4 LBR 83
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
4 LBR 83
Maung Pe v. Ma Baw.
Before Mr. Justice Irwin , C. S. I.
အမှုတွင်၊ရွေးနုတ်လိုမှုတွင်ပေါင်နှံသူကချေးငွေကိုပေးဆပ်ပြီးနောက်အပေါင်ပစ္စည်းကိုပြန်လည်လက်ရောက်ပေးအပ်ရန်လျှောက်ထားမှုသည်၊ကာလစည်းကမ်းသတ်ဥပဒေနှင့်မသက်ဆိုင်ဟုဆုံးဖြတ်သည်။
အမှု၌၊မဘော်သည်၂၅-၇-၁၉၀၁နေ့၌ရွေးနုတ်ဒီကရီရသည်။
ဒီကရီတွင်ရွေးနုတ်သည့်ငွေကိုမည်သည့်ကာလအတွင်းပေးဆပ်ရန်ဖော်ပြခြင်းမပြု။
(မှတ်ချက်။ ။ယခုတရားမပုံစံ၁၅၇တွင်ရွေးနုတ်ရန်နောက်ဆုံးရက်ကိုဖော်ပြထားသည်။)
၁၂-၈-၁၉၀၁နေ့တွင်မဘော်ကအပေါင်ပစ္စည်းလက်ရောက်ပေးအပ်ရန်လျှောက်လွှာတင်သွင်းပြီး၊လျှောက်လွှာတင်သည့်နေ့မှာပင်တရားရုံး၌ရွေးနုတ်ရန်ငွေကိုပေးသွင်းသည်။
တရားရုံးကအပ်ဝရမ်းထုတ်သော်လည်းအခြားဇာရီမှုတွင်ထိုပစ္စည်းကိုရောင်းချရန်ဆောင်ရွက်လျက်ရှိသဖြင့်လက်ရောက်မရချေ။
ဝရမ်းခွါလိုမှုတွင်မဘော်အနိုင်ရပြီးနောက်အချင်းဖြစ်ပစ္စည်းကိုလက်ရောက်ပေးအပ်ရန်၂၈-၄-၁၉၀၅နေ့၌လျှောက်လွှာတင်ရာမှလက်ရောက်ရသွားသည်။
အပေါင်ခံသူကတင်သွင်းသောအယူခံတွင်တရားရုံးချုပ်ကရွေးနုတ်လိုမှုဒီကရီအရလက်ရောက်ပေးအပ်ရန်တင်သွင်းသောလျှောက်လွှာတင်နိုင်ရန်တရားမကျင့်ထုံးဥပဒေတွင်ပြဌာန်းချက်မရှိကြောင်းညွှန်ပြသည်။
မဘော်တင်သွင်းသောလျှောက်လွှာသည်ကာလစည်းကမ်းသတ်နှင့်မသက်ဆိုင်။
ဒီကရီကိုနည်းလမ်းတကျရေးဆွဲခဲ့လျှင်ဒီကရီတွင်သတ်မှတ်ထားသောအချိန်ကုန်ဆုံးသောအခါရွေးနုတ်ခွင့်ကိုပိတ်ပင်ပြီးဖြစ်နေပေလိမ့်မည်။
ဒီကရီမှာရွေးနုတ်ရန်ခြောက်လသာအချိန်ပေးခဲ့လျှင်(မှတ်ချက်။ ။အမိန့်၃၄၊နည်း၄( ၃ )တွင်ရွေးနုတ်ရန်သတ်မှတ်သည့်နေ့သည်ပဏာမဒီကရီချမှတ်သည့်နေ့မှခြောက်လမကျောိစေရဟုပြဌာန်းထားသည်။)ကာလစည်းကမ်းသတ်အက်ဥပဒေပထမဇယားအမှတ်စဉ်၁၇၉(မှတ်ချက်။ ။ယခုအမှတ်စဉ်၁၈၂)အရသုံးနှစ်ကုန်လွန်မှ၎င်းအားပိတ်ပင်မည်ဆိုလျှင်၊အခြေအမြစ်ရှိမည်မဟုတ်ဟုစီရင်ထုံးစာမျက်နှာ၈၆၌အကြောင်းပြပြီးမဘော်ကိုအနိုင်ပေးသည်။
ကာလစည်းကမ်းသတ်အက်ဥပဒေသည်အပေါင်မှုနှင့်မသက်ဆိုင်ဟုအတိအလင်းဆုံးဖြတ်ခြင်းမဟုတ်။
ပဏာမဒီကရီတွင်မည်သည့်ကာလအတွင်းရွေးနုတ်ငွေပေးသွင်းရန်အချိန်ကာလမသတ်မှတ်သည်ကိုအကြောင်းပြပြီး၊ရွေးနုတ်ပေးသွင်း၍၊ကာလစည်းကမ်းသတ်မရှိကြောင်းသာလျှင်ဆိုင်ရာအမှုဖြစ်ရပ်အရဆုံးဖြတ်ခြင်းဖြစ်သည်။
တရားသူကြီး Irwin ကစီရင်ထုံးစာမျက်နှာ၈၆တွင်အောက်ပါအတိုင်းသုံးသပ်ဆုံးဖြတ်သည်-
“If the decree gave her only six months to pay, it would be idle to say that Article 179 would bar her after three years. And this consideration applies with even greater force in places where the Transfer of Property Act is not in force. In such a place the Court has a wider decision as to time for payment. If the Court allowed five years the order would be unusual, no doubt, and would probably be improper, but I do not think it would be called illegal, and so long as it was not modified on appeal the plaintiff would have five years in which to find the money, in spite of anything in the Limitation Act.
I therefore find that neither Ma Baw’s first application of the 2nd August 1901 nor her second application of the 28th April 1905 was an application for execution of a decree, and I find that those applications are not governed by the Limitation Act. Those applications need not have been in the form prescribed in section 235, which is altogether unsuitable for them, and they ought to have been filed on the record of the suit, not in execution proceedings.
The appeal is dismissed with cost. Advocate’s fee three gold mohurs.”
Comments
Post a Comment