီမှုကိုဆိုင်းငံ့သောအမိန့်အားတရားမကျင့်ထုံးဥပဒေပုဒ်မ၂(၂)/၄၇အရဒီကရီအဖြစ်မည်သည့်အခါအယူခံဝင်ခွင့်ရှိမည်ဖြစ်ကြောင်းပုံသေကားကျသတ်မှတ်မရနိုင်ဟုပြဆိုသည်။


ဆိုလိုသည်မှာ၊ဇာရီမှုကိုဆိုင်းငံ့သောအမိန့်၊ဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်၊တရားနိုင်၊တရားရှုံးတို့​၏အခွင့်အရေးကိုအပြီးအပြတ်ဆုံးဖြတ်ခြင်းမဟုတ်၍ဒီကရီမဖြစ်နိုင်ဟု၊ယေဘုယျအားဖြင့်ဆိုနိုင်သော်လည်းဇာရီမှုကိုအချိန်အကန့်အသတ်မရှိဆိုင်းငံ့လိုက်သောအမိန့်သည်တရားနိုင်​၏အခွင့်အရေးကိုအပြီးအပြတ်ပိတ်ပင်ဆုံးဖြတ်ရာရောက်သဖြင့်အယူခံဝင်ခွင့်ရှိသည်။


ထို့ကြောင့်ဇာရီမှုကိုဆိုင်းငံ့သောအမိန့်သည်၊မည်သည့်အခါအယူခံဝင်နိုင်သည်၊မည်သည့်အခါအယူခံမဝင်နိုင်ဆိုခြင်းသည်၊အပြတ်ပြော၍မရသောကိစ္စဖြစ်သည်။


အမှုတမှုစီ​၏ဖြစ်ရပ်ကိုကြည့်၍အမှုသည်များ​၏အခွင့်အရေးကိုအပြီးအပြတ်အဆုံးအဖြတ်ပေးရာရောက်လျှင်ဒီကရီအဖြစ်အယူခံဝင်နိုင်ပြီး၊ထိုကဲ့သို့မဟုတ်လျှင်အယူခံမဝင်နိုင်ဟုကောက်ချက်ချရမည်ဖြစ်သည်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]