2 LBR 111 & 8 LBR 78

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


2 LBR 111 


Soobramony Pillay Chetty v. Maung Po Lu.


Before Mr. Justice Birks.


စီရင်ထုံးတွင်၊မသမာစိတ်ဖြင့်တရားစွဲဆိုသည့်အတွက်လျော်ကြေးရလိုကြောင်းစွဲဆိုသည့်အမှုနှင့်စပ်လျဉ်း၍အောက်ပါအတိုင်းထုံးဖွဲ့သည်-


“A conviction by a criminal Court even though afterwards reversed on appeal is evidence that the complainant had reasonable and probable cause for prosecuting the accused; and when there has been such a conviction a suit for damages for malicious prosecution will not lie, save in every exceptional circumstances.”


ဤစီရင်ထုံးသည်အပေါ်ယံကြည့်လျှင်မှန်သည်ဟုယူဆဖွယ်ရာအကြောင်းရှိပါသည်။


စာရေးသူသည်အလားတူအမှုတွင်ပြစ်မှုဆိုင်ရာအမှု၌တရားလိုအပေါ်တရားပြိုင်၏တိုင်တန်းချက်အရအမှုစစ်ဆေးပြီး၊တရားခံအပေါ်စွဲချက်တင်ခဲ့ပြီးမှ၊တရားလိုအားအမှုမှတရားသေလွှတ်လိုက်သည်ကိုအကြောင်းပြုပြီးတရားပြိုင်သည်တရားလိုအားပြစ်မှုကြောင်းအရတရားစွဲဆိုရာ၌ပြစ်မှုထင်ရှားစီရင်ရန်လျော်ကန်ဖြစ်နိုင်သောအကြောင်းရှိကြောင်းပေါ်ပေါက်သည်ဟုသုံးသပ်ကာလျော်ကြေးရလိုမှုကိုပလပ်ခဲ့ဖူးပါသည်။


8 LBR 78 


1. Padashin, 2. Ma U

              V.

1. Maung Lun, 2. Maung Po Kin.


Before Sir Charles Fox, Chief Judge, and Sir Henry Harlnoll. P. J.


စီရင်ထုံးတွင်မူ၊စာမျက်နှာ၇၉နှင့်၈၀၌အောက်ပါအတိုင်းသုံးသပ်သည်-


“Without going as far as adopting the ruling in that case, which I think goes too far, and adopting the rule as stated by Mr. Pollock in section 42 of his draft of a Civil Wrongs Bill, vis.,”that an action will lie if the plaintiff was ultimately acquitted on appeal by reason of the original conviction having proceeded on evidence known by the complainant to be false or on the wilful supppression by him of material information,” the plaintiffs have in my judgment failed to establish that the 1st defendant’s prosecution of them was without reasonable and probable cause, and that it was malicious.”


I think the ruling ( contained in 2 LBR 111 ) goes too far ကို


”ယင်းစီရင်ထုံးရှေ့သို့ကျွံသွားသည်”ဟုဘာသာပြန်ထားသည်။


ရှေ့ရောက်လွန်းသည်၊လိုသည်ထက်ပို၍ထုံးဖွဲ့ရာရောက်သည်ဟုသဘောသက်ရောက်ပါသည်။


8 LBR 78 သည် 2 LBR 111 ကိုပယ်ဖျက်ခြင်းမဟုတ်၊ကွဲလွဲခြင်းလည်းမဟုတ်၊သုံးသပ်ချက်ကိုပြင်ဆင်သတ်မှတ်( modify )ပေးခြင်းဖြစ်သည်။


8 LBR 78 စီရင်ထုံးစာမျက်နှာ၇၉တွင်အောက်ပါအတိုင်းသုံးသပ်သည်-


“Soobramony Pillay Chetty v. Maung Po Lu, 2 L. B. R., 111, modified.”


8 LBR 78 စီရင်ထုံး၏ဆုံးဖြတ်ချက်မြန်မာဘာသာပြန်မှာအောက်ပါအတိုင်းဖြစ်သည်-


တရားဝန်ကြီးချုပ်ဆာ။ချာ။ဖောက်သခင်နှင့်တရားဝန်ကြီးဆာ။ဟင်နရီဟတ်ထနိုးသခင်တို့ရှေ့တော်။


၁၉၀၅ခုနှစ်။တရားမပဌမအယူခံမှုနံပါတ်၃၇။


၁၉၀၇ခုနှစ်။ဧပြီလ၂၃ရက်နေ့။


အယူခံတရားလို-ပါဒါရှင် နှင့် တယောက်။


အယူခံတရားခံ-မောင်လွန်း နှင့် တယောက်။


မနာလို၍ရာဇဝတ်ကြောင်းစွဲဆိုခြင်း-လျော်ကြေး။


မနာလို၍ရာဇဝတ်ကြောင်းစွဲဆိုသည့်အတွက်လျော်ကြေးရလိုမှုတွင်မည်သည့်အချက်ကိုသက်သေထင်ရှားပြရကြောင်း။


မနာလို၍ရာဇဝတ်ကြောင်းစွဲဆိုသည့်အတွက်လျော်ကြေးရလိုမှုတွင်အထမြောက်အောင်မြင်စေရန်တရားလိုက(၁)မိမိ၌အပြစ်မရှိကြောင်း။(၂)မိမိ၌အပြစ်ကင်းကြောင်းကိုအာဏာပိုင်ရုံးတော်ကမိန့်ဆိုပြီးဖြစ်ကြောင်း။(၃)ရာဇဝတ်ကြောင်းစွဲဆိုရန်သင့်လျော်၍ဖြစ်နိုင်ရန်လက္ခဏာပေါ်သောအကြောင်းအချက်မရှိကြောင်း။(၄)ရာဇဝတ်ကြောင်းစွဲဆိုသည်မှာလည်း။မနာလို၍စွဲဆိုကြောင်းများကိုသက်သေထင်ရှားပြရမည်။


အယူခံမှုစီရင်ထုံး ၁၁။စာမျက်နှာ၂၄၇ပါ။အေဘရတ်နှင့်အရှေ့မြောက်ပိုင်းဆိုင်ရာမီးရထားလမ်းကုမ္ပဏီတို့အမှုကိုလိုက်နာသည်။


အောက်မြန်မာပြည်စီရင်ထုံး ၂။စာမျက်နှာ၂၄၀ပါ။ဆူဗရန်မိုနီပီလေချစ်တီးနှင့်မောင်ဗိုလ်လူတို့အမှုကိုပြင်ဆင်ပြောင်းလဲသည်။


အထက်ပါစီရင်ထုံးမြန်မာဘာသာပြန်စာမျက်နှာ၅၃ပါသုံးသပ်ချက်မှာအောက်ပါအတိုင်းဖြစ်သည်-


“အောက်မြန်မာပြည်စီရင်ထုံး ၂။စာမျက်နှာ၂၄၀ပါ။ဆူဗရန်မိုနီပီလေချစ်တီးနှင့်မောင်ဗိုလ်လူတို့အမှုစီရင်ထုံးကိုလိုက်နာလျှင်။၎င်းအပြစ်ပေးချက်သည်။တရားလိုတို့၏အမှုကိုအကျိုးယုတ်စေရာရောက်ချေမည်။လွန်လွန်းသည်ကျွန်ုပ်ထင်သောထိုအမှုကစီရင်ထုံးကိုမလိုက်နာလွန်းဘဲ။”

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]